ပါးစပ်အဟောင်းသားနဲ့နှစ်ခါပြန်ကြည့်ရအောင်မိုက်တဲ့ 3Dပန်းချီဖန်တီးမှုများ

ပေါ်တူဂီနိုင်ငံရှိ 3Dပညာဖန်တီးရှင်တစ်ဦးရဲ့သာမန်ထက်ထူးကဲနေတဲ့ လက်တွေ့ပန်းချီကားတွေဟာ သာမန်လူရဲ့အမြင်ကိုခမ်းနားထည်ဝါစေခဲ့ပါတယ်။လမ်းပေါ်မှာဖန်တီးရေးဆွဲထားတဲ့ Sergio Odeith ရဲ့ကြည်လင်ပြတ်သားတဲ့ 3Dဖန်တီးမှုတွေဟာ မယုံနိုင်လောက်အောင်အရောင်အသွေး၊အတိမ်အနက်နှင့် စိတ်ကူးစိတ်သန်းတို့ကြောင့် “Illusionist” ဆိုတဲ့အမည်ဖြင့် သူ့အားဝင်ငွေရှာပေးခဲ့ပါတယ်။အသက် ၄၄ နှစ်အရွယ် GRAFFITI အနုပညာရှင်တစ်ဦးဖြစ်တဲ့ Odeithဟာ လူအများပါးစပ်အဟောင်းသားဖြစ်သွားစေမဲ့သူ့ရဲ့3Dဖန်တီးမှုပုံတွေကိုInstagram မှာမျှဝေခဲ့ပြီးနောက်follower၇၈၀,၀၀၀ နီးပါးတိုးလာကာလူသိများသွားခဲ့ပါတယ်။Odeith ဟာသက်ရှိသတ္တဝါတွေမှအစမော်တော်ယာဉ်တွေထိအဆုံးကို အစစ်အလားသရုပ်ပေါ်အောင် ဖန်တီးပြောင်းလဲနိုင်ပြီး အရောင်မွဲခြောက်နေတဲ့အဆောက်အအုံကို ဟောင်းနွမ်းနေတဲ့ထရပ်ကားအဖြစ် ပုံသွင်းနိုင်သလို တန်ဖိုးနည်းတိုက်ခန်းနံရံ၊အုတ်တံတိုင်းတွေကို ပျက်စီးနေတဲ့ဘတ်စ်ကား၊တောက်ပတဲ့အနက်ရောင်ဂန္ထဝင်ကားတွေအဖြစ်သို့ပြောင်းလဲစေတဲ့သူ့ရဲ့ကျွမ်းကျင်မှုတွေကိုလည်း တွေ့ရှိရမှာပါ။

Odeithရဲ့သူပါဝင်နေတဲ့အချို့3Dဓာတ်ပုံတွေဟာ အံ့ဩဖွယ်ဖန်တီးမှုနဲ့သူ့ရဲ့ဟာသဉာဏ်ရွှင်မှုကိုပြသနေပါတယ်။ပရိသတ်တွေကို သူရဲ့အနုပညာလက်ရာလှည့်ကွက်တွေထဲမှ ဖားနံရံပေါ်မှခုန်ချလုနီးပါးဖြစ်နေတဲ့ဗီဒီယိုတစ်ခုပြသကာ သူရဲ့ပန်းချီကားဟာ “ အလွန်အမင်းပုံပျက်နေတယ်”ဟု ရှင်းပြခဲ့ပါသေးတယ်။တကယ်တော့ အဆိုပါအပြာအနက်ကွက်ကြားဖားက တကယ့်အစစ်အလားအသေမိမိုက်နေခဲ့တာပါ။Odeithဟာမှုတ်ဆေးဘူးတွေကို ၁၉၈၀ပြည့်နှစ်လောက်ကတည်းက စတင်အသုံးပြုခဲ့ပြီးနောက် ယခုမှာတော့ ကမ္ဘာတဝှမ်းရှိကော်မရှင်များနှင့်အလုပ်လုပ်ရင်း သူ့ရဲ့3Dဖားတွေထဲက ဖားတစ်ကောင်ကို ယခုနှစ်အစောပိုင်းလောက်က Heathrowလေဆိပ်မှာ ပြန်လည်ဖန်တီးရေးဆွဲခဲ့ပါသေးတယ်။

Jasmine (Mckzone Daily)

