စွန့်ပစ်နေရာဟောင်းတွေရဲ့ သဘာဝဆန်လွန်းတဲ့ ပုံတွေကို ရိုက်ကူးခဲ့သူ

Jonk အမည်ရှိ ဓာတ်ပုံဆရာတစ်ယောက်ဟာ မြို့ပြရဲ့မမြင်ရတဲ့ တစ်ခြားတစ်ဘက်က စိတ်ဝင်စားစရာကောင်းလှတဲ့ နေရာတွေမှာ ဓာတ်ပုံရိုက်ကူးဖို့ အိုင်ဒီယာရခဲ့တာဖြစ်ပါတယ်။ သူဟာ လှပတဲ့ဓာတ်ပုံတွေရဖို့အတွက် မြို့ရဲ့မြင်ကွင်းကို မြင်ရဖို့ ခေါင်မိုးအပေါ်ကို တက်ခြင်း၊ မြေအောက်ဥမင်လိုဏ်ခေါင်းတွေကို ညအချိန်သွားရောက်ခြင်း၊ လှပတဲ့နေရာတွေကို ရှာဖွေရင်း မြေအောက်သချိုင်းဂူတွေရှိတဲ့နေရာမှာ တစ်နေ့လုံးအချိန်ကုန်ဆုံးလိုက်ရတာာတွေ ရှိခဲ့ပါတယ်။

သူ့ရဲ့ဘဝမှာ ဒီလိုရှာဖွေမှုတွေ လုပ်ဆောင်ရတာဟာ စိတ်လှုပ်ရှားမှုကိုခံစားရစေကြောင်း ဆိုပါတယ်။
Jonk ဟာ နံရံပေါ်တွေမှာရေးဆွဲထားတဲ့ အနုပညာလက်ရာတွေကို ရိုက်ကူးဖို့ရှာဖွေရင်းနဲ့ ဟောင်းနွမ်းပျက်စီးပြီး သံချေးတွေတက်နေတဲ့အရာတွေ၊ ဆွေးမြေ့နေတာတွေ၊ ဆေးရောင်ပျက်ပြယ်နေတဲ့ နံ့ရံတွေ၊ ကွဲရှနေတဲ့ပြတင်းပေါက်တွေရဲ့ အံ့သြဖွယ်ကောင်းလှတဲ့ သဘာဝအလှအပကို ဖန်တီးဖို့သဘောပေါက်ခဲ့ပါတယ်။ ဒီလိုနဲ့ စွန့်ပစ်လူနေရာဟောင်းတွေဟာ သူ့ရဲ့အနုပညာဖန်တီးမှု ဖြစ်လာခဲ့ပါတယ်။

၅ နှစ်အကြာမှာတော့ သူဟာ တိုက်ကြီးလေးခုရဲ့ နိုင်ငံပေါင်းသုံးဆယ်ကျော်မှာ ဒီလိုစွန့်ပစ်နေရာ ခုနှစ်ရာကျော်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ စွန့်ပစ်နေရာတွေကို ပိုစိတ်ဝင်စားလာပြီး တစ်ချိန်က လူသားတွေတည်ဆောက်နေထိုင်ခဲ့ပြီး အခုအချိန်မှာတော့ လျစ်လျူရှုခံခဲ့ရတဲ့နောက် သဘာဝတရားကြီးနဲ့ ပေါင်းစပ်နေတဲ့ ကဗျာဆန်လှတဲ့အလှအပကို မြင်တွေ့ခဲ့ရတာပါ။ Jonk ဟာ စွန့်ပစ်နေရာဟောင်းတွေအပေါ် သဘာဝတရားကြီးရဲ့ ဖုံးလွှမ်းသွားမှုကို သူ့ရဲ့အနုပညာလက်ရာအဖြစ် လှပစွာပြောင်းလဲရိုက်ကူးခဲ့ပါတယ်။

