သူမရဲ့ထူးခြားတဲ့ မြင်းနဲ့အတူ အမိုက်စားဓာတ်ပုံတွေ ဖန်တီးခဲ့တဲ့ မိန်းကလေး

မြင်းတစ်ကောင်ပိုင်ဆိုင်ထားခြင်းဟာ အားသာချက်တွေအများကြီး ရှိလို့နေပြီး သူတို့ဟာစိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုပေးနိုင်သလို သူတို့နဲ့အချိန်ဖြုန်းရတာ ပျော်စရာကောင်းတတ်ပါတယ်။ Naomie ဆိုတဲ့ကောင်မလေးဟာ ထူခြားတဲ့ Storm ဆိုတဲ့မြင်းတစ်ကောင်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

Naomie ဟာ ငယ်စဉ်ကတည်းက မြင်းတွေကိုစိတ်ဝင်စားသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ကိုယ်ပိုင်မြင်းလေးကို ဝယ်ယူချင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သူမရဲ့အိပ်မက်ကို ဖြည့်ဆည်းနိုင်ခဲ့ပြီး Naomie က Storm ကို မြင်မြင်ချင်းမှာ သဘောကျသွားခဲ့တာဖြစ်ပြီး ဒါကသူမရဲ့အိပ်မက်ဖြစ်ပြီး ငယ်ငယ်ကမက်ခဲ့တဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

သူမရဲ့မြင်းလေးကို Storm လို့နာမည်ပေးခဲ့တာဖြစ်ပြီး ထူးခြားတဲ့မြင်းတစ်ကောင်ဖြစ်ကြောင်းကို သူမက ခုလိုပြောပြခဲ့ပါတယ် “သူ့ကိုဝယ်လာတာ ငါးနှစ်ရှိပြီ သူကအရမ်းချောတယ် အရမ်းလည်းချစ်စရာကောင်းတယ် စမတ်ကျပြီး ရယ်စရာလည်းကောင်းပါတယ် ဘာပဲဖြစ်ဖြစ် ကျွန်မသူ့ကိုယုံတယ်” လို့ ပြောပြခဲ့ပါတယ်။ မြင်းမလေး Strom မှာ ထူးခြားလှပတဲ့ အမွှေးလေးတွေကို ပိုင်ဆိုင်တားတာကြောင့် မြင်သူတိုင်းက လှပကြောင်းချီးကျူးမိမှာ အမှန်ပါ။

Naomie နဲ့ Storm တို့ဟာအတော်လေးဆင်တူကြပြီး ဒီမြင်းလေးဝယ်ဖြစ်ခဲ့ပုံနဲ့ပတ်သက်ပြီး “ကျွန်မနဲ့ဆင်တူတဲ့ မြင်းတစ်ကောင်ဝယ်ယူဖို့ မရည်ရွယ်ခဲ့ပါဘူး ဒါပေမယ့် မြင်းဝယ်ဖို့စဉ်းစားနေတုန်း တစ်ယောက်ယောက်က မက်ဆော့ချ်ပို့လာတယ် မင်းနဲ့တူတဲ့မြင်းလေးမို့ စဉ်းစားပါဆိုပြီး ဟာသအနေနဲ့စလိုက်တာက နောက်ဆုံးမှာ သူ့ကိုတကယ်ဝယ်ဖို့ဖြစ်လာခဲ့တယ်” လို့ ဆိုပါတယ်။

Naomie နဲ့ Storm တို့ရဲ့ဓာတ်ပုံတွေမှာ သူတို့ရဲ့ချစ်ခြင်းမေတ္တာကို မြင်သာနိုင်ရုံမက သူတို့နှစ်ယောက်ရဲ့ အတော်လေးဆင်တူမှုကို မြင်တွေ့နိုင်မှာပါ။ Storm ဟာ အရမ်းကိုလိမ္မာတဲ့ မြင်းလေးတစ်ကောင်ဖြစ်ပြီး ဓာတ်ပုံရိုက်တဲ့အချိန်မှာတောင် စိတ်ရှည်စွာအရိုက်ခံခဲ့တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ယောက်ဟာ မတူညီတဲ့အရာလေးတွေလုပ်ရင်း အချိန်ဖြုန်းရတာကိုကြိုက်ပြီး အတူစီးတာ၊ လမ်းလျှောက်တာစတာတွေကို ပြုလုပ်ကာ ပျော်ရွှင်စရာအချိန်လေးတွေကို ကုန်ဆုံးတတ်ကြတာ ဖြစ်ပါတယ်။

Credit-SHWEMOM

photos from / haflinger_storm_naomi’s instagram

Zawgyi

သူမရဲ႕ထူးျခားတဲ့ ျမင္းနဲ႔အတူ အမိုက္စားဓာတ္ပုံေတြ ဖန္တီးခဲ့တဲ့ မိန္းကေလး

ျမင္းတစ္ေကာင္ပိုင္ဆိုင္ထားျခင္းဟာ အားသာခ်က္ေတြအမ်ားႀကီး ရွိလို႔ေနၿပီး သူတို႔ဟာစိတ္ပိုင္းဆိုင္ရာ ေထာက္ပံ့မႈေပးႏိုင္သလို သူတို႔နဲ႔အခ်ိန္ျဖဳန္းရတာ ေပ်ာ္စရာေကာင္းတတ္ပါတယ္။ Naomie ဆိုတဲ့ေကာင္မေလးဟာ ထူျခားတဲ့ Storm ဆိုတဲ့ျမင္းတစ္ေကာင္ကို ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။

