မီတာ ၁၂၀၀ အမြင့်ရှိချောက်ကမ်းပါးကို ခိုတွဲထားတဲ့ ၇၀၀ နီးပါးရှိတဲ့သစ်သားသေတ္တာများရဲ့နောက်ကွယ်ရှိအဖြစ်မှန်

ကမ္ဘာပေါ်ရှိအခြားနိုင်ငံများနည်းတူ တရုတ်နိုင်ငံမှာလည်း ပျားမျိုးစိတ်များစွာမျိုးသုဉ်း ပျောက်ကွယ်လုနီးပါးဖြစ်နေသလို အချို့သောမျိုးစိတ်များမှာ မျိုးသုဉ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ Hubei ပြည်နယ် Shennongjia အမျိုးသားဥယျာဉ်အလယ်ဗဟိုရှိ မတ်စောက်တဲ့ချောက်ကမ်းပါးတစ်ခုပေါ်ကနေတွဲလောင်းချထားတဲ့ သစ်သားသေတ္တာရာပေါင်းများစွာရှိရတဲ့အကြောင်းမှာ ၁၉ ရာစုမှာ သိပ္ပံအမည် Apis mellifera ဖြစ်တဲ့ ဥရောပပျားမျိုးစိတ်ပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့အား နိုင်ငံအတွင်း ပြန်လည်တင်သွင်းဖို့အတွက်ကြောင့်ဘဲဖြစ်ပါတယ်။ ထို့နောက် ပျားမျိုးစိတ်အသစ်များကျူးကျော်မှုရဲ့ အကျိုးဆက်ကို ကာကွယ်ရန် Shennongjia အမျိုးသားဥယျာဉ်ဟာ ၎င်းပျားမျိုးစိတ်များကို ထားရှိဖို့ နေရာတစ်တစ်ခုဖြစ်လာခဲ့ပါတယ်။

၎င်းတို့ရဲ့ပျားမျိုးစိတ်ထိန်းသိမ်းတဲ့နည်းလမ်းက ထူးခြားပါတယ်။ ပျားများအတွက် နေရာအဖြစ် သစ်သားသေတ္တာများပြုလုပ်ပြီး မြင့်တဲ့ချောက်ကမ်းပါးမှာ တွဲလောင်းချိတ်ဆွဲထားခဲ့ကြပါတယ်။ ဒီနည်းအားဖြင့် ပျားရည်များကို သောက်သုံးတတ်ကြတဲ့အန္တရာယ်ကောင်များရဲ့ရန်မှ ကာကွယ်စေခဲ့ပါတယ်။ သစ်သားသေတ္တာအလုံးပေါင်း ၇၀၀ ကို ဒီဇိုင်းထုတ်လုပ်ပြီး ပျားများရဲ့အာရုံကို ဆွဲဆောင်ဖမ်းစားနိုင်ဖို့ ပင်လယ်ရေမျက်နှာပြင်ကနေ ၁.၂ ကီလိုမီတာမြင့်တဲ့၎င်းချောက်ကမ်းပါးပေါ်မှာ ချိတ်ဆွဲခဲ့ကြပါတယ်။ ဒီမျှမြင့်မားတဲ့ ချောက်ကမ်းပါးပေါ်ရှိ သေတ္တာများရှိရာသို့ရောက်လာတဲ့အခါ ပျားမွေးမြူသူအနေနဲ့က ပျားသစ်သားသေတ္တာတစ်လုံးကိုသာ ယူချကာ ထုတ်ကြည့်နိုင်ပါတယ်။

ဌာနေတိုင်းရင်းသားများရဲ့၎င်းကဲ့သို့သော တီထွင်ဆန်းသစ်မှုဟာ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ မှ ပျားများသီးသန့်နေရာတစ်ခုအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ တရုတ်နိုင်ငံမှာရှိ ထိုဒေသမှာ မတူညီတဲ့ရာသီဥတုများရှိတဲ့အပြင် ပန်းမန်နှင့်အပင်မျိုးစုံရှိတာကြောင့် Shennongjia အမျိုးသားဥယျာဉ်ရှိ ချောက်ကမ်းပါးပေါ်မှာ ပျားများထားရှိရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။ ထိုနေရာကသာ ပျားများရှင်သန်ရန်၊ ဖွံ့ဖြိုးတိုးတက်ရန် နှင့် ဒေသခံများအနေဖြင့် ပျားများမျိုးသုဉ်းခြင်းကိုကာကွယ်ပေးနိုင်မဲ့ စံပြပတ်ဝန်းကျင်တစ်ခုဘဲဖြစ်ပါတယ်။ Bee World Project အရ တရုတ်ဟာ လက်ရှိမှာ ကမ္ဘာ့ပျားရည်ရဲ့ထက်ဝက်ကို ထောက်ပံ့ပေးနေကြောင်း သိရပါတယ်။

Mia (KB Chimmy One)

Zawgyi

မီတာ ၁၂၀၀ အျမင့္ရွိေခ်ာက္ကမ္းပါးကို ခိုတြဲထားတဲ့ ၇၀၀ နီးပါးရွိတဲ့သစ္သားေသတၱာမ်ားရဲ႕ေနာက္ကြယ္ရွိအျဖစ္မွန္

