တရုတ်နိုင်ငံမှာပဲ တွေ့မြင်နိုင်တဲ့ ရူးသွပ်လောက်စရာ အရာ (၂၈) ခု

မင်္ဂလာပါ။တရုတ်နိုင်ငံကိုသွားလည်ကြတဲ့ ခရီးသည်အများစုဟာ တရုတ်နိုင်ငံတစ်နိုင်ငံထဲပြုလုပ်ပြီးတဲ့အချက်တွေကိုတွေ့ရှိပြီးရင် ငါတို့တော့ဒီလိုမလုပ်ဘူးဆိုတဲ့အတွေးမျိုး အမြဲတမ်းတွေ့ကြလေရှိပါတယ်။ တရုတ်နိုင်ငံရဲ့ခရီးသည်တွေကိုအဓိကအစွဲဆောင်နိုင်တဲ့အချက်တွေကတော့ ကိုယ်ပိုင်ရိုးရာရှိခြင်း၊စည်းကမ်းချက်များရှိခြင်းနဲ့ ဘယ်သူနဲ့မှမတူတဲ့ ရယ်စရာအပြုအမူလေးတွေကို တွေ့မြင်နိုင်တာကြောင့်ပဲဖြစ်ပါတယ်။ အခု‌ဖော်ပြပေးမယ့်အချက်တွေကတော့ တရုတ်နိုင်ငံတစ်နိုင်ငံထဲမှာပဲ တွေ့မြင်နိုင်တဲ့ ရူးသွပ်လောက်စရာအချက်တွေပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားရင် ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။

(၁)

တရုတ်နိုင်ငံသွားလည်စဉ်အတွင်းမှာ ငရုပ်သီးတွေအပြည့်ထည့်ထားတဲ့ရေကန်ထဲမှာစိမ်ရင်း ငရုပ်သီးအစားပြိုင်တဲ့ ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။ စားရတာနဲ့တန်တဲ့ဆုကြေးတော့ရဖို့ မျှော်လင့်ရတာပဲ…

(၂)

တရုတ်နိုင်ငံမှာလူဦးရေထူထပ်တာကိုသိပြီးပြီထင်ပါတယ်။ အခုမြင်နေရတာကတော့ ကမ်းခြေမှာ အနားယူနေကြတဲ့လူအုပ်ကြီးပဲဖြစ်ပါတယ်

(၄)

ဆံပင်ညှပ်ဆိုင်ကဆရာတွေက စိတ်ကူးညဏ်ကွန့်မြူးပြီး သင့်ကို ဆံပင်ဒီဇိုင်းမျိုးစုံဖန်တီးပေးနိုင်ပါတယ်။

(၅)

တရုတ်နိုင်ငံမှာလည်ပတ်နေရင်း ပင်ပန်းလာရင် spa သွားပြီး အနားယူစရာမလိုပါဘူး။ သင့်ရဲ့ပင်ပန်းနေတဲ့အကြောအချင်တွေကို ဖြေလျော့ပြီးနိုင်မယ့် အနှိပ်သည်တွေရှိပါတယ်။

(၆)

ပြင်ပမှာအဖွဲ့လိုက်လေ့ကျင့်ခန်းလုပ်ခြင်းကလည်း တရုတ်လူမျိုးတွေကိုလှပတဲ့ခန္ဓာကိုယ်ရရှိစေပါတယ်။

(၇)

ပစ္စည်းအတုပေါင်းများစွာနဲ့ အံ့ဩလောက်စရာ ဖန်တီးမှုတွေရဲ့အစကတော့ တရုတ်နိုင်ငံကပဲဖြစ်ပါတယ်

(၈)

ငါးမန်းတွေကို မားကတ်တွေမှာ ခုလိုပဲ ချရောင်းလေ့ရှိပါတယ်

(၉)

တစ်ပတ်တာရဲ့ အဆုံးပိတ်ရက်ရောက်ရင် တရုတ်လူမျိုးတွေဟာ ညအိပ်ဝတ်စုံနဲ့သာပေါ့ပေါ့ပါးပါး နေကြလေ့ရှိပါတယ်။

စက်ဘီးစီးလည်း အေးအေးဆေးဆေးထွက်ကြပါတယ်

(၁၀)

လမ်းမပေါ်ရဲ့ ဟိုဟိုဒီဒီ သွားလာနေကြတဲ့လူတွေရဲ့လက်ထဲမှာ ရေနွေးဓာတ်ဘူးတွေကို တွေ့မြင်နိုင်ပါတယ်။ တရုတ်လူမျိုးတွေဟာ ရေနွေးသောက်သုံးခြင်းဖြင့် ရောဂါမျိုးစုံကိုကာကွယ်နိုင်တယ်လို့ယုံကြည်ထားကြလို့ပါ

(၁၁)

တရုတ်နိုင်ငံမှာ ရထားစီးရင် ထိုင်ခုံမပါဘဲ စီးတတ်မှရပါမယ်။

(၁၂)

