ပရိသတ်ကြီးရေ ဒီတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ခေတ်အဆက်ဆက်က ထူးချွန်ခဲ့ကြတဲ့ စပိုင်တွေ ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်နော်။
စပိုင်လို့ ပြောလိုက်တာနဲ့ တစ်ဖက်က ရန်သူ့နိုင်ငံရဲ့ အတွင်းရေး သတင်းအချက်အလက်တွေကို ရအောင် နှိုက်ယူပြီး ကိုယ့်နိုင်ငံဆီ ပြန်တင်ပြကာ သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်နေကြတဲ့ သူတွေလို့ ပြောရမှာပါ။ ဒါ့ကြောင့် ကမ္ဘာ့အတော်ဆုံး ခေတ်အဆက်ဆက်က စပိုင်တွေ အကြောင်းကို ပြောပြပေးမှာမို့လို့ ဖတ်ရှုပေးကြပါဦးနော် ။
၁။ Melita Norwood
Melita Norwood ကတော့ ဗြိတိန် အဏုမြူ စွမ်အင် သုတေသန စင်တာမှာ လက်ထောက် ဒါရိုက်တာ အဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး အဏုမြူ ဗုံးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ရုရှားနိုင်ငံထံ နှစ်ပေါင်း ( ၃၇ ) ကျော်ကြာတဲ့ အထိ ပေးပို့ခဲ့ပြီး ( ၁၉၉၉ ) ခုနှစ် ရောက်မှသာ သူမအကြောင်းကို ဖော်ထုတ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
Melitia ရဲ့ ဖခင်ဖြစ်သူကတော့ လတ်ဗီးယား နိုင်ငံသားတစ်ဦး ဖြစ်ပြီး မိခင်ဖြစ်သူကတော့ ကွန်မြူနစ်တစ်ဦး ဖြစ်ကာ သူမ အကြောင်းကို သိသွားကြတဲ့ အချိန်မှာတော့ ရုရှားထောက်လှမ်းရေး ဖြစ်တဲ့ KGB ကနေ လာတဲ့ စပိုင် အဖြစ် လူသိများလာခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
သူမဟာ ဆိုဗီယက် ယူနီယံရဲ့ သက်တမ်း အရှည်ကြာဆုံး စပိုင်တွေထဲက တစ်ယောက်ဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်ကနေ စစ်အေးတိုက်ပွဲ ကာလတွေအထိ နယူးကလီးယား လျှို့ဝှက်ချက်တွေကို မော်စကို မြို့ဆီ သတင်းတွေ ပေးပို့ခဲ့သူတစ်ယောက် ဖြစ်ခဲ့ပါတယ် ။
၂။ Klaus Fuchs
ဂျာမန်နွယ်ဖွားတစ်ဦး ဖြစ်တဲ့ Klaus Fuchs ကတော့ ၁၉၃၃ ခုနှစ် မှာ နယူးကလီးယား ရူပဗေဒ ပညာရှင်အဖြစ် အင်္ဂလန်နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ် ။
