သစ်ပင်တွေကိုအသုံးပြုပြီး သူ့ရဲ့အနုပညာလက်ရာတွေကို ပိုပြည့်စုံအောင်ဖန်တီးခဲ့တဲ့ ဘရာဇီးလ်အနုပညာရှင်

မြို့ပြနဲ့သဘာဝဟာ ဆန့််ကျင်ဘက်အရာလို့ ထင်ရနိုင်ပေမယ့် ဒါဟာအမြဲတမ်းအတွက် မမှန်ကန်ပါဘူး။ တစ်ခါတစ်လေမှာ စိတ်ကူးစိတ်သန်းကောင်းတစ်ခုက ဒီဆန့်ကျင့်ဖက်အရာနှစ်ခုကို ပေါင်းစပ်ပြီး ထူးခြားတဲ့အရာတစ်ခုဖြစ်လာစေနိုင်ပါတယ်။

ဘရာဇီးလ်နိုင်ငံ Goiania ရှိအနုပညာရှင်တစ်ဦးရဲ့ လက်ရာတွေဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ပိုပိုပြီးလူသိများလာခဲ့ပါတယ်။ အနုပညာရှင် Fábio Gomes Trindade ဟာ street art တွေကို ဖန်တီးခဲ့ပြီး ကြည့်ရှုသူတွေကို စိတ်ကြည်နူးမှုပေးနိုင်စေတာ ဖြစ်ပါတယ်။ Fábio ဟာ သစ်ပင်ချုံပုတ်တွေကို သူဖန်တီးထားတဲ့ အမျိုးသမီးဇာတ်ကောင်လေးတွေရဲ့ ဆံပင်အဖြစ် စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့အနုပညာလက်ရာတွေကြောင့် ဆိုရှယ်မီဒီယာပေါ်ကနေတစ်ဆင့် ကမ္ဘာတစ်ဝှမ်းလုံးအထိ နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။

အော်စကာဆုရှင် Viola Davis က သူမရဲ့လူမှုကွန်ယက်ပေါ်တွင် Fábio ရဲ့ အနုပညာလက်ရာတွေကို ပြန်လည်တင်ခဲ့ပြီး သူ့လက်ရာတွေကို ကြိုက်တာကြောင်းလို့ ဆိုပါတယ်။ Follower သုံးသန်းကျော်ရှိတဲ့ အဆိုတော် Beyonce ရဲ့ မိခင်ဟာလည်း ပြန်လည်ဝေမျှခဲ့ပြီး အပင်ကိုအသုံးပြုပြီး ဖန်တီးတဲ့လှပတဲ့ နည်းလမ်းတစ်ခုလို့ ပြောကြားခဲ့ပါတယ်။

ပန်းချီဆရာ Fábio ဟာ သစ်ပင်အရွက်တွေရဲ့အောက်မှာ သူ့ရဲ့ပန်းချီကားတွေကို ပုံဖော်ခဲ့ပြီး အရမ်းကိုအံ့သြဖွယ်လက်ရာတွေကို ခံစားမိစေမှာပဲ ဖြစ်ပါတယ်။ သဘာဝတရားနဲ့ မြို့ပြရဲ့ပေါင်းစပ်မှုဟာ အရမ်းကိုလှပနေခဲ့ပြီး ကြည့်ရှုခံစားမိတဲ့သူတိုင်းကို စိတ်အပန်းဖြေစရာတစ်ခု ဖြစ်စေမှာပါ။

Credit-SHWEMOM

Zawgyi

သစ္ပင္္ေတြကိုအသံုးျပဳၿပီး သူ႔ရဲ႕အႏုပညာလက္ရာေတြကို ပိုျပည့္္စံုေအာင္ဖန္တီးခဲ့တဲ့ ဘရာဇီးလ္အႏုပညာ႐ွင္

ၿမိဳ႕ျပနဲ႔သဘာဝဟာ ဆန္္႔က်င္ဘက္အရာလုိ႔ ထင္ရႏုိင္ေပမယ့္ ဒါဟာအျမဲတမ္းအတြက္ မမွန္ကန္ပါဘူး။ တစ္ခါတစ္ေလမွာ စိတ္ကူးစိတ္သန္းေကာင္းတစ္ခုက ဒီဆန္႔က်င့္ဖက္အရာႏွစ္ခုကို ေပါင္းစပ္ၿပီး ထူးျခားတဲ့အရာတစ္ခုျဖစ္လာေစႏိုင္ပါတယ္။

ဘရာဇီးလ္ႏုိင္ငံ Goiania ႐ွိအႏုပညာ႐ွင္တစ္ဦးရဲ႕ လက္ရာေတြဟာ ကမၻာတစ္ဝွမ္းလံုးမွာ ပိုပိုၿပီးလူသိမ်ားလာခဲ့ပါတယ္။ အႏုပညာ႐ွင္ Fábio Gomes Trindade ဟာ street art ေတြကို ဖန္တီးခဲ့ၿပီး ၾကည့္႐ႈသူေတြကို စိတ္ၾကည္ႏူးမႈေပးႏိုင္ေစတာ ျဖစ္ပါတယ္။ Fábio ဟာ သစ္ပင္ခ်ံဳပုတ္ေတြကို သူဖန္တီးထားတဲ့ အမ်ိဳးသမီးဇာတ္ေကာင္ေလးေတြရဲ႕ ဆံပင္အျဖစ္ စိိတ္ကူးစိတ္သန္းေကာင္းေကာင္းနဲ႔ အသံုးျပဳခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕အႏုပညာလက္ရာေတြေၾကာင့္ ဆုိ႐ွယ္မီဒီယာေပၚကေနတစ္ဆင့္ ကမၻာတစ္ဝွမ္းလံုးအထိ နာမည္ႀကီးလာခဲ့တာ ျဖစ္ပါတယ္။

ေအာ္စကာဆု႐ွင္ Viola Davis က သူမရဲ႕လူမႈကြန္ယက္ေပၚတြင္ Fábio ရဲ႕ အႏုပညာလက္ရာေတြကို ျပန္လည္တင္ခဲ့ၿပီး သူ႔လက္ရာေတြကို ႀကိဳက္တာေၾကာင္းလို႔ ဆုိပါတယ္။ Follower သံုးသန္းေက်ာ္႐ွိတဲ့ အဆုိေတာ္ Beyonce ရဲ႕ မိခင္ဟာလည္း ျပန္လည္ေဝမွ်ခဲ့ၿပီး အပင္ကိုအသံုးျပဳၿပီး ဖန္တီးတဲ့လွပတဲ့ နည္းလမ္းတစ္ခုလုိ႔ ေျပာၾကားခဲ့ပါတယ္။

ပန္းခ်ီဆရာ Fábio ဟာ သစ္ပင္အ႐ြက္ေတြရဲ႕ေအာက္မွာ သူ႔ရဲ႕ပန္းခ်ီကားေတြကို ပံုေဖာ္ခဲ့ၿပီး အရမ္းကိုအံ႔ၾသဖြယ္လက္ရာေတြကို ခံစားမိေစမွာပဲ ျဖစ္ပါတယ္။ သဘာဝတရားနဲ႔ ၿမိဳ႕ျပရဲ႕ေပါင္းစပ္မႈဟာ အရမ္းကိုလွပေနခဲ့ၿပီး ၾကည့္႐ႈခံစားမိတဲ့သူတိုင္းကို စိတ္အပန္းေျဖစရာတစ္ခု ျဖစ္ေစမွာပါ။

Credit-SHWEMOM

  • Leave a Comment

Categories