ဂဏန်းအရှင်တွေကို ခုလိုပဲ စက်ထဲကနေ ယူစားနိုင်ပါတယ်တဲ့

(၁၃)

တရုတ်လူမျိုးတွေရဲ့ရိုးရာအရ ပဲ‌စေ့တွေကို တန်ဖိုးထားတတ်ကြပါတယ်။ နိုင်ငံအထိမ်းအမှတ်အစားအသောက်အဖြစ်လည်း
ပဲစေ့ရေခဲမုန့်ကို ကျွေးကြလေ့ရှိပါတယ်။

(၁၄)

ကားလမ်းပိတ်ရင် ခုလိုပဲ ပိတ်တတ်ကြပါတယ်…

(၁၅)

အနက်ရောင်ဆံပင်ရှိတဲ့ အနောက်တိုင်းသားတွေတောင် တရုတ်နိုင်ငံကို လာလည်ရင် အနုပညာရှင်တစ်ယောက်လို ဆက်ဆံခံရမှာပါ။

(၁၆)

နိုင်ငံခြားသားဧည့်သည်တွေအနေနဲ့ တရုတ်နိုင်ငံရဲ့ ရှုပ်ထွေးလှတဲ့ရင်ယာဉ်ကြောစည်းကမ်းနဲ့ လမ်းအ‌ခြေအနေကို နားလည်နိုင်မှာ မဟုတ်ပါဘူး။

(၁၇)

လေထုညစ်ညမ်းမှုကြောင့် တရုတ်နိုင်ငံသားတွေဟာ Mask တပ်ဆင်ကြလေ့ရှိပြီး ကြည့်ကောင်းဖို့အတွက် အလှပုံစံတွေပြန်ပြောင်းလေ့ရှိပါတယ်။

လေထုညစ်ညှမ်းလို့ လက်ဆတ်တဲ့ လေတွေကို ခုလို အရသာအမျိုးမျိုးနဲ့ ဘူးထဲ ထည့်ရောင်းလေ့ရှိကြပါတယ်

(၁၈)

တိုက်ဘေးမှာ ခုလို ပိုက်ခွံထားထားရတာက တိုက်ပေါ်ကနေ ခုန်ချတာတွေ များလို့ပဲ ဖြစ်ပါတယ်

(၁၉)

နေ့စဉ်ဘဝကပင်ပန်းတာကြောင့် ဘယ်လိုအခြေအနေ၊ဘယ်လိုနေရာမှာမဆို အလွယ်တကူ အိပ်ပျော်တတ်ကြပါသေးတယ်။

(၂၀)

တရုတ်နိုင်ငံရဲ့ ဘေကျင်းမြို့မှာဆိုရင် ဖရဲသီးတွေကိုပြသထားတဲ့ ဖရဲသီးပြခန်းရှိပါတယ်။

(၂၁)

နိုင်ငံတချို့မှာ ခွေးကို ရဲဝန်ထမ်းခန့်ကြလေ့ရှိပေမယ့် တရုတ်နိုင်ငံမှာတော့ ထူးထူးဆန်းဆန်းပဲ ရဲဝန်ထမ်းငန်းတွေလည်း ရှိပါတယ်။

(၂၂)

ကမ်းခြေတွေသွားရင်တော့ လူဒဏ်ကိုတော်‌တော်ခံရမှာပါ။

(၂၃)

စိတ်လှုပ်ရှားစရာအတွေ့အကြုံတွေကိုတော့ ကောင်းကင်တံတားကိုဖြတ်ကြည့်ပြီး ရယူနိုင်ပါတယ်။

(၂၄)

တောင်စောင်းတွေမှာဆောက်ထားတဲ့ ဘုရားကျောင်းတွေကို တွေ့မြင်နိုင်ပါသေးတယ်။

(၂၅)

ကွယ်လွန်သွားသူနဲ့လည်း ခုလို လက်ထပ်ကြပါတယ်

(၂၆)

ပိုးဟပ် မွေးမြူရေး

(၂၇)

အိမ်ကနေ ဖယ်ပေးဖို့ ခေါင်းမာသူတွေလည်း ရှိတတ်ပါသေးတယ်

(၂၈)

ဒီစစ်တပ်ကို ဝင်ချင်သွားပြီမလား

အခုဖော်ပြပေးခဲ့တဲ့ ၂၈ချက်ဟာ တရုတ်နိုင်ငံတစ်နိုင်ငံထဲမှာပဲ တွေ့မြင်နိုင်တဲ့ ရူးသွပ်လောက်စရာအချက်တွေပဲဖြစ်ပါတယ်။ဘယ်အချက်တွေက အံ့အားသင့်စရာကောင်းလဲဆိုတာကို ပြောပြပေးခဲ့ပါအုံးနော်။

Ref: Bright Side

Credit-celeguru

  • Leave a Comment

Categories