သူဟာ “Tube Alloys “ အမည်ရှိ ဗြိတိန် ထိပ်တန်း လျှို့ဝှက်ချက်ဖြစ်တဲ့ အနုမြူ ဗုံး Project မှာ ပါဝင်ခဲ့တဲ့အပြင် အမေရိကန် မက်ဟက်တန် စီမံကိန်းမှာလည်း ပါဝင်ခဲ့ပါသေးတယ် ။ ၁၉၅၀ ခုနှစ်မှာတော့ Klaus ကို ဆိုဗီယက် ယူနီယံဆီ သတင်းပေးပို့ခဲ့တဲ့ အမှု နဲ့ ဖမ်းဆီးကာ အကျဉ်းချထားခဲ့ပါတယ် ။
ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ Klaus ဟာ နူးညံ့ သိမ်မွေ့ပြီး ပညာတတ် တစ်ယောက် ဖြစ်ကာ အကျဉ်းကျနေစဉ်အတွင်း အကျဉ်းသားများအား အဝတ်လျှော်စက်ရဲ့ လည်ပတ်အလုပ်လုပ်ပုံကို Diagram တစ်ခုဆွဲပြကာ ရှင်းပြခဲ့ပါသေးတယ် ။
၃။ Francis Walsingham
Francis Walsingham ကတော့ သမိုင်းမှာ အထူးချွန်ဆုံး Spymaster တွေထဲက တစ်ယောက် အဖြစ် သတ်မှတ် ခံထားရသူ တစ်ယောက်ပါ ။ Francis ဟာ အဲလိဇဘတ် 1 ဘုရင်မကြီးရဲ့ အဓိက အတွင်းရေးမှူးတစ်ယောက် ဖြစ်တဲ့အပြင် သစ္စာရှိလှတဲ့ ပရိုတက်စတင့် တစ်ဦးလည်း ဖြစ်ပါတယ် ။
ဒါ့အပြင် သူဟာ ဗရင်ဂျီ ဘာသာဝင်တွေကို ချေမှုန်းနှိမ်နှင်းဖို့ ကြိုးစားခဲ့သူ တစ်ဦးအဖြစ်လည်း နာမည်ကြီးခဲ့သူ တစ်ယောက်ပါ ။ Francis မှတ်တမ်းတွေဟာ အတော်လေးကို ဆိုးရွားလှပြီး စာရွက်တွေ နဲ့ တံဆိပ်တုံးတွေကို ကြားဖြတ်ရယူကာ အတုလုပ်ပြီး စကော့တလန် ဘုရင်မ မေရီနဲ့ ဆင်းရဲလှတဲ့ ကတ်သလစ် ဘုန်းတော်ကြီးတွေကို အခြားသော ပူးပေါင်းကြံစည်မှုတွေနဲ့ သံသယရှိတာကြောင့် ဖမ်းဆီးနှိပ်စက်ပြီး ကွပ်မျက်ဖို့ အမိန့်ပေးခဲ့တာလည်း ဖြစ်ပါတယ် ။
၄။ Oleg Gordievsky
Gordievsky ဟာ ၁၉၈၀ ခုနှစ်တွေတုန်းက လန်ဒန်မှာ ရှိတဲ့ KGB ရုံးတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုကာလ အတွင်းမှာ သူဟာ ဗြိတိသျှ ထောက်လှမ်းရေး ရဲ့ အဆက်အသွယ်ကို ရခဲ့ပါတယ် ။
ပရာဂ့် နွေဦး တော်လှန်ရေး အပြီးမှာတော့ ဆိုဗီယက်တို့ရဲ့ နိုင်ငံရေး နည်းလမ်းတွေကို Gordievsky ဟာ စိတ်ကုန်လာခဲ့ပြီး အနောက်တိုင်း ထောက်လှမ်းရေး အတွက် အလုပ်လုပ်ပေးခဲ့သော KGB ရဲ့ အဆင့်မြင့် အရာရှိ တစ်ယောက် အဖြစ် မှတ်တမ်းဝင်ခဲ့တာပဲ ဖြစ်ပါတယ် ။