Credit-SHWEMOM

Jonk Photography’s instagram

Zawgyi

စြန္႔ပစ္ေနရာေဟာင္းေတြရဲ႕ သဘာဝဆန္လြန္းတဲ့ ပံုေတြကို ႐ုိက္ကူးခဲ့သူ

Jonk အမည္႐ွိ ဓာတ္ပံုဆရာတစ္ေယာက္ဟာ ၿမိဳ႕ျပရဲ႕မျမင္ရတဲ့ တစ္ျခားတစ္ဘက္က စိတ္ဝင္စားစရာေကာင္းလွတဲ့ ေနရာေတြမွာ ဓာတ္ပံု႐ုိက္ကူးဖို႔ အိုင္္ဒီယာရခဲ့တာျဖစ္ပါတယ္။ သူဟာ လွပတဲ့ဓာတ္ပံုေတြရဖို႔အတြက္ ၿမိဳ႕ရဲ႕ျမင္ကြင္းကို ျမင္ရဖို႔ ေခါင္မိုးအေပၚကို တက္ျခင္း၊ ေျမေအာက္ဥမင္လိုဏ္္ေခါင္းေတြကို ညအခ်ိန္္သြားေရာက္ျခင္း၊ လွပတဲ့ေနရာေတြကို ႐ွာေဖြရင္း ေျမေအာက္သခ်ိဳင္းဂူေတြ႐ွိတဲ့ေနရာမွာ တစ္ေန႔လံုးအခ်ိန္ကုန္ဆံုးလုိက္ရတာာေတြ ႐ွိခဲ့ပါတယ္။

သူ႔ရဲ႕ဘဝမွာ ဒီလုိ႐ွာေဖြမႈေတြ လုပ္ေဆာင္ရတာဟာ စိတ္လႈပ္႐ွားမႈကိုခံစားရေစေၾကာင္း ဆုိပါတယ္။
Jonk ဟာ နံရံေပၚေတြမွာေရးဆြဲထားတဲ့ အႏုပညာလက္ရာေတြကို ႐ုိက္ကူးဖို႔႐ွာေဖြရင္းနဲ႔ ေဟာင္းႏြမ္းပ်က္စီးၿပီး သံေခ်းေတြတက္ေနတဲ့အရာေတြ၊ ေဆြးေျမ့ေနတာေတြ၊ ေဆးေရာင္ပ်က္ျပယ္ေနတဲ့ နံ႔ရံေတြ၊ ကြဲ႐ွေနတဲ့ျပတင္းေပါက္ေတြရဲ႕ အံ႔ၾသဖြယ္ေကာင္းလွတဲ့ သဘာဝအလွအပကို ဖန္တီးဖို႔သေဘာေပါက္ခဲ့ပါတယ္။ ဒီလုိနဲ႔ စြန္႔ပစ္လူေနရာေဟာင္းေတြဟာ သူ႔ရဲ႕အႏုပညာဖန္တီးမႈ ျဖစ္လာခဲ့ပါတယ္။

၅ ႏွစ္အၾကာမွာေတာ့ သူဟာ တုိက္ႀကီးေလးခုရဲ႕ ႏုိင္ငံေပါင္းသံုးဆယ္ေက်ာ္မွာ ဒီလုိစြန္႔ပစ္ေနရာ ခုႏွစ္ရာေက်ာ္ကို ေရာက္႐ွိခဲ့တာျဖစ္ပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် စြန္႔ပစ္ေနရာေတြကို ပိုစိတ္ဝင္စားလာၿပီး တစ္ခ်ိန္က လူသားေတြတည္ေဆာက္ေနထိုင္ခဲ့ၿပီး အခုအခ်ိန္မွာေတာ့ လ်စ္လ်ဴ႐ႈခံခဲ့ရတဲ့ေနာက္ သဘာဝတရားႀကီးနဲ႔ ေပါင္းစပ္ေနတဲ့ ကဗ်ာဆန္လွတဲဲ့အလွအပက္ုိ ျမင္ေတြ႔ခဲ့ရတာပါ။ Jonk ဟာ စြန္႔ပစ္ေနရာေဟာင္းေတြအေပၚ သဘာဝတရားႀကီးရဲ႕ ဖံုးလႊမ္းသြားမႈကို သူ႔ရဲ႕အႏုပညာလက္ရာအျဖစ္ လွပစြာေျပာင္းလဲ႐ုိက္ကူးခဲ့ပါတယ္။

Credit-SHWEMOM

  • Leave a Comment

Categories