Naomie ဟာ ငယ္စဥ္ကတည္းက ျမင္းေတြကိုစိတ္ဝင္စားသူတစ္ေယာက္ျဖစ္ၿပီး သူမရဲ႕ကိုယ္ပိုင္ျမင္းေလးကို ဝယ္ယူခ်င္ခဲ့တာ ျဖစ္ပါတယ္။ ေနာက္ဆုံးမွာေတာ့ သူမရဲ႕အိပ္မက္ကို ျဖည့္ဆည္းႏိုင္ခဲ့ၿပီး Naomie က Storm ကို ျမင္ျမင္ခ်င္းမွာ သေဘာက်သြားခဲ့တာျဖစ္ၿပီး ဒါကသူမရဲ႕အိပ္မက္ျဖစ္ၿပီး ငယ္ငယ္ကမက္ခဲ့တဲ့ အိပ္မက္ကို အေကာင္အထည္ေဖာ္ႏိုင္ခဲ့ပါတယ္။

သူမရဲ႕ျမင္းေလးကို Storm လို႔နာမည္ေပးခဲ့တာျဖစ္ၿပီး ထူးျခားတဲ့ျမင္းတစ္ေကာင္ျဖစ္ေၾကာင္းကို သူမက ခုလိုေျပာျပခဲ့ပါတယ္ “သူ႔ကိုဝယ္လာတာ ငါးႏွစ္ရွိၿပီ သူကအရမ္းေခ်ာတယ္ အရမ္းလည္းခ်စ္စရာေကာင္းတယ္ စမတ္က်ၿပီး ရယ္စရာလည္းေကာင္းပါတယ္ ဘာပဲျဖစ္ျဖစ္ ကြၽန္မသူ႔ကိုယုံတယ္” လို႔ ေျပာျပခဲ့ပါတယ္။ ျမင္းမေလး Strom မွာ ထူးျခားလွပတဲ့ အေမႊးေလးေတြကို ပိုင္ဆိုင္တားတာေၾကာင့္ ျမင္သူတိုင္းက လွပေၾကာင္းခ်ီးက်ဴးမိမွာ အမွန္ပါ။

Naomie နဲ႔ Storm တို႔ဟာအေတာ္ေလးဆင္တူၾကၿပီး ဒီျမင္းေလးဝယ္ျဖစ္ခဲ့ပုံနဲ႔ပတ္သက္ၿပီး “ကြၽန္မနဲ႔ဆင္တူတဲ့ ျမင္းတစ္ေကာင္ဝယ္ယူဖို႔ မရည္႐ြယ္ခဲ့ပါဘူး ဒါေပမယ့္ ျမင္းဝယ္ဖို႔စဥ္းစားေနတုန္း တစ္ေယာက္ေယာက္က မက္ေဆာ့ခ်္ပို႔လာတယ္ မင္းနဲ႔တူတဲ့ျမင္းေလးမို႔ စဥ္းစားပါဆိုၿပီး ဟာသအေနနဲ႔စလိုက္တာက ေနာက္ဆုံးမွာ သူ႔ကိုတကယ္ဝယ္ဖို႔ျဖစ္လာခဲ့တယ္” လို႔ ဆိုပါတယ္။

Naomie နဲ႔ Storm တို႔ရဲ႕ဓာတ္ပုံေတြမွာ သူတို႔ရဲ႕ခ်စ္ျခင္းေမတၱာကို ျမင္သာႏိုင္႐ုံမက သူတို႔ႏွစ္ေယာက္ရဲ႕ အေတာ္ေလးဆင္တူမႈကို ျမင္ေတြ႕ႏိုင္မွာပါ။ Storm ဟာ အရမ္းကိုလိမၼာတဲ့ ျမင္းေလးတစ္ေကာင္ျဖစ္ၿပီး ဓာတ္ပုံ႐ိုက္တဲ့အခ်ိန္မွာေတာင္ စိတ္ရွည္စြာအ႐ိုက္ခံခဲ့တယ္လို႔ ဆိုပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ မတူညီတဲ့အရာေလးေတြလုပ္ရင္း အခ်ိန္ျဖဳန္းရတာကိုႀကိဳက္ၿပီး အတူစီးတာ၊ လမ္းေလွ်ာက္တာစတာေတြကို ျပဳလုပ္ကာ ေပ်ာ္႐ႊင္စရာအခ်ိန္ေလးေတြကို ကုန္ဆုံးတတ္ၾကတာ ျဖစ္ပါတယ္။

Credit-SHWEMOM

  • Leave a Comment

Categories