နောက်ပိုင်းမှာတော့ Aldrich Ames လို့ခေါ်တဲ့ စပိုင်တစ်ယောက်ဟာ Gordievsky နဲ့ ပတ်သတ်ပြီး KGB ကို သတင်းပေးခဲ့တာကြောင့် သူ့ကို မော်စကို မြို့ဆီ ပြန်ခေါ်ယူပြီး စစ်ဆေးခံခဲ့ရပါတယ် ။ ဒါပေမယ့်လည်း ကံကောင်းစွာနဲ့ Gordievsky ဟာ ဗြိတိသျှ တို့ရဲ့ အကူအညီကြောင့် တစ်ခုသော နံနက်ခင်းမှာ ရုရှားကနေ တိတ်တဆိတ် ထွက်ပြေးလွတ်မြောက်ခဲ့သွား ရပါတယ် ။
၅။ Ursula Kuczynski
ဂျာမန် ဂျူး အနွယ်ဝင် ကွန်မြူနစ် တစ်ဦး ဖြစ်တဲ့ ကော့ဇင်းစကီ ဟာဆိုရင် ငယ်ရွယ်စဉ်ကတည်းက အမှုတွေ ကျူးလွန်ခဲ့သူတစ်ယောက်ပါ ။
၁၉၃၀ ခုနှစ်မှာတော့ သူမဟာ တရုတ်ပြည်ကို ရွှေ့ပြောင်းနေထိုင်ခဲ့ကာ ရေဒီယို နည်းပညာတွေကို လေ့လာခဲ့ပြီး ဆွစ်ဇာလန် နဲ့ အင်္ဂလန်နိုင်ငံတွေမှာလည်း နေထိုင်ခဲ့ပါသေးတယ် ။ နောက်ပိုင်းမှာ တော့ KGB စပိုင်တစ်ယောက်ဖြစ်တဲ့ သူမဟာ Klaus Fuchs အဖမ်းခံရတဲ့ သတင်းကြားပြီးနောက် ( ၁၉၅၀ ခုနှစ် ) အရှေ့ဘာလင်နိုင်ငံ ကို ထွက်ပြေးလာခဲ့ပါတော့တယ် ။
အချိန်တွေ ကြာသွားတဲ့ အခါ မှာတော့ ကော့ဇင်းစကီ ဟာ ကလေးသူငယ်တွေ ဖတ်ဖို့အတွက် စာအုပ်တွေ ရေးသားရင်းနဲ့ပဲ ဘဝကို ဖြတ်သန်းနေထိုင်ခဲ့တယ်လို့ သိရပါတယ် ။
အဆုံးထိ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Credit-shwekhitonlinetv
Zawgyi
ကမာၻ႔သမိုင္း အဆက္ဆက္မွာ အထူးခြၽန္ဆုံးျဖစ္ခဲ့တဲ့ စပိုင္သူလွ်ိဳမ်ား
ပရိသတ္ႀကီးေရ ဒီတစ္ေခါက္မွာ ေျပာျပေပးခ်င္တဲ့ အေၾကာင္းအရာေလးကေတာ့ ေခတ္အဆက္ဆက္က ထူးခြၽန္ခဲ့ၾကတဲ့ စပိုင္ေတြ ရဲ႕ အေၾကာင္းပဲ ျဖစ္ပါတယ္ေနာ္။
စပိုင္လို႔ ေျပာလိုက္တာနဲ႔ တစ္ဖက္က ရန္သူ႔ႏိုင္ငံရဲ႕ အတြင္းေရး သတင္းအခ်က္အလက္ေတြကို ရေအာင္ ႏႈိက္ယူၿပီး ကိုယ့္ႏိုင္ငံဆီ ျပန္တင္ျပကာ သက္စြန႔္ဆံဖ်ား တာဝန္ထမ္းေဆာင္ေနၾကတဲ့ သူေတြလို႔ ေျပာရမွာပါ။ ဒါ့ေၾကာင့္ ကမာၻ႔အေတာ္ဆုံး ေခတ္အဆက္ဆက္က စပိုင္ေတြ အေၾကာင္းကို ေျပာျပေပးမွာမို႔လို႔ ဖတ္ရႈေပးၾကပါဦးေနာ္ ။
၁။ Melita Norwood
Melita Norwood ကေတာ့ ၿဗိတိန္ အဏုျမဴ စြမ္အင္ သုေတသန စင္တာမွာ လက္ေထာက္ ဒါ႐ိုက္တာ အျဖစ္ အလုပ္လုပ္ကိုင္ခဲ့ၿပီး အဏုျမဴ ဗုံးနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြကို ႐ုရွားႏိုင္ငံထံ ႏွစ္ေပါင္း ( ၃၇ ) ေက်ာ္ၾကာတဲ့ အထိ ေပးပို႔ခဲ့ၿပီး ( ၁၉၉၉ ) ခုႏွစ္ ေရာက္မွသာ သူမအေၾကာင္းကို ေဖာ္ထုတ္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
