အချစ်ဆိုသောအရာသည် အင်မတန်မှ ဆန်းကြယ်လွန်းပြီး ကိုယ်တကယ်ချစ်တဲ့သူနဲ့ဆိုရင် တဲကုပ်လေးမှာပဲ နေရနေရ ပင်ပင်ပန်းပန်းဘဝပဲ ဖြစ်နေရပါစေ သတ္တိရှိစွာ ပူမှန်းသိရက်နဲ့ မီးပုံထဲတိုးရဲတဲ့ ပိုးဖလံမျိုးလေးတွေလို ဖြစ်နေတတ်သည်။
ယခုအခါတွင်လည်း တရုတ်နိုင်ငံ တောင်ပေါ်ဒေသတွင် နေထိုင်သော ချစ်သူစုံတွဲနှစ်ဦးသည် အိမ်နီးချင်းဖြစ်ပြီး ငယ်စဥ်ကတည်းက ချစ်ကြိုက်ခဲ့ရာ အရွယ်ရောက်ပြီးသည်နှင့် လက်ထပ်ဖို့ရာ ဆုံးဖြတ်ခဲ့ကြသည်။
သူတို့နှစ်ဦးသည် ဆင်းရဲသော မိသားစုမှာ ကြီးပြင်းလာရပြီး နှစ်ဖက်မိဘသဘောတူသော်လည်း မင်္ဂလာဆောင်စရိတ်ပင် မရှိသည့်အပြင် အခမ်းအနားနှင့် အဝတ်အစားကို ကိုယ်တိုင်ပြင်ကြဆင်ကြရသည်။
သူတို့နှစ်ဦးသည် ငွေကြေးမတတ်နိုင်သည့်အတွက် သူငယ်ချင်းနှင့် ဆွေမျိုးအချို့ကိုသာ ဖိတ်ကြားပြီး သတို့သားကိုယ်တိုင် ချစ်ဇနီးလောင်းလေးအတွက် အမိုက်စားဂါဝန်လေးကို ချုပ်လုပ်ဖန်တီးပေးခဲ့သည်။
သတို့သားသည် အမည်းရောင် ပလက်စတစ်အိတ်လေးတွေကို အရိုးရှင်းဆုံးဂါဝန်လေးအဖြစ် ပြောင်းလဲပေးခဲ့ပြီး ခေါင်းစည်းအပါအဝင် နားကပ်နှင့် ဆွဲကြိုးကိုလည်း ပလက်စတစ်အိတ်ကိုသာ သုံးထားပြီး အနီးနားရှိ သဘာဝတိုင်းပေါက်ရောက်နေသော တောပန်းလေးတွေကို ခူးကာ ကိုင်စေပြီး မင်္ဂလာပွဲအား ပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။
ထိုအဖြစ်ကို မြင်တွေ့သောသူများမှာ သတို့သမီးလေးအား ဆင်းရဲသောဘဝကနေ ရုန်းမထွက်နိုင်တာ သိရက်နဲ့ သစ္စာရှိစွာ ချစ်သူကောင်လေးအနားမှာ တစ်သက်လုံးနေသွားဖို့ ဆုံးဖြတ်ချက်ချခြင်းကိုပဲ ချီးမွမ်းခဲ့ကြသည်။
Hlaing (Love Feeling)
Zawgyi
မဂၤလာဝတ္စုံဝယ္ဖို႔ရာ ေငြေၾကးမတတ္ႏိုင္သည့္အတြက္ ပလက္စတစ္အိတ္မည္းႀကီးကို ဂါဝန္ေလးအျဖစ္ ဖန္တီးကာ ဝတ္ဆင္ခဲ့ရေသာ သတို႔သမီး
အခ်စ္ဆိုေသာအရာသည္ အင္မတန္မွ ဆန္းၾကယ္လြန္းၿပီး ကိုယ္တကယ္ခ်စ္တဲ့သူနဲ႔ဆိုရင္ တဲကုပ္ေလးမွာပဲ ေနရေနရ ပင္ပင္ပန္းပန္းဘဝပဲ ျဖစ္ေနရပါေစ သတၱိရွိစြာ ပူမွန္းသိရက္နဲ႔ မီးပုံထဲတိုးရဲတဲ့ ပိုးဖလံမ်ိဳးေလးေတြလို ျဖစ္ေနတတ္သည္။
ယခုအခါတြင္လည္း တ႐ုတ္ႏိုင္ငံ ေတာင္ေပၚေဒသတြင္ ေနထိုင္ေသာ ခ်စ္သူစုံတြဲႏွစ္ဦးသည္ အိမ္နီးခ်င္းျဖစ္ၿပီး ငယ္စဥ္ကတည္းက ခ်စ္ႀကိဳက္ခဲ့ရာ အ႐ြယ္ေရာက္ၿပီးသည္ႏွင့္ လက္ထပ္ဖို႔ရာ ဆုံးျဖတ္ခဲ့ၾကသည္။
သူတို႔ႏွစ္ဦးသည္ ဆင္းရဲေသာ မိသားစုမွာ ႀကီးျပင္းလာရၿပီး ႏွစ္ဖက္မိဘသေဘာတူေသာ္လည္း မဂၤလာေဆာင္စရိတ္ပင္ မရွိသည့္အျပင္ အခမ္းအနားႏွင့္ အဝတ္အစားကို ကိုယ္တိုင္ျပင္ၾကဆင္ၾကရသည္။
သူတို႔ႏွစ္ဦးသည္ ေငြေၾကးမတတ္ႏိုင္သည့္အတြက္ သူငယ္ခ်င္းႏွင့္ ေဆြမ်ိဳးအခ်ိဳ႕ကိုသာ ဖိတ္ၾကားၿပီး သတို႔သားကိုယ္တိုင္ ခ်စ္ဇနီးေလာင္းေလးအတြက္ အမိုက္စားဂါဝန္ေလးကို ခ်ဳပ္လုပ္ဖန္တီးေပးခဲ့သည္။
သတို႔သားသည္ အမည္းေရာင္ ပလက္စတစ္အိတ္ေလးေတြကို အ႐ိုးရွင္းဆုံးဂါဝန္ေလးအျဖစ္ ေျပာင္းလဲေပးခဲ့ၿပီး ေခါင္းစည္းအပါအဝင္ နားကပ္ႏွင့္ ဆြဲႀကိဳးကိုလည္း ပလက္စတစ္အိတ္ကိုသာ သုံးထားၿပီး အနီးနားရွိ သဘာဝတိုင္းေပါက္ေရာက္ေနေသာ ေတာပန္းေလးေတြကို ခူးကာ ကိုင္ေစၿပီး မဂၤလာပြဲအား ေပ်ာ္႐ႊင္စြာ က်င္းပခဲ့ၾကသည္။
ထိုအျဖစ္ကို ျမင္ေတြ႕ေသာသူမ်ားမွာ သတို႔သမီးေလးအား ဆင္းရဲေသာဘဝကေန ႐ုန္းမထြက္ႏိုင္တာ သိရက္နဲ႔ သစၥာရွိစြာ ခ်စ္သူေကာင္ေလးအနားမွာ တစ္သက္လုံးေနသြားဖို႔ ဆုံးျဖတ္ခ်က္ခ်ျခင္းကိုပဲ ခ်ီးမြမ္းခဲ့ၾကသည္။
Hlaing (Love Feeling)