ကမ္ဘာကြီးညစ်ညမ်းလာအောင် လူသားတွေ အများကြီးလုပ်ခဲ့မိပြီဆိုတာကို သက်သေပြနေတဲ့ ကြောက်မက်ဖွယ်ရာဓာတ်ပုံများ

မင်္ဂလာပါ။ လူသားတွေနေထိုင်ရာ ကမ္ဘာမြေကြီးက အံ့သြဖို့ကောင်းပါတယ်။ လှပတဲ့နေရာများ၊အံအားသင့် လောက်စရာအဖြစ်ပျက်များ စတာတွေနဲ့ ပြည့်နှက်နေတဲ့ကမ္ဘာမြေကြီးပါ။ ဒါပေမဲ့ ကမ္ဘာမြေကြီးမှာ လူသားတွေနေ့ထိုင်လာတာအချိန်ကြာလာတာနဲ့အမျှ ကမ္ဘာမြေကြီးကို တဖြေးဖြေးနဲ့ ညစ်နွမ်းလာစေပါတယ်။ ကမ္ဘာကြီးညစ်ညမ်းလာအောင် လူသားတွေ အများကြီးလုပ်ခဲ့မိပြီဆိုတာကို ကြောက်မက်ဖွယ်ရာသက်သေဓာတ်ပုံများကိုဖော်ပြပေးလိုက်ပါတယ်။

(၁)

တရုတ်ပြည်ရဲ့သဘာဝတရားကြီးညစ်ညမ်းလာမှုကိုအပေါ်လွင်ဆုံးဖော်ပြနိုင်တဲ့ဓာတ်ပုံ

(၂)

တရုတ်နိုင်ငံ Qingdao က ရေမှော်ကြီးခြင်း

(၃)

ပလက်စတစ် လက်အိတ်ထဲပိတ်မိနေတဲ့ သနားစရာ ငါးလေး

(၄)

ငါးပိုက်ကွန်ထဲ ညပ်နေရှာတာ

(၅)

နယူးဒေလီက ယမုံနာမြစ်ရဲ့အ‌ခြေအမန

(၆)

လူတွေစွန့်ပစ်ထားတဲ့ ပလက်စတစ်အမှိုက်မျိုးစုံနဲ့ ညစ်ညမ်းနေတဲ့ရေ

(၇)

သေစေနိုင်လောက်တဲ့ စွန့်ပစ်ပစ္စည်း

(၈)

လူတွေအတွက် အမှတ်တမဲ့စွန့်ပစ်လိုက်ပေမယ့် သတ္တဝါငယ်လေးတွေအတွက်တော့ အန္တရာယ်ကြီးပါပဲ

(၉)

မက္ကစီကိုပင်လယ်ကွေ့မှာ မှောက်ကျထားတဲ့ ရေနံစိမ်း

(၁၀)

ပလက်စတစ်တွေ ပြည့်နှက်နေတဲ့ ရေထဲမှာ သင်ရော နေထိုင်ချင်ပါ့မလား။

(၁၁)

ကမ်းခြေမှာရှိတဲ့ အမှိုက်တွေကိုသန့်ရှင်းရေး ပြုလုပ်ပြီးသောအခါ

(၁၂)

အပြစ်မရှိတဲ့ တိလေးတွေကို ကျွန်မတို့တောင်မသိလိုက်ဘဲ ဒုက္ခပေးမိနိုင်ပါတယ်။

(၁၃)

ပါရာဂွေးရှိ ကွန်ဖြူဆို မြစ်အတွင်းမှာ အတုံးအရုံးသေဆုံးနေကြတဲ့ ငါးသေတွေကို တွေ့မြင်ရတာပဲဖြစ်ပါတယ်။

(၁၄)

ရေနေတိလေးတွေဟာ ပလက်စတစ်အိတ်ကို စားစရာအဖြစ်မြင်တတ်ကြပါတယ်။ ဒါကြောင့် သူတို့တွေကိုအတော်လေး ဒုက္ခရောက်စေတာပဲဖြစ်ပါတယ်။

(၁၅)

ပလက်စတစ်ကွင်းသေးသေးလေးတောင်မှ သေစေသည်အထိ အန္တရာယ်များပါတယ်။

(၁၆)

ပလက်စတစ်ဘူးခွံပေါ်မှာ ကပ်တွယ်နေကြတဲ့ ပင်လယ်ခရုလေးများ

(၁၇)

လူတွေရဲ့အမြင်မှာတော့ ပလက်စတစ်အမှိုက်တွေက ပေါ့သေးသေးဖြစ်ပေမယ့် အသက်တွေကိုတော့ သေစေနိုင်ပါတယ်။

(၁၈)

ကြောက်မက်ဖွယ်ကောင်းတဲ့ ရေမှော်ညစ်ညမ်းခြင်း တရုတ်နိုင်ငံမှာဖြစ်ပွားတာပါ။

(၁၉)

သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးတာ လူသားတွေလို့ဆိုရမှာပါပဲ။

(၂၀)

တာ့ခ်ျမဟာရဲ့ မမျှော်လင့်ထားတဲ့မြင်ကွင်း

(၂၁)

ကမ္ဘာပေါ်မှာ လူပေါင်းများစွာစွန့်ပစ်နေကြတဲ့အမှိုက်စုစုပေါင်းရဲ့ တစ်စိတ်တစ်ပိုင်းတောင်မရှိပါဘူး။

(၂၂)

ဗီယက်နမ်က အနောက်ဘက်ကန်ရေပြင်ကြီး တစ်ခုလုံး ငါးသေတွေနဲ့ဖုံးလွှမ်းနေတာ။

(၂၃)

ဂင်္ဂါမြစ်ထဲ ရေချိုးသွားတိုက်နေသူတစ်ယောက်ကို ရိုက်ကူးထားတဲ့ဓာတ်ပုံ…သိသာတာတစ်ခုကတော့ အမှိုက်တွေပါပဲ

(၂၄)

အမှိုက်တွေဖုံးလွှမ်းနေတဲ့ကြားထဲကနေ စားစရာမြက်ကို ရှာဖွေစားသောက်နေရတဲ့ နွားလေး

(၂၅)

ရာသီဥတုတွေဖောက်ပြန်လာရတဲ့ အကြောင်းပြချက်တွေထဲကတစ်ချက်

ဖော်ပြပေးခဲ့တဲ့ ဓာတ်ပုံတွေဟာ ကမ္ဘာကြီးကို လူသားတွေ ဘယ်လောက်တောင်ဖျက်ဆီးနေမိပြီလဲဆိုတာကို သက်သေပြနေတဲ့ဓာတ်ပုံတွေပဲဖြစ်ပါတယ်။ အချိန်မလွန်ခင် ကမ္ဘာကြီး ညစ်ညမ်းမှုကနေ ကိုယ်ပိုင်အသိစိတ်လေးတွေနဲ့ကယ်တင်နိုင်မယ်လို့တော့ မျှော်လင့်ရတာပါပဲ။

Ref: Bright Side

Credit-Celeguru

  • Leave a Comment

Categories