Melitia ရဲ႕ ဖခင္ျဖစ္သူကေတာ့ လတ္ဗီးယား ႏိုင္ငံသားတစ္ဦး ျဖစ္ၿပီး မိခင္ျဖစ္သူကေတာ့ ကြန္ျမဴနစ္တစ္ဦး ျဖစ္ကာ သူမ အေၾကာင္းကို သိသြားၾကတဲ့ အခ်ိန္မွာေတာ့ ႐ုရွားေထာက္လွမ္းေရး ျဖစ္တဲ့ KGB ကေန လာတဲ့ စပိုင္ အျဖစ္ လူသိမ်ားလာခဲ့တာပဲ ျဖစ္ပါတယ္ ။ shwekhitonlinetv.com
သူမဟာ ဆိုဗီယက္ ယူနီယံရဲ႕ သက္တမ္း အရွည္ၾကာဆုံး စပိုင္ေတြထဲက တစ္ေယာက္ျဖစ္ၿပီး ဒုတိယ ကမာၻစစ္ကေန စစ္ေအးတိုက္ပြဲ ကာလေတြအထိ နယူးကလီးယား လွ်ိဳ႕ဝွက္ခ်က္ေတြကို ေမာ္စကို ၿမိဳ႕ဆီ သတင္းေတြ ေပးပို႔ခဲ့သူတစ္ေယာက္ ျဖစ္ခဲ့ပါတယ္ ။
၂။ Klaus Fuchs
ဂ်ာမန္ႏြယ္ဖြားတစ္ဦး ျဖစ္တဲ့ Klaus Fuchs ကေတာ့ ၁၉၃၃ ခုႏွစ္ မွာ နယူးကလီးယား ႐ူပေဗဒ ပညာရွင္အျဖစ္ အဂၤလန္ႏိုင္ငံကို ေရာက္ရွိလာခဲ့ပါတယ္ ။
သူဟာ “Tube Alloys “ အမည္ရွိ ၿဗိတိန္ ထိပ္တန္း လွ်ိဳ႕ဝွက္ခ်က္ျဖစ္တဲ့ အႏုျမဴ ဗုံး Project မွာ ပါဝင္ခဲ့တဲ့အျပင္ အေမရိကန္ မက္ဟက္တန္ စီမံကိန္းမွာလည္း ပါဝင္ခဲ့ပါေသးတယ္ ။ ၁၉၅၀ ခုႏွစ္မွာေတာ့ Klaus ကို ဆိုဗီယက္ ယူနီယံဆီ သတင္းေပးပို႔ခဲ့တဲ့ အမႈ နဲ႔ ဖမ္းဆီးကာ အက်ဥ္းခ်ထားခဲ့ပါတယ္ ။
ထြက္ေပၚခဲ့တဲ့ သတင္းမ်ားအရ Klaus ဟာ ႏူးညံ့ သိမ္ေမြ႕ၿပီး ပညာတတ္ တစ္ေယာက္ ျဖစ္ကာ အက်ဥ္းက်ေနစဥ္အတြင္း အက်ဥ္းသားမ်ားအား အဝတ္ေလွ်ာ္စက္ရဲ႕ လည္ပတ္အလုပ္လုပ္ပုံကို Diagram တစ္ခုဆြဲျပကာ ရွင္းျပခဲ့ပါေသးတယ္ ။
၃။ Francis Walsingham
Francis Walsingham ကေတာ့ သမိုင္းမွာ အထူးခြၽန္ဆုံး Spymaster ေတြထဲက တစ္ေယာက္ အျဖစ္ သတ္မွတ္ ခံထားရသူ တစ္ေယာက္ပါ ။ Francis ဟာ အဲလိဇဘတ္ 1 ဘုရင္မႀကီးရဲ႕ အဓိက အတြင္းေရးမႉးတစ္ေယာက္ ျဖစ္တဲ့အျပင္ သစၥာရွိလွတဲ့ ပ႐ိုတက္စတင့္ တစ္ဦးလည္း ျဖစ္ပါတယ္ ။
ဒါ့အျပင္ သူဟာ ဗရင္ဂ်ီ ဘာသာဝင္ေတြကို ေခ်မႈန္းႏွိမ္ႏွင္းဖို႔ ႀကိဳးစားခဲ့သူ တစ္ဦးအျဖစ္လည္း နာမည္ႀကီးခဲ့သူ တစ္ေယာက္ပါ ။ Francis မွတ္တမ္းေတြဟာ အေတာ္ေလးကို ဆိုး႐ြားလွၿပီး စာ႐ြက္ေတြ နဲ႔ တံဆိပ္တုံးေတြကို ၾကားျဖတ္ရယူကာ အတုလုပ္ၿပီး စေကာ့တလန္ ဘုရင္မ ေမရီနဲ႔ ဆင္းရဲလွတဲ့ ကတ္သလစ္ ဘုန္းေတာ္ႀကီးေတြကို အျခားေသာ ပူးေပါင္းႀကံစည္မႈေတြနဲ႔ သံသယရွိတာေၾကာင့္ ဖမ္းဆီးႏွိပ္စက္ၿပီး ကြပ္မ်က္ဖို႔ အမိန႔္ေပးခဲ့တာလည္း ျဖစ္ပါတယ္ ။
