ဖိလစ်ပိုင်နိုင်ငံမှ အသက် ၇နှစ်အရွယ် ကောင်လေးတစ်ဦးသည် ရောဂါသည် ညီလေးဖြစ်သူနှင့်အတူ လမ်းပေါ်ထွက်၍ တောင်းရမ်းခဲ့ကြသည်။
သူတို့ညီအစ်ကိုနှစ်ဦးတွင် မိဘနှစ်ပါးစလုံးရှိသော်လည်း ဖခင်ဖြစ်သူက မတော်တဆမှုတစ်ခုကြောင့် အလုပ်မလုပ်နိုင်ပဲ အိပ်ရာထဲလှဲနေရပြီး မိခင်ကလည်း စားဝတ်နေရေးအတွက် စျေးရောင်းစားနေရသည်။
ထို့ကြောင့် ညီလေးဖြစ်သူမှာ ကျောက်ကပ်ရောဂါရှိသော်လည်း ဆေးမကုသပေးနိုင်သည့်အတွက် နှစ်ယောက်သား အေးအေးချမ်းချမ်းနှင့် ပလက်စတစ်အိတ်လေးတွေကို ဝတ်ဆင်ကာ လမ်းပေါ်ထွက်ပြီး တောင်းရမ်းခဲ့ကြသည်။
ထိုအဖြစ်ကို မြင်တွေ့သောသူများမှာ ကလေးတွေမိုးချုပ်နေပြီဖြစ်၍ အကြောင်းစုံမေးမြန်းပြီး အိမ်ပြန်ခိုင်းခဲ့ရာ ကောင်လေးမှ သူ့ညီလေးအတွက် ဆေးဖိုးဝါးခ ရမှသာအိမ်ပြန်နိုင်မည်ဟု ဆိုခဲ့သည်။
Hlaing (Love Feeling)
Zawgyi
ကျောက်ကပ်ရောဂါဖြစ်နေသော ညီလေးအတွက် ဆေးကုသမှုစရိတ်မရှိတာကြောင့် လမ်းပေါ်ထွက်၍ တောင်းရမ်းခဲ့သော ကောင်လေး
သူတို့ညီအစ်ကိုနှစ်ဦးတွင် မိဘနှစ်ပါးစလုံးရှိသော်လည်း ဖခင်ဖြစ်သူက မတော်တဆမှုတစ်ခုကြောင့် အလုပ်မလုပ်နိုင်ပဲ အိပ်ရာထဲလှဲနေရပြီး မိခင်ကလည်း စားဝတ်နေရေးအတွက် ဈေးရောင်းစားနေရသည်။
Hlaing (Love Feeling)