ကမာၻေပၚရွိအျခားႏိုင္ငံမ်ားနည္းတူ တ႐ုတ္ႏိုင္ငံမွာလည္း ပ်ားမ်ိဳးစိတ္မ်ားစြာမ်ိဳးသုဥ္း ေပ်ာက္ကြယ္လုနီးပါးျဖစ္ေနသလို အခ်ိဳ႕ေသာမ်ိဳးစိတ္မ်ားမွာ မ်ိဳးသုဥ္းသြားခဲ့ၿပီ ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံ Hubei ျပည္နယ္ Shennongjia အမ်ိဳးသားဥယ်ာဥ္အလယ္ဗဟိုရွိ မတ္ေစာက္တဲ့ေခ်ာက္ကမ္းပါးတစ္ခုေပၚကေနတြဲေလာင္းခ်ထားတဲ့ သစ္သားေသတၱာရာေပါင္းမ်ားစြာရွိရတဲ့အေၾကာင္းမွာ ၁၉ ရာစုမွာ သိပၸံအမည္ Apis mellifera ျဖစ္တဲ့ ဥေရာပပ်ားမ်ိဳးစိတ္ေပၚေပါက္လာခဲ့ၿပီး ၎တို႔အား ႏိုင္ငံအတြင္း ျပန္လည္တင္သြင္းဖို႔အတြက္ေၾကာင့္ဘဲျဖစ္ပါတယ္။ ထို႔ေနာက္ ပ်ားမ်ိဳးစိတ္အသစ္မ်ားက်ဴးေက်ာ္မႈရဲ႕ အက်ိဳးဆက္ကို ကာကြယ္ရန္ Shennongjia အမ်ိဳးသားဥယ်ာဥ္ဟာ ၎ပ်ားမ်ိဳးစိတ္မ်ားကို ထားရွိဖို႔ ေနရာတစ္တစ္ခုျဖစ္လာခဲ့ပါတယ္။

၎တို႔ရဲ႕ပ်ားမ်ိဳးစိတ္ထိန္းသိမ္းတဲ့နည္းလမ္းက ထူးျခားပါတယ္။ ပ်ားမ်ားအတြက္ ေနရာအျဖစ္ သစ္သားေသတၱာမ်ားျပဳလုပ္ၿပီး ျမင့္တဲ့ေခ်ာက္ကမ္းပါးမွာ တြဲေလာင္းခ်ိတ္ဆြဲထားခဲ့ၾကပါတယ္။ ဒီနည္းအားျဖင့္ ပ်ားရည္မ်ားကို ေသာက္သုံးတတ္ၾကတဲ့အႏၲရာယ္ေကာင္မ်ားရဲ႕ရန္မွ ကာကြယ္ေစခဲ့ပါတယ္။ သစ္သားေသတၱာအလုံးေပါင္း ၇၀၀ ကို ဒီဇိုင္းထုတ္လုပ္ၿပီး ပ်ားမ်ားရဲ႕အာ႐ုံကို ဆြဲေဆာင္ဖမ္းစားႏိုင္ဖို႔ ပင္လယ္ေရမ်က္ႏွာျပင္ကေန ၁.၂ ကီလိုမီတာျမင့္တဲ့၎ေခ်ာက္ကမ္းပါးေပၚမွာ ခ်ိတ္ဆြဲခဲ့ၾကပါတယ္။ ဒီမွ်ျမင့္မားတဲ့ ေခ်ာက္ကမ္းပါးေပၚရွိ ေသတၱာမ်ားရွိရာသို႔ေရာက္လာတဲ့အခါ ပ်ားေမြးျမဴသူအေနနဲ႔က ပ်ားသစ္သားေသတၱာတစ္လုံးကိုသာ ယူခ်ကာ ထုတ္ၾကည့္ႏိုင္ပါတယ္။

ဌာေနတိုင္းရင္းသားမ်ားရဲ႕၎ကဲ့သို႔ေသာ တီထြင္ဆန္းသစ္မႈဟာ ကုလသမဂၢပညာေရး၊ သိပၸံႏွင့္ယဥ္ေက်းမႈအဖြဲ႕ မွ ပ်ားမ်ားသီးသန႔္ေနရာတစ္ခုအျဖစ္ အသိအမွတ္ျပဳခံခဲ့ရပါတယ္။ တ႐ုတ္ႏိုင္ငံမွာရွိ ထိုေဒသမွာ မတူညီတဲ့ရာသီဥတုမ်ားရွိတဲ့အျပင္ ပန္းမန္ႏွင့္အပင္မ်ိဳးစုံရွိတာေၾကာင့္ Shennongjia အမ်ိဳးသားဥယ်ာဥ္ရွိ ေခ်ာက္ကမ္းပါးေပၚမွာ ပ်ားမ်ားထားရွိရန္ ေ႐ြးခ်ယ္ခဲ့ျခင္း ျဖစ္ပါတယ္။ ထိုေနရာကသာ ပ်ားမ်ားရွင္သန္ရန္၊ ဖြံ႕ၿဖိဳးတိုးတက္ရန္ ႏွင့္ ေဒသခံမ်ားအေနျဖင့္ ပ်ားမ်ားမ်ိဳးသုဥ္းျခင္းကိုကာကြယ္ေပးႏိုင္မဲ့ စံျပပတ္ဝန္းက်င္တစ္ခုဘဲျဖစ္ပါတယ္။ Bee World Project အရ တ႐ုတ္ဟာ လက္ရွိမွာ ကမာၻ႔ပ်ားရည္ရဲ႕ထက္ဝက္ကို ေထာက္ပံ့ေပးေနေၾကာင္း သိရပါတယ္။

Mia (KB Chimmy One)

  • Leave a Comment

Categories