သားဖြစ်သူကို ကျောင်းထွက်ခွင့်ပြုပြီး ပရော်ဖက်ရှင်နယ် gamer တစ်ဦးဖြစ်အောင် နောက်ကွယ်ကနေ ကိုယ်တိုင်ပံ့ပိုးပေးခဲ့တဲ့ ဖခင်တစ်ဦး

မိဘအများစုက ဂိမ်းကစားခြင်းက ၎င်းတို့ရဲ့ကလေးများအတွက် ဝါသနာတစ်ခုသာဖြစ်သင့်ပြီး ကျောင်းကသာ ၎င်းတို့ရဲ့ဦးစားပေးဖြစ်သင့်တယ်လို့ တွေးကြပါတယ်။ သားသမီးများရဲ့ဘဝအတွက် ပိုကောင်းတဲ့အခြေခံများရှိစေရန်နှင့် ပိုကောင်းတဲ့အနာဂတ်ရှိဖို့အတွက် ကလေးတိုင်း ကျောင်းတက်သင့်တယ်လို့ မိဘအများစု တွေးကြပါလိမ့်မယ်။ သို့ပေမဲ့ လူတိုင်းက ဒီလိုပဲထင်နေမှာ မဟုတ်ပါဘူး။ မကြာသေးခင်ကမှ ဖခင်တစ်ဦးဟာ ပရော်ဖက်ရှင်နယ် Fortnite ကစားသမားတစ်ယောက်ဖြစ်လာအောင် သားဖြစ်သူကို အားပေးထောက်ပံ့ပေးခဲ့တဲ့အတွက် နာမည်ကြီးသွားခဲ့ပါတယ်။

Alex Mackechnie အမည်ရှိကောင်လေးက ပထမတော့ Matt Mackechnie အမည်ရှိဖခင်ဖြစ်သူဟာ သူအသက် ၁၇ နှစ်အရွယ်မှာ သူ့ရဲ့ပညာရေးအတွက် အရမ်းတင်းကြပ်ခဲ့တယ်လို့ ဆိုပါတယ်။ စနေ၊တနင်္ဂနွေနေ့ မှသာ သူ့ကို ကွန်ပျူတာသုံးခွင့်ပြုပြီး screen time ပါကန့်သတ်ထားတာတဲ့အပြင် တနင်္ဂနွေနေ့ မှာ ကွန်ပျူတာဂိမ်းကစားတာကို ကျိန်းသေ ခွင့်မပြုခဲ့ပါဘူး။

မိဘများက သူ့အား သူ့ရဲ့လေ့လာမှုများကိုသာအာရုံစိုက်စေချင်ခဲ့ကြောင်း Alex က ပြောခဲ့ပါတယ်။ သို့ပေမဲ့ Alex က စနေ၊ တနင်္ဂနွေနေ့မှာသာ ကစားရပေမဲ့လည်း ဂိမ်းဆော့တဲ့နေရာမှာ ကျွမ်းကျင်နေခဲ့ပါတယ်။

Alex ဟာ အလွန်တော်တဲ့ Fortnite ကစားသမားတစ်ဦးဖြစ်ပြီး Fortnite World Cup သို့ ရောက်လုနီးပြီဖြစ်ပါတယ်။ ဒီပွဲကြီးမှာ ဆုရရှိသူများကို ဒေါ်လာသန်း ၃၀ တန်ဆုကြေးငွေကို ဝေမျှပေးမှာဖြစ်ပါတယ်။ သားဖြစ်သူ့ရဲ့အသက်မွေးဝမ်းကျောင်းက ဘယ်နေရာသို့ဦးတည်နေတာကိုမြင်ခဲ့ရတာကြောင့် နောက်ဆုံး ဖခင် Matt က Alex ကို ၎င်းဂိမ်းဆော့မဲ့ကာလပတ်လုံး ထောက်ပံ့ပေးရန်ဆုံးဖြတ်ခဲ့လိုက်ပါတယ်။

ထို့အပြင် ဖခင် Matt ဟာ ပရော်ဖက်ရှင်နယ် Fortnite ကစားသမားတစ်ဦးဖြစ်လာရန် နှင့် ပိုပြီး အာရုံစိုက်နိုင်ရန်အတွက် Alex အား ကျောင်းထွက်ခွင့်ပြုခဲ့ပါသေးတယ်။

ဖခင် Matt က ကမ္ဘာတစ်ဝှမ်းလုံးရှိပြိုင်ပွဲများမှာအနိုင်ရခဲ့တာကြောင့် လွန်ခဲ့တဲ့ ၁၈ လအတွင်း ဒေါ်လာ ၄၂,၀၀၀ ကျော်ရရှိခဲ့တဲ့အပြင် မကြာမီသန်းကြွယ်သူဌေးတစ်ဦးဖြစ်လာရန်မျှော်လင့်နေတဲ့ သားဖြစ်သူကလည်း လာမည့် Fortnite ကမ္ဘာ့ဖလားကို မျှော်နေခဲ့ကြောင်း ဆိုထားပါတယ်။

ဖခင် Matt ဟာ သူ့ကလေးကျောင်းထွက်ရမှာကို ကြိုမမြင်ခဲ့ပေမယ့် သူတကယ်ကျွမ်းကျင်တဲ့၎င်းအသက်မွေးဝမ်းကြောင်းအတွက် သားဖြစ်သူ Alex ကို အရည်အချင်းတိုးတက်လာအောင် အကောင်းဆုံးကူညီဖို့ဆုံးဖြတ်ချက်နိုင်ခဲ့ကြောင်းလည်း ဝန်ခံခဲ့ပါသေးတယ်။

Alex က ယခုအချိန်မှာ အထက်တန်းကျောင်းဆက်မတက်နိုင်တော့ပေမဲ့လည်း နောက်ပိုင်းမှ သူ့ရဲ့ပညာရေးကို ဆက်လက်သင်ကြားမှာဖြစ်ပါတယ်။ လက်ရှိမှာ မိသားစုဝင်များက e-sports ၌ Alex ရဲ့အသက်မွေးဝမ်းကျောင်းပြုမှုအတွက် အားရရွှင်လန်းစွာ ဆုတောင်းစကားဆိုနေကြပြီး မကြာခင်မှာ Alexရဲ့အိမ်မက်များလည်း ပြီးမြောက်လိမ့်မယ်လို့လည်း မျှော်လင့်နေကြရပါတယ်။

Mia (Mckzone Daily)

  • Leave a Comment

Categories