ငွေစက္ကူများကို အသဲနှလုံးပုံစံခေါက်ပြီး ၆နှစ်အကြာစုဆောင်းထားပြီးနောက် ဇနီးဖြစ်သူအတွက် ဇီမ်ခံကားကြီးတစ်စီးကို ဝယ်ပေးခဲ့သော ခင်ပွန်းသည်

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် နေထိုင်သော အသက် ၃၀ကျော်အရွယ် အမျိုးသားတစ်ဦးသည် သူဧ။်ဇနီးကို မည်မျှချစ်ကြောင်း တိတ်တခိုးစုထားသော ပိုက်ဆံများနှင့်အတူ ကားသစ်တစ်စီးကို လက်ဆောင်အဖြစ်ဝယ်ပေးရင်း သက်သေပြခဲ့သည်။

အမျိုးသားသည် အိမ်ထောင်ကျသည်နှင့် ဇနီးသည်ဖြစ်သူအပေါ် ကြင်နာဂရုစိုက်ပေးသည့်အပြင် အလုပ်ကိုပိုကြိုးစားကာ ရသမျှငွေလေးတွေကို ဇနီးထံအပ်နှံရင်း အချို့တစ်ဝက်ကိုတော့ ဇနီးသည်မသိအောင် စုဆောင်းထားခဲ့သည်။

အမျိုးသားသည် ငွေစက္ကူများကို ခရီးဆောင်တစ်လုံးတွင် အသဲနှလုံးပုံစံများခေါက်ပြီး ၆နှစ်အကြာ စုဆောင်းထားပြီးနောက် ဇနီးဖြစ်သူအကြိုက်တွေ့စေမည့် အနီရောင်ဇိမ်ခံကားကြီးတစ်စီးကို ဝယ်ပေးခဲ့သည်။

အမျိုးသားသည် ဇနီးဖြစ်သူကို ကားလေးတစ်စီးဝယ်ပေးပြီးသွားတာတောင် သူဧ။်ငွေစုခြင်းကို မရပ်တန့်ခဲ့ပဲ နောက်ထပ်လက်ဆောင် ပစ္စည်းတွေဝယ်ပေးဖို့ရာ ဆုံးဖြတ်ထားခဲ့သည်။

Hlaing (Love Feeling)

Zawgyi






Hlaing (Love Feeling)

  • Leave a Comment

Categories