သူတို့ကိုသူတို့ ဘယ်လောက်ကြီးမားတယ်ဆိုတာကို မေ့လျော့နေကြတဲ့ ခွေးလေးတွေ

ကိုယ်အိမ်ကိုရောက်လာတဲ့နေ့မှာတော့ ခွေးပေါက်စလေးဆိုပေမယ့် တစ်နေ့ထက်တစ်နေ့ ဒီခွေးလေးက တဖြည်းဖြည်းကြီးပြင်းလာပြီး ကြီးပြင်းမှုက မရပ်တန့်တော့ဘူးဆိုရင် ကိုယ်မွေးထားတဲ့ခွေးဟာ Clifford the Big Red Dog ဇာတ်ကားထဲက ခွေးလိုမျိုးဆိုတာကို သဘောပေါက်မိလာမှာပါ။

ဒီတစ်ခေါက်မှာတော့ အရမ်းကိုကြီးမားလွန်းတဲ့ ဧရာမခွေးတွေဖြစ်နေပေမယ့် သူတို့ရဲ့စိတ်မှာတော့ သူတို့ကိုယ်သူတို့ ကြီးမားတယ်လို့ မထင်မိတဲ့ ခွေးတွေကို ဝေမျှပေးလိုက်ပါတယ်။ ဒီခွေးတွေက ငယ်ငယ်တုန်းကလိုမျိုး သခင်ရင်ခွင်ထဲမှာ တက်ထိုင်ရတာကို အခုအချိန်ထိ သဘောကျနေကြတုန်းပဲ ဖြစ်ပါတယ်။

ဒါပေမယ့် သတိထားရမှာတစ်ခုက ကိုယ့်ရဲ့ခွေးတွေကို အသက်ရှည်ရှည်၊ ပျော်ပျော်ရွှင်ရွှင်နေစေချင်တယ်ဆိုရင်တော့ အဝလွန်ခြင်းမဖြစ်အောင် ဂရုစိုက်ဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်။ တိရိစ္ဆာန်ဆေးကုသရေးအဖွဲ့ PDSA က ခွေးတွေကို အဟာရပြည့်ဝတဲ့ အစားအစာတွေ ကျွေးတာက သူတို့ကိုကျန်းမာကြံ့ခိုင်စေတယ်ဆိုပေမယ့် အလွန်အကျွံကျွေးတာမျိုး မလုပ်ဖို့ကို သတိပေးထားပါတယ်။ နောက်ပြီး သူတို့ရဲ့အသက်အရွယ်နဲ့ ရှိသင့်တဲ့ဝိတ်ကိုလည်း ထိန်းပေးခြင်း၊ တိရိစ္ဆာန်ဆရာဝန်တွေနဲ့ ဆွေးနွေးပြီး ခန္ဓာကိုယ်အခြေနေ စစ်ဆေးခြင်းတွေက ကိုယ့်ရဲ့ခွေးလေးကို အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ နေထိုင်နိုင်မယ်လို့ အကြံပြုထားတာပါ။

အရမ်းကိုကြီးမားတဲ့ ဧရာမခွေးကြီးတွေရဲ့ ဓာတ်ပုံတွေကို ဝေမျှပေးလိုက်ပါတယ်။

Credit-SHWEMOM

Photos from instagram

Zawgyi

သူတို႔ကိုသူတုိ႔ ဘယ္ေလာက္ႀကီးမားတယ္ဆိုတာကို ေမ့ေလ်ာ့ေနၾကတဲ့ ေခြးေလးေတြ

ကိုယ္အိမ္ကိုေရာက္လာတဲ့ေန႔မွာေတာ့ ေခြးေပါက္စေလးဆုိေပမယ့္ တစ္ေန႔ထက္တစ္ေန႔ ဒီေခြးေလးက တျဖည္းျဖည္းႀကီးျပင္းလာၿပီး ႀကီးျပင္းမႈက မရပ္တန္႔ေတာ့ဘူးဆိုရင္ ကိုယ္ေမြးထားတဲ့ေခြးဟာ Clifford the Big Red Dog ဇာတ္ကားထဲက ေခြးလိုမ်ိဳးဆုိတာကို သေဘာေပါက္မိလာမွာပါ။

ဒီတစ္ေခါက္မွာေတာ့ အရမ္းကိုႀကီးမားလြန္းတဲ့ ဧရာမေခြးေတြျဖစ္ေနေပမယ့္ သူတို႔ရဲ႕စိတ္မွာေတာ့ သူတုိ႔ကိုယ္သူတို႔ ႀကီးမားတယ္လုိ႔ မထင္မိတဲ့ ေခြးေတြကို ေဝမွ်ေပးလုိက္ပါတယ္။ ဒီေခြးေတြက ငယ္ငယ္တုန္းကလုိမ်ိဳး သခင္ရင္ခြင္ထဲမွာ တက္ထိုင္ရတာကို အခုအခ်ိန္ထိ သေဘာက်ေနၾကတုန္းပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ သတိထားရမွာတစ္ခုက ကိုယ့္ရဲ႕ေခြးေတြကို အသက္႐ွည္႐ွည္၊ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနေစခ်င္တယ္ဆုိရင္ေတာ့ အဝလြန္ျခင္းမျဖစ္ေအာင္ ဂ႐ုစိုက္ဖို႔ လုိအပ္တာပဲ ျဖစ္ပါတယ္။ တိရိစၦာန္ေဆးကုသေရးအဖြဲ႔ PDSA က ေခြးေတြကို အဟာရျပည့္ဝတဲ့ အစားအစာေတြ ေကၽြးတာက သူတို႔ကိုက်န္းမာႀကံ႕ခုိင္ေစတယ္ဆုိေပမယ့္ အလြန္အကၽြံေကၽြးတာမ်ိဳး မလုပ္ဖို႔ကို သတိေပးထားပါတယ္္။ ေနာက္ၿပီး သူတို႔ရဲ႕အသက္အ႐ြယ္နဲ႔ ႐ွိသင့္တဲ့ဝိတ္ကိုလည္း ထိန္းေပးျခင္း၊ တိရိစၦာန္ဆရာဝန္္ေတြနဲ႔ ေဆြးေႏြးၿပီး ခႏၶာကိုယ္အေျခေန စစ္ေဆးျခင္းေတြက ကိုယ့္ရဲ႕ေခြးေလးကို အသက္႐ွည္႐ွည္နဲ႔ က်န္းက်န္းမာမာ ေနထိုင္ႏုိင္မယ္လုိ႔ အႀကံျပဳထားတာပါ။

အရမ္းကိုႀကီးမားတဲ့ ဧရာမေခြးႀကီးေတြရဲ႕ ဓာတ္ပံုေတြကို ေဝမွ်ေပးလုိက္ပါတယ္။

Credit-SHWEMOM

  • Leave a Comment

Categories