ပုံမှန်မော်တော်ဆိုင်ကယ်တစ်စီးရဲ့ စတိုင်နှင့်ပြုလုပ်မှုပေါ်မူတည်ပြီး မော်တော်ဆိုင်ကယ်တစ်စီးဟာ ၈၀ မှ ၁၀၀ ကီလိုဂရမ်အထိ အလေးချိန်ရှိပါတယ်။ သို့ပေမဲ့ သင်္ဘောပေါ်ကနေ Scooter အမျိုးအစားမော်တော်ဆိုင်ကယ်တစ်စီးကို ပုခုံးပေါ်ထမ်းပြီး ဆိုင်ကယ်ကိုလည်း လက်တစ်ဖက်တည်းနဲ့ထိန်းကာ သယ်ဆင်းလာခဲ့တဲ့ သန်မာတဲ့အမျိုးသားတစ်ဦးရဲ့ အထင်ကြီးစရာကောင်းတဲ့ဗီဒီယိုတစ်ခုကို တစ်စုံတစ်ယောက်က social media ပေါ်မှာ ပြန်လည်မျှဝေထားခဲ့ပါတယ်။ ထိုအမျိုးသားက ဆိုင်ကယ်ပိုင်ရှင်လား သို့မဟုတ် အထမ်းသမားလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိခဲ့ရပေမယ့် သေချာတာတစ်ခုကတော့ ထိုအမျိုးသားဟာ အရမ်းကို သန်မာတယ် ဆိုတာပါဘဲ။
ဗီဒီယိုထဲရှိလူအုပ်ထဲမှာ ထိုအမျိုးသားဟာ လက်တစ်ဖက်တည်းဖြင့် မော်တော်ဆိုင်ကယ်ကိုထိန်းပြီး အမြင့်ပေမြင့်ပုံရတဲ့လှေကားပေါ်မှာ လမ်းလျှောက်ဆင်းနေစဉ်အတွင်းမှာ ဘယ်သူ့ကိုမှလည်း အကူအညီလှမ်းမတောင်းနေခဲ့ပါဘူး ။ လူတစ်ယောက်က ဆိုင်ကယ်ရဲ့အနောက်ပိုင်းကို ကိုင်ရင်းကူထိန်းပေးဖို့ကြိုးစားခဲ့ပေမယ့်လည်း ထိုအမျိုးသားဟာ ၎င်းသင်္ဘောရဲ့လှေကားပေါ်ကနေ တစ်ကိုယ်တည်း ခပ်မြန်မြန် ဆင်းသွားခဲ့ပါတယ်။ အားကြီးသန်မာတဲ့ ထိုအမျိုးသားဟာ ဘယ်သူ့အကူအညီမှတကယ်မလိုအပ်ဘူးဆိုတာကို ရှင်းလင်းနေစေခဲ့ပါတယ်။
သင့်အနေနဲ့ ဒီလိုမျိုးသင်္ဘောနဲ့လှေတစ်စီးကို စီးဖူးခဲ့ရင် သင်ဟာ မလေးလံတဲ့အရာတစ်ခုခုကိုသယ်ဆောင်လာရင်တောင် ၎င်းမြင့်မားတဲ့လှေခါးကနေ ဆင်းရတာ ဘယ်လောက်ခက်ခဲလည်းဆိုတာကို သင်ခံစားမိပါလိမ့်မယ်။ သို့ပေမဲ့ ထိုအမျိုးသားက အလေးချိန်လေးတဲ့အရာကိုထမ်းပြီး ထိုသင်္ဘောရဲ့လှေကားပေါ်ကနေ လမ်းလျှောက်ဆင်းနေစဉ်အတွင်း သူ့ရဲ့ဟန်ချက်ကိုမပျက်ဘဲထိန်းထားနိုင်ခဲ့တာကလည်း အထင်ကြီးစရာကောင်းလှပါတယ်ဗျာ။
Mia (KB Chimmy One)
Zawgyi
