အမြင့်ပေ ၃၇၀၀၀အထက် ပျံသန်းနေသော လေယာဉ်ပေါ်တွင် အရိုဆုံးပုံစံဖြင့် မင်္ဂလာပွဲကျင်းပခဲ့သော ဇနီးမောင်နှံ

ဖိလစ်ပိုင်နိုင်ငံမှ Curaအမည်ရှိ အသက် ၂၃နှစ်အရွယ် မိန်းကလေးနှင့် Topyအမည်ရှိ အသက် ၂၆နှစ်အရွယ် အမျိုးသားတို့သည် Air Asiaလေယာဉ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများဖြစ်သည်။

Air Asiaလေယာဉ်သည် သူတို့နှစ်ဦးဧ။် ဆုံတွေ့ခဲ့သည့် အချစ်မှတ်တိုင်တစ်ခုလည်း ဖြစ်ခဲ့၍ မင်္ဂလာပွဲကို အမြင့်ပေ ၃၇၀၀၀အထက် ပျံသန်းနေသော လေယာဉ်ပေါ်ကနေ ဧည့်သည်တော်များနှင့်အတူ ရိုမက်တစ်ဆန်ဆန်လေးနှင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကျင်းပခဲ့ကြသည်။

လေယာဉ်ပျံပေါ် မင်္ဂလာဆောင်ရခြင်းက သူတို့နှစ်ဦးရဲ့ အိပ်မက်ဖြစ်ခဲ့ပြီး စတွေ့ချင်းမှာပဲ တစ်ယောက်နှင့်တစ်ယောက် စိတ်ဝင်စားကာ နားလည်မှုတွေနှင့်အတူ ၂နှစ်နီးပါး ချစ်ကြိုက်ခဲ့ရာကနေ နှဖက်မိဘသဘောတူညီမှုနှင့် လက်ထပ်ခဲ့ကြခြင်းဖြစ်၍ အများမှ အားကျခဲ့ကြသည်။

Rain (For Ialinks)

Zawgyi





Rain (For Ialinks)

  • Leave a Comment

Categories