1940 – 1941 စစ်ဖြစ်ပွါးနေတဲ့ ကာလအတွင်း လန်ဒန်မြေအောက်နေရာတွင် ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံတစ်ချို့
Lottie ဆိုသူဟာ ဓာတ်ပုံဟောင်းတွေကို ကြည့်ရတာကြိုက်နှစ်သက်သူ တစ်ယောက်ဖြစ်ပါတယ်။ မကြာသေးခင်က သူဟာအဖြူအမည်းဓာတ်ပုံတွေကို ကာလာဓာတ်ပုံတွေအဖြစ်ကို ပြောင်းလဲခဲ့ပြီး အဲဒီ့တုန်းက ရိုက်ကူးခဲ့တဲ့မြင်ကွင်းတွေကို ပြန်လည်အသက်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။
အဖြူအမည်းဓာတ်ပုံတွေဟာ ကိုယ်ပိုင်စတိုလ်ရှိတယ်လို့ ထင်ပေမယ့် သူတို့ကိုကာလာဓာတ်ပုံတွေအဖြစ် ပြောင်းလဲလိုက်တာက ဒီကနေ့ခေတ်နဲ့ ပိုဆက်စပ်မှုရှိပြီး လက်တွေ့ကမ္ဘာနဲ့ ပိုကိုက်ညီမှုရှိတာကြောင့်လို့ Lottie က ဆိုပါတယ်။
Lottie ဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဓာတ်ပုံတွေကို ကာလာဓာတ်ပုံအဖြစ် ပြောင်းလဲဖို့ရွေးချယ်ခဲ့တာ ဖြစ်ပြီး မူရင်းပုံတွေဟာ အရင်းကိုစိတ်ဝင်စားစရာကောင်းတယ်လို့ ဆိုထားပါတယ်။ စစ်ပွဲတွေအိမ်နားတစ်ဝိုက်မှာ ဖြစ်ပွါးနေချိန်မှာ လူတွေဟာ လုံခြုံတဲ့နေရာကို ရှာဖွေခဲ့ကြပါတယ်။
ဒီဓာတ်ပုံတွေဟာ 1940 ဝန်းကျင်ခုနှစ်က လန်ဒန်မြေအောက်နေရာတွေမှာ လူတွေခိုလှုံနေခဲ့တုန်းက ရိုက်ကူးထားခဲ့တဲ့ ပုံတွေဖြစ်ပါတယ်။ 1940 – 1941 စစ်ပွဲကာလအတွင်း နေ့စဉ်နီးပါးဗုံးကြဲတိုက်ခိုက်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ လန်ဒန်သားတွေဟာ မြေအောက်ဘူတာရုံတွေနဲ့ မြေအောက်လိုဏ်ဂူတွေမှာ ပုန်းအောင်းနေခဲ့ကြရတာပါ။
ပျမ်းမျှအားဖြင့် တစ်ညကို လူပေါင်း 150000 မြေအောက်တွင်ခိုလှုံခဲ့ကြတာဖြစ်ပြီး 1947 ခုနှစ် စက်တင်ဘာ 27 ရက်နေ့တွင်တော့ လူပေါင်း 177000 ဟာ မြေအောက်မှာနေထိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဘူတာရုံကို ဗုံးထိမှန်မှုကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ကြပါတယ်။ 1943 ခုနှစ် မတ်လတွင် အမျိုးသမီးတစ်ဦး ထိတ်လန့်ပြီးဘူတာရုံလှေကားမှာ လျှောကျရာမှ လူပေါင်း 173 ဦးသေဆုံးခဲ့တာ ဖြစ်ပါတယ်။
Credit-SHWEMOM
Photos from colourisedphotographs’s instagram
Zawgyi
Credit-SHWEMOM
  • Leave a Comment
Categories