၄။ Oleg Gordievsky
Gordievsky ဟာ ၁၉၈၀ ခုႏွစ္ေတြတုန္းက လန္ဒန္မွာ ရွိတဲ့ KGB ႐ုံးတစ္ခုမွာ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ထိုကာလ အတြင္းမွာ သူဟာ ၿဗိတိသွ် ေထာက္လွမ္းေရး ရဲ႕ အဆက္အသြယ္ကို ရခဲ့ပါတယ္ ။
ပရာဂ့္ ေႏြဦး ေတာ္လွန္ေရး အၿပီးမွာေတာ့ ဆိုဗီယက္တို႔ရဲ႕ ႏိုင္ငံေရး နည္းလမ္းေတြကို Gordievsky ဟာ စိတ္ကုန္လာခဲ့ၿပီး အေနာက္တိုင္း ေထာက္လွမ္းေရး အတြက္ အလုပ္လုပ္ေပးခဲ့ေသာ KGB ရဲ႕ အဆင့္ျမင့္ အရာရွိ တစ္ေယာက္ အျဖစ္ မွတ္တမ္းဝင္ခဲ့တာပဲ ျဖစ္ပါတယ္ ။
ေနာက္ပိုင္းမွာေတာ့ Aldrich Ames လို႔ေခၚတဲ့ စပိုင္တစ္ေယာက္ဟာ Gordievsky နဲ႔ ပတ္သတ္ၿပီး KGB ကို သတင္းေပးခဲ့တာေၾကာင့္ သူ႔ကို ေမာ္စကို ၿမိဳ႕ဆီ ျပန္ေခၚယူၿပီး စစ္ေဆးခံခဲ့ရပါတယ္ ။ ဒါေပမယ့္လည္း ကံေကာင္းစြာနဲ႔ Gordievsky ဟာ ၿဗိတိသွ် တို႔ရဲ႕ အကူအညီေၾကာင့္ တစ္ခုေသာ နံနက္ခင္းမွာ ႐ုရွားကေန တိတ္တဆိတ္ ထြက္ေျပးလြတ္ေျမာက္ခဲ့သြား ရပါတယ္ ။
၅။ Ursula Kuczynski
ဂ်ာမန္ ဂ်ဴး အႏြယ္ဝင္ ကြန္ျမဴနစ္ တစ္ဦး ျဖစ္တဲ့ ေကာ့ဇင္းစကီ ဟာဆိုရင္ ငယ္႐ြယ္စဥ္ကတည္းက အမႈေတြ က်ဴးလြန္ခဲ့သူတစ္ေယာက္ပါ ။
၁၉၃၀ ခုႏွစ္မွာေတာ့ သူမဟာ တ႐ုတ္ျပည္ကို ေ႐ႊ႕ေျပာင္းေနထိုင္ခဲ့ကာ ေရဒီယို နည္းပညာေတြကို ေလ့လာခဲ့ၿပီး ဆြစ္ဇာလန္ နဲ႔ အဂၤလန္ႏိုင္ငံေတြမွာလည္း ေနထိုင္ခဲ့ပါေသးတယ္ ။ ေနာက္ပိုင္းမွာ ေတာ့ KGB စပိုင္တစ္ေယာက္ျဖစ္တဲ့ သူမဟာ Klaus Fuchs အဖမ္းခံရတဲ့ သတင္းၾကားၿပီးေနာက္ ( ၁၉၅၀ ခုႏွစ္ ) အေရွ႕ဘာလင္ႏိုင္ငံ ကို ထြက္ေျပးလာခဲ့ပါေတာ့တယ္ ။
အခ်ိန္ေတြ ၾကာသြားတဲ့ အခါ မွာေတာ့ ေကာ့ဇင္းစကီ ဟာ ကေလးသူငယ္ေတြ ဖတ္ဖို႔အတြက္ စာအုပ္ေတြ ေရးသားရင္းနဲ႔ပဲ ဘဝကို ျဖတ္သန္းေနထိုင္ခဲ့တယ္လို႔ သိရပါတယ္ ။
အဆုံးထိ ဖတ္ရႈေပးၾကတဲ့ပရိသတ္ႀကီးအားလုံးကို ေက်းဇူးအထူးတင္ရွိပါတယ္ေနာ္။
Credit-shwekhitonlinetv