အလုပ်ကြိုးစားမှုအတွက် ကုမ္ပဏီပိုင်ရှင်သူဌေးမှ ဇိမ်ခံကားသစ်တစ်စီးကို လက်ဆောင်ပေးခဲ့၍ မျက်ရည်ကျသည်ထိကို ဝမ်းသာသွားခဲ့ရသော ကောင်လေး(ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံမှ Jericအမည်ရှိသော အသက် ၂၀ကျော်အရွယ် ကောင်လေးတစ်ဦးသည် စားဝတ်နေရေးအတွက် ငွေများများရှာနိုင်ရန် မိသားစုနှင့်ခွဲကာ ဒူဘိုင်းနိုင်ငံသို့ သွားရောက်ပြီး အလုပ်လုပ်ကိုင်ခဲ့သည်။

ကောင်လေးသည် ဒူဘိုင်းမြို့ထဲရှိ နာမည်ကြီး ကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်လုပ်ခဲ့စဉ် စေတနာ မေတ္တာအပြည့်ထားကာ ကြိုးစားလုပ်ခဲ့ပြီး ရသမျှလစာကိုလည်း မသုံးပစ်ရက်ပဲ မိသားစုထံ ပြန်ပို့ပေးခဲ့သည်။

ကောင်လေးသည် ကုမ္ပဏီတွင် ၃နှစ်အကြာ ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့စဉ် အလုပ်ကြိုးစားသည့်အတွက် သူဌေးဖြစ်သူမှ သဘောကျလျက်ရှိကာ ကပ်ရောဂါကာလတွင်း အခက်အခဲများစွာ ဖြစ်ကြရသည့်အခါ လစာလျှော့ချခဲ့ချိန်မှာလည်း အပြုံးမပျက်ပဲ အလုပ်ကိုသာ ဂရုတစိုက်လုပ်ပေးခဲ့သည်။

ထိုသို့ ကြိုးစားမှုအတွက် နောက်ဆုံးရလဒ်မှာ သူအိပ်မက်မက်ခဲ့ရသည့် Hyundai Elantra ဇိမ်ခံကားကြီးကို လက်ဆောင်အဖြစ်ရရှိခဲ့ပြီး ဝမ်းသာလွန်း၍ မိခင်ဖြစ်သူထံ ဖုန်းလှမ်းဆက်အသိပေးပြီး အပျော်တွေကို ကူးစက်စေခဲ့သည်။

video

Rain (For Ialinks)

Zawgyi

  • Leave a Comment

Categories