Zawgyi

ပါးစပ္အေဟာင္းသားနဲ႔ႏွစ္ခါျပန္ၾကည့္ရေအာင္မိုက္တဲ့ 3Dပန္းခ်ီဖန္တီးမႈမ်ား

ေပၚတူဂီႏိုင္ငံရွိ 3Dပညာဖန္တီးရွင္တစ္ဦးရဲ႕သာမန္ထက္ထူးကဲေနတဲ့ လက္ေတြ႕ပန္းခ်ီကားေတြဟာ သာမန္လူရဲ႕အျမင္ကိုခမ္းနားထည္ဝါေစခဲ့ပါတယ္။လမ္းေပၚမွာဖန္တီးေရးဆြဲထားတဲ့ Sergio Odeith ရဲ႕ၾကည္လင္ျပတ္သားတဲ့ 3Dဖန္တီးမႈေတြဟာ မယုံႏိုင္ေလာက္ေအာင္အေရာင္အေသြး၊အတိမ္အနက္ႏွင့္ စိတ္ကူးစိတ္သန္းတို႔ေၾကာင့္ “Illusionist” ဆိုတဲ့အမည္ျဖင့္ သူ႔အားဝင္ေငြရွာေပးခဲ့ပါတယ္။အသက္ ၄၄ ႏွစ္အ႐ြယ္ GRAFFITI အႏုပညာရွင္တစ္ဦးျဖစ္တဲ့ Odeithဟာ လူအမ်ားပါးစပ္အေဟာင္းသားျဖစ္သြားေစမဲ့သူ႔ရဲ႕3Dဖန္တီးမႈပုံေတြကိုInstagram မွာမွ်ေဝခဲ့ၿပီးေနာက္follower၇၈၀,၀၀၀ နီးပါးတိုးလာကာလူသိမ်ားသြားခဲ့ပါတယ္။Odeith ဟာသက္ရွိသတၱဝါေတြမွအစေမာ္ေတာ္ယာဥ္ေတြထိအဆုံးကို အစစ္အလားသ႐ုပ္ေပၚေအာင္ ဖန္တီးေျပာင္းလဲႏိုင္ၿပီး အေရာင္မြဲေျခာက္ေနတဲ့အေဆာက္အအုံကို ေဟာင္းႏြမ္းေနတဲ့ထရပ္ကားအျဖစ္ ပုံသြင္းႏိုင္သလို တန္ဖိုးနည္းတိုက္ခန္းနံရံ၊အုတ္တံတိုင္းေတြကို ပ်က္စီးေနတဲ့ဘတ္စ္ကား၊ေတာက္ပတဲ့အနက္ေရာင္ဂႏၴဝင္ကားေတြအျဖစ္သို႔ေျပာင္းလဲေစတဲ့သူ႔ရဲ႕ကြၽမ္းက်င္မႈေတြကိုလည္း ေတြ႕ရွိရမွာပါ။

Odeithရဲ႕သူပါဝင္ေနတဲ့အခ်ိဳ႕3Dဓာတ္ပုံေတြဟာ အံ့ဩဖြယ္ဖန္တီးမႈနဲ႔သူ႔ရဲ႕ဟာသဉာဏ္႐ႊင္မႈကိုျပသေနပါတယ္။ပရိသတ္ေတြကို သူရဲ႕အႏုပညာလက္ရာလွည့္ကြက္ေတြထဲမွ ဖားနံရံေပၚမွခုန္ခ်လုနီးပါးျဖစ္ေနတဲ့ဗီဒီယိုတစ္ခုျပသကာ သူရဲ႕ပန္းခ်ီကားဟာ “ အလြန္အမင္းပုံပ်က္ေနတယ္”ဟု ရွင္းျပခဲ့ပါေသးတယ္။တကယ္ေတာ့ အဆိုပါအျပာအနက္ကြက္ၾကားဖားက တကယ့္အစစ္အလားအေသမိမိုက္ေနခဲ့တာပါ။Odeithဟာမႈတ္ေဆးဘူးေတြကို ၁၉၈၀ျပည့္ႏွစ္ေလာက္ကတည္းက စတင္အသုံးျပဳခဲ့ၿပီးေနာက္ ယခုမွာေတာ့ ကမာၻတဝွမ္းရွိေကာ္မရွင္မ်ားႏွင့္အလုပ္လုပ္ရင္း သူ႔ရဲ႕3Dဖားေတြထဲက ဖားတစ္ေကာင္ကို ယခုႏွစ္အေစာပိုင္းေလာက္က Heathrowေလဆိပ္မွာ ျပန္လည္ဖန္တီးေရးဆြဲခဲ့ပါေသးတယ္။

Jasmine (Mckzone Daily)

  • Leave a Comment

Categories