မင်္ဂလာပါ။ပြသာနာမျိုးစုံတို့ရဲ့ ဖြေရှင်းနည်းတွေက အဆင်သင့်ပြုလုပ်ထားကြတာမဟုတ်ပေမယ့် လူအများကြုံတွေ့ပြီးနောက်မှာတော့ အကောင်းဆုံးဖြေရှင်းနည်းရယ်လို့ ရှာတွေ့လာကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့် တချို့သော လူတွေကတော့ ပြသာနာတို့ကို အရင်လူတွေ ဖြေရှင်းတဲ့နည်းလမ်းတွေနဲ့ မဖြေရှင်းဘဲ ကိုယ်ပိုင်နည်းလမ်းတွေနဲ့ ဖြေရှင်းတတ်ကြပြန်ပါသေးတယ်။ ပြသာနာကိုဘယ်သူမှ မထင်မှတ်ထားတဲ့ နည်းလမ်းနဲ့ဖြေရှင်းထားတဲ့ ရယ်ရခက်ငိုရခက်ဓာတ်ပုံများကိုဖော်ပြပေးလိုက်တယ်နော်။
(၁)
အထိန်းအချုပ် ခလုတ်လေး ပြုတ်သွားပြီးနောက် ကိုယ်တိုင်ပဲ အထိန်းအချုပ်ခလုတ်အသစ်ကို ပြန်တပ်လိုက်သူ
(၂)
ပန်းကန်မဆေးချင်တဲ့ပြသာနာကို ဖြေရှင်းပြီးသား ဖြစ်သွားရော
(၃)
အဝတ်လျှော်စက်တံခါးက ပြန်ပြန်ပြုတ်ကျလာပြီး လူကလည်း အနားမှာ တွန်းမထားနိုင်တော့ ဒီလိုလုပ်ထားလိုက်တယ် အေးရော
(၄)
နှင်းတွေခဲပြီး သွားလာရခက်ခဲနေလို့ စိတ်မညစ်ပါနဲ့…မီတာခသက်သာပြီး ဘီယာပုလင်းအေးအေးလေးတွေ ရတယ်မှတ်လိုက်ပေါ့နော်။
(၅)
သဘာဝကပေးတဲ့ ရေခဲသေတ္တာကြီး
(၆)
ဈေးကြီးပေးပြီး Google Glass မဝယ်တော့ဘူး။ ခုလိုလုပ်လိုက်ရကောင်းမလား
(၇)
ခြံစည်းရိုးတွေ ကျော်ခွတိုင်း ဆိတ်ဂျိုက အမြဲ ညှပ်ကျန်နေခဲ့တတ်လို့ အတိုင်းအတာလေးတစ်ခါတည်း လုပ်ပေးထားလိုက်တယ်။
(၈)
ခန္ဓာကိုယ်ကသေးတော့ ခြံစည်းရိုးကနေ အပြင်ခိုးခိုးထွက်တဲ့အာဝု မှတ်ပြီလား
(၉)
ဘေဘီအာဝုလေးတို့အတွက် အဆန်းသစ်ဆုံးအိုင်ဒီယာ
(၁၀)
မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်အတွက် အခန်းလေ
(၁၁)
တိတ်တွေ အလွယ်တကူဝယ်လို့ရနေမှတော့ ဘာကြောင့် အုတ်ခဲဖိုးတွေ အကုန်ခံတော့မလဲနော်။
(၁၂)
ဖုန်းကိုင်ရင်းလှဲရတာ လက်တွေညောင်းလာပြီဆိုတော့ အကြံလေးတွေ ထုတ်သုံးရတော့တာပေါ့
(၁၃)
ကားချိုင့်ခွက်ကို ပြန်ပြင်ခက ဈေးအရမ်းကြီးတယ်။ ဒီတော့ ဘယ်ပြင်တော့မလဲ..အဆန်းလေးပဲလုပ်ပစ်လိုက်တာပေါ့
(၁၄)
လမ်းမပေါ်ကိုရောက်လုနီးပါးဖြစ်နေတဲ့ သစ်ပင်ကြီးကို မခုတ်ပြစ်လိုက်ဘဲ လမ်းမပေါ်မှာဖြတ်သွားတဲ့ ကားတွေ အန္တရာယ်မဖြစ်အောင် အရောင်ပြန်လေးတွေ ကပ်ထားလိုက်ပါတယ်။
(၁၅)
အဓိက ကဖုန်သုတ်ဖို့ပဲမလား။ ဒါဆို တံမြက်စည်းပဲ လိုတာပေါ့
(၁၆)
ကိုယ်တိုင်လုပ်အခင်းလေးနဲ့ သာယာလိုက်တာ
(၁၇)
ဘက်မှန်ကျိုးသွားရင် အဆင်သင့်ရှိတဲ့ မှန်ဆိုလို့ ဒါပဲရှိလို့ပါ။
(၁၈)
ထိုင်ခုံခြေထောက်ကျိုးတာလောက်ကတော့ အေးဆေးပြင်လို့ရတယ်မလား
(၁၉)
ကော်ဖီလည်း ဖျော်လို့ရတယ်။ ကြက်ဥချောင်းလည်း ဖျော်လို့ရတယ် ဟုတ်နေတာပဲ
(၂၀)
ဆံပင်မှာ ပီကေကပ်နေပေမယ့် အပြင်သွားရမယ်ဆိုတော့ ဘယ်လိုဖြေရှင်းလိုက်လဲ မေး…
(၂၁)
နာရီပြုတ်ကျပြီး ကျိုးပဲ့သွားပေမယ့် စက်ကအကောင်းအတိုင်းရှိသေးတာပဲဟာကိုနော်..
(၂၂)
အကင်ဗန်းဆိုတာ မလိုဘူး…ကိုယ်တွေက ကြံဖန်တတ်တယ်။
(၂၃)
တရုတ်စာ မရေးတတ်လည်း ကိစ္စမရှိဘူး။ ခေါက်ဆွဲခြောက်တစ်ထုပ်လုံးရှိတယ်။
(၂၄)
တိတ်နဲ့ ဖုန်းကိုချည်ပြီး ဓာတ်ပုံရိုက်လို့ရနေမှတော့ ဆယ်လ်ဖီစတစ်ဆိုတာ ဘယ်လိုတော့မလဲ။
(၂၅)
အနာကပ်ပလာစတာပဲ လိုအပ်တယ်။
ဟာသညဏ်ရွှင်ရွှင်နဲ့ စဉ်းစားတတ်ကြသူတို့ရဲ့ ဖြေရှင်းနည်းကတော့ တကယ်သြချစရာပဲနော်။ ပရိသတ်တို့လည်း ခုလိုမျိုး ကြံကြံဖန်ဖန်အတွေးလေးတွေတွေးဖူးကြလား။ ကိုယ်တိုင်ဖြေရှင်းထားတဲ့ နည်းလမ်းအသစ်လေးတွေရှိရင်လည်း ပြောပြပေးခဲ့ကြပါအုံးနော်။
Ref:Brightside
Credit-celeguru