ဆိုင္ကယ္ကို ပုခုံးေပၚထမ္းၿပီး လက္တစ္ဖက္တည္းျဖင့္ ဟန္ခ်က္မပ်က္ထိန္းကာ သေဘၤာေပၚမွ ဆင္းလာေနခဲ့တဲ့ သန္မာတဲ့အမ်ိဳးသားတစ္ဦး (႐ုပ္သံ)
ပုံမွန္ေမာ္ေတာ္ဆိုင္ကယ္တစ္စီးရဲ႕ စတိုင္ႏွင့္ျပဳလုပ္မႈေပၚမူတည္ၿပီး ေမာ္ေတာ္ဆိုင္ကယ္တစ္စီးဟာ ၈၀ မွ ၁၀၀ ကီလိုဂရမ္အထိ အေလးခ်ိန္ရွိပါတယ္။ သို႔ေပမဲ့ သေဘၤာေပၚကေန Scooter အမ်ိဳးအစားေမာ္ေတာ္ဆိုင္ကယ္တစ္စီးကို ပုခုံးေပၚထမ္းၿပီး ဆိုင္ကယ္ကိုလည္း လက္တစ္ဖက္တည္းနဲ႔ထိန္းကာ သယ္ဆင္းလာခဲ့တဲ့ သန္မာတဲ့အမ်ိဳးသားတစ္ဦးရဲ႕ အထင္ႀကီးစရာေကာင္းတဲ့ဗီဒီယိုတစ္ခုကို တစ္စုံတစ္ေယာက္က social media ေပၚမွာ ျပန္လည္မွ်ေဝထားခဲ့ပါတယ္။ ထိုအမ်ိဳးသားက ဆိုင္ကယ္ပိုင္ရွင္လား သို႔မဟုတ္ အထမ္းသမားလားဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္းမသိခဲ့ရေပမယ့္ ေသခ်ာတာတစ္ခုကေတာ့ ထိုအမ်ိဳးသားဟာ အရမ္းကို သန္မာတယ္ ဆိုတာပါဘဲ။
ဗီဒီယိုထဲရွိလူအုပ္ထဲမွာ ထိုအမ်ိဳးသားဟာ လက္တစ္ဖက္တည္းျဖင့္ ေမာ္ေတာ္ဆိုင္ကယ္ကိုထိန္းၿပီး အျမင့္ေပျမင့္ပုံရတဲ့ေလွကားေပၚမွာ လမ္းေလွ်ာက္ဆင္းေနစဥ္အတြင္းမွာ ဘယ္သူ႔ကိုမွလည္း အကူအညီလွမ္းမေတာင္းေနခဲ့ပါဘူး ။ လူတစ္ေယာက္က ဆိုင္ကယ္ရဲ႕အေနာက္ပိုင္းကို ကိုင္ရင္းကူထိန္းေပးဖို႔ႀကိဳးစားခဲ့ေပမယ့္လည္း ထိုအမ်ိဳးသားဟာ ၎သေဘၤာရဲ႕ေလွကားေပၚကေန တစ္ကိုယ္တည္း ခပ္ျမန္ျမန္ ဆင္းသြားခဲ့ပါတယ္။ အားႀကီးသန္မာတဲ့ ထိုအမ်ိဳးသားဟာ ဘယ္သူ႔အကူအညီမွတကယ္မလိုအပ္ဘူးဆိုတာကို ရွင္းလင္းေနေစခဲ့ပါတယ္။
သင့္အေနနဲ႔ ဒီလိုမ်ိဳးသေဘၤာနဲ႔ေလွတစ္စီးကို စီးဖူးခဲ့ရင္ သင္ဟာ မေလးလံတဲ့အရာတစ္ခုခုကိုသယ္ေဆာင္လာရင္ေတာင္ ၎ျမင့္မားတဲ့ေလွခါးကေန ဆင္းရတာ ဘယ္ေလာက္ခက္ခဲလည္းဆိုတာကို သင္ခံစားမိပါလိမ့္မယ္။ သို႔ေပမဲ့ ထိုအမ်ိဳးသားက အေလးခ်ိန္ေလးတဲ့အရာကိုထမ္းၿပီး ထိုသေဘၤာရဲ႕ေလွကားေပၚကေန လမ္းေလွ်ာက္ဆင္းေနစဥ္အတြင္း သူ႔ရဲ႕ဟန္ခ်က္ကိုမပ်က္ဘဲထိန္းထားႏိုင္ခဲ့တာကလည္း အထင္ႀကီးစရာေကာင္းလွပါတယ္ဗ်ာ။
Mia (KB Chimmy One)