မိဘနှင့်သားသမီးတို့အကြားရှိဆက်ဆံရေးဟာ အရမ်းကို တန်ဖိုးရှိလှပါတယ်။ ပိုထူးခြားစေတဲ့အရာက အဖေနှင့်သမီးတို့ကြားက သံယောဇဉ်နှောင်ကြိုးဘဲဖြစ်ပါတယ်။ သမီးတွေကို ယေဘုယျအားဖြင့် ၎င်းတို့ရဲ့မိခင်များနှင့် နှိုင်းယှဉ်တာက ပိုများပေမဲ့လည်း နှောင်ကြိုးခွဲလို့မရတဲ့အဖေများကလည်း သမီးတို့ရဲ့ပထမဆုံးသူရဲကောင်းတစ်ဦးဘဲဖြစ်ကြပါတယ်။ ဂျပန်နိုင်ငံရှိ Yuma Kumata အမည်ရှိအမျိုးသားဟာ သမီးဖြစ်သူနှင့် တူညီတဲ့ဆံပင်ပုံစံရအောင် သူ့ဆံပင်ကို နှစ်နှစ်ကြာ အရှည်ထားခဲ့ပါတယ်။
ချစ်တတ်လွန်းတဲ့ဖခင်တစ်ဦးရဲ့သမီးအပေါ်ထားရှိတဲ့အပြုအမူက ဘယ်လောက်ချစ်စရာကောင်းလိုက်လဲဗျ။ အဆိုပါဂျပန်လူမျိုးဖခင်ဖြစ်သူဟာ ဓာတ်ပုံပညာရှင်နှင့်ဗီဒီယိုရိုက်ကူးသူတစ်ဦး ဖြစ်ပါတယ်။
သုံးနှစ်ကနေ ငါးနှစ်အရွယ်ရှိတဲ့မိန်းကလေးများနှင့် ခုနစ်နှစ်အရွယ်ယောက်ျားလေးများအတွက် Shichi-Go-San ပွဲတော်ကို ကျင်းပပေးခြင်းက ဂျပန်တို့ရဲ့ရိုးရာတစ်ခုဘဲဖြစ်ပါတယ်။
ထို့ကြောင့် သမီးလေးရဲ့အဆိုပါပထမဆုံးရိုးရာပွဲအခမ်းအနားကို အမှတ်တရဖြစ်သွားစေဖို့အတွက် ဖခင်ဖြစ်သူဟာ သူစီစဉ်ထားခဲ့တဲ့အထူးဓာတ်ပုံရိုက်ကူးမှုအတွက် လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းကပင် သူ့ဆံပင်ကို အရှည်ထားစေခဲ့ပါတယ်။
အဆိုပါပွဲနေ့မှာတော့ ဖခင်ဖြစ်သူဟာ သမီးလေးရဲ့ဆံပင်ပုံစံတူထားကာ မိသားစုအားလုံးဖြင့် ဓာတ်ပုံတူတူရိုက်ခဲ့ပါတော့တယ်။ ဖခင် Kumata က သူ့ရဲ့ Twitter acc မှာ ထိုဓာတ်ပုံများကိုဝေမျှခဲ့ပြီးနောက် netizen များစွာက ၎င်းတို့သားအဖရဲ့ချစ်စရာကောင်းပုံတို့ကိုကြည့်ရင်း ကြည်နူးခဲ့ကြပါတယ်။
ဆံပင်ကလည်း အလှဆင်ပစ္စည်းများနှင့်ပြည့်စုံနေသလို pearly white-flashing အပြုံးလေးပြုံးထားရင်း ချစ်စရာကောင်းတဲ့ဆံထုံးနှင့်အတူ ရိုးရာဝတ်စုံများကိုဝတ်ဆင်ထားတဲ့အဖေနှင့်သမီးတို့ရဲ့ဓာတ်ပုံများဟာ retweetပေါင်း ၁၄,၀၀၀ နှင့် likeပေါင်း ၇၃,၀၀၀ ကျော်အထိ ရရှိခဲ့ပါတယ်။ ထိုဓာတ်ပုံများက အဖေနှင့်သမီးဟာ အရပ်အမြင့်သာမကွဲပြားခဲ့ရင် ၎င်းတို့ဟာ အမွှာနီးပါးဆင်တူနေခဲ့ကြပါတယ်။
ထို့နောက် ဖခင် Kumata က နှစ်စဉ်ကျင်းပလေ့ရှိတဲ့အဆိုပါအထူးနေ့လေးမှာ သမီးဖြစ်သူက အလွန်ပင် ပျော်ရွှင်နေခဲ့ကြောင်းလည်း ပြန်လည်မျှဝေပြောကြားခဲ့ပါတယ်။ အဖေနှင့်သမီးတို့ရဲ့တူညီတဲ့နှောင်ကြိုးကိုမြင်ရသည်မှာ အလွန်ပင် စိတ်ကြည်နူးစရာကောင်းလှပါတယ်ဗျာ။ တစ်ကယ် အဖေနှင့်သမီးတို့အကြားဆက်ဆံရေးဟာ တစ်မူထူးခြားနေတတ်တာတော့ အမှန်ပါဘဲ။
Mia (Mckzone Daily)