ပထမတစ်ချက်မှာ Nakhon Ratchasima အမည်ရှိကလေးမလေးဟာ အခြားသော ရွယ်တူ ၆နှစ်အရွယ်ကလေးများကဲ့သို့ပင် သူမဟာ ပြုံးရတာကို ကြိုက်နှစ်သက်ပြီး သူမမှာငယ်ရွယ်နုပျိုတဲ့ စရိုက်လက္ခဏာများရှိပါတယ်။ သို့ပေမဲ့ ရွယ်တူကလေးများနှင့်မတူဘဲ Nak ဟာ သူငယ်ချင်းများနှင့်ဆော့ကစားခြင်းထက် သူတစ်ပါးရဲ့အသက်ကို ကယ်တင်ခြင်းဖြင့်ကူညီရန် အရွယ်နဲ့မလိုက်အောင် စေတနာ့ဝန်ထမ်းအလုပ်များတွင် ပါဝင်နေခဲ့ပါတယ်။ Top News သတင်းအရ သူမရဲ့ဖခင်ဖြစ်သူမှာ လူနာတင်ယာဉ်မောင်းသူဖြစ်ပြီး မိခင်ဖြစ်သူမှာတော့ သူနာပြုအဖြစ် အလုပ်လုပ်ကိုင်နေပါတယ်။ မိဘများဟာ အလုပ်ဆင်းပြီးတဲ့နောက် Nak အား ၎င်းတို့ရဲ့လုပ်အားပေးလုပ်ငန်းတွေမှာပါဝင်ဖို့ ခေါ်ဆောင်သွားလေ့ရှိပါတယ်။
ဖခင်ဖြစ်သူက Nak ဟာ သူမအသက် ၂နှစ်အရွယ်ကတည်းကပင် စေတနာ့ဝန်ထမ်းအလုပ်များကို စတင်လုပ်ကိုင်ခဲ့ပြီး သူမ စတင်ခဲ့တဲ့အချိန်က ၎င်းတို့မိသားစုဟာ ရေဘေးသင့်ပြည်သူများကို အစားအစာဝေဌာပေးခဲ့တာကြောင့် ၎င်းဟာ သူမအား ဆက်လက်ရန် စိတ်အားထက်သန်စေခဲ့ပုံရပြီး သူမဟာ ၎င်းစေတနာ့ဝန်ထမ်းအလုပ်ကိုလည်း ဘယ်သောအခါမှ မငြီးငွေ့နေခဲ့ကြောင်း ပြောပြခဲ့ပါတယ်။
Nak ဟာ ရွှေနှလုံးသားပိုင်ရှင်လေးဆိုတာကို ငြင်းလို့မရနိုင်ပါဘူး။ ဒဏ်ရာရသူများကို ကူညီတဲ့အပြင် သူမဟာ အလောင်းတွေကို စီမံဖို့ပါ စေတနာ့ဝန်ထမ်းလုပ်ခဲ့ပါတယ်။ Nak အား အလောင်းတွေကို ကြောက်မကြောက်မေးမြန်းတဲ့အခါ ကလေးမလေးဟာ တည်ငြိမ်စွာဖြင့် “ သမီးမကြောက်ပါဘူး၊ ထူးဆန်းတဲ့အရာတွေက်ုလည်း တစ်ခါမမြင်ဖူးခဲ့ဘူး ၊ သမီး အရွယ်ရောက်ပြီးလူတွေနဲ့ ကလေးတွေရဲ့အလောင်းတွေကို မရေတွက်နိုင်အောင် မြင်ခဲ့ဖူးပြီသွားပြီ ၊ အဖေတို့က လုတွေကို ကယ်တင်ချင်လို့ ဒီအရာတွေကို သမီးမကြောက်သင့်ဘူးလို့ အဖေက အမြဲပြောခဲ့တယ် ” ပြန်လည်ဖြေကြားခဲ့ပါတယ်။
မိဘများရဲ့ခြေရာကို နင်းပြီး စေတနာ့ဝန်ထမ်းအလုပ်၌ ၄နှစ်အကြာမှာတော့ Nak ဟာ ယခုလုပ်နေတဲ့အလုပ်များအားလုံးနှင့် အကျွမ်းတဝင်ရှိနေပြီဖြစ်ပါတယ်။ Nakဟာ မိဘများနောက်သို့လိုက်ခဲ့တဲ့ သူမရဲ့ပထမဆုံးအတွေ့အကြုံကို မမှတ်မိတော့ပေမဲ့ လူနာတွေရဲ့ဒဏ်ရာကို ဘယ်လိုဆေးကျောသန့်ရှင်းပေးရမလဲဆိုတာကိုတော့ မှတ်မိနေခဲ့ပါတယ်။
ထိုစဉ်က Nak ဟာ ငယ်ရွယ်သေးတာကြောင့် သူမကူညီပေးခဲ့တဲ့သူများထံမှ ဓာတ်ပုံရိုက်ခံခဲ့ရပါတယ်။ ၎င်းလူနာများက သူမအား စားစရာနဲ့မုန့်ဖိုးအချို့ကို ပေးခဲ့ပေမဲ့လည်း Nak ဟာ ၎င်းအား သူမထက် လိုအပ်နေတဲ့သူများကို ပြန်ကမ်းပေးခဲ့ပါတယ်။
Nak ရဲ့ တစ်ကိုယ်ကောင်းမဆန်မှုနှင့် စာနာမှုတို့ဟာ သူမရဲ့ငယ်ရွယ်နူးညံ့တဲ့အသက်အရွယ်ကို ကျော်လွန်သွားခဲ့ပါတယ်။ ဒီလောက်ငယ်ရွယ်တဲ့အသက်အရွယ်မှာ သူမမှာ လူမှုတာဝန်ဆိုတာ ဘာလဲဆိုတာကို ကောင်းမွန်စွာ သိနေပြီး အရွယ်ရောက်သူများနှင့်အတူ ပရဟိတအလုပ်များလုပ်ကာ စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ်တောင် ပါဝင်နေပြီဖြစ်ပါတယ်။
Nak ရဲ့ ဇာတ်လမ်းဟာ လူများစွာကို ၎င်းကဲ့သို့အတူတူလုပ်ကိုင်ရန် လှုံဆော်စေပြီး အခြားသောမိဘများအား ၎င်းတို့ရဲ့သားသမီးများအား လူ့ပတ်ဝန်းကျင်အကြောင်းနှင့် စေတနာ့ဝန်ထမ်း ၊ ပရဟိတလုပ်ငန်းစဉ်များတွေ ပါဝင်ရန် သင်ကြားစေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ။
Mia (Mckzone Daily)