စွန့်ပစ်ပစ္စည်းတွေဟာ ကျွန်တော့်တို့ရဲ့လှပတဲ့သမုဒ္ဒရာထဲဘယ်လိုရောက်ရှိသွားကြောင်းဆိုတဲ့သတင်းတစ်ပုဒ်မပါဘဲ တစ်နေ့တာကိုကုန်ဆုံးသွားစေခဲ့ခြင်းမရှိပါဘူး။အဲ့လိုအဖြစ်အပျက်တွေကြောင့် ရေထုညစ်ညမ်းမှုကိုတားဆီးရန် အားစိုက်ထုတ်မှုတွေ ပိုမိုတိုးပွါးလာခဲ့ကြပါတယ်။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများရဲ့ခန့်မှန်းချက်အရ စွန့်ပစ်ပစ္စည်းအရေအတွက်ဟာ ထရီလီယံပေါင်းများစွာရှိနေပြီး ပင်လယ်သမုဒ္ဒရာအတွင်းယိုယွင်းနေတဲ့ ပလပ်စတစ်စွန့်ပစ်ပစ္စည်းတန်ချိန် ၂၆၀,၀၀၀ ကျော်ရှိနေပါတယ်။မျိုးစုံတဲ့ပလတ်စတစ်တွေဟာ ရေကိုညစ်ညမ်းစေရုံသာမက ပင်လယ်သမုဒ္ဒရာရှိသက်ရှိတွေကိုပါထိခိုက်စေနိုင်ပါတယ်။ရေငုပ်သမားများရဲ့ အင်ဒိုနီးရှားနိုင်ငံရှိ Lembeh ရေလက်ကြားမှ ရေဘဝဲအား ပလတ်စတစ်ခွက်တစ်ခုမှ ကမာကောင်ရဲ့အခွံတစ်ခုသို့ နေအိမ်ပြောင်းရွေ့ရန်သွေးဆောင်နေတဲ့ဗီဒီယိုတစ်ခုဟာလူသိများသွားခဲ့ပါတယ်။
Pall Sigurdsson ဟာ Iceland မှအင်ဂျင်နီယာတစ်ဦး ဖြစ်ပြီး ရေအောက်သတ္တဝါလေးများရဲ့စွန့်စားမှုတွေကို ရိုက်ကူးရန်ကြိုက်နှစ်သက်သူတစ်ဦးလည်းဖြစ်ပါတယ်။ရေငုပ်နေတဲ့သူငယ်ချင်းတစ်ဦးက Sigurdsson ကိုလက်ဖြင့်အချက်ပြပြီး ဒီပလတ်စတစ်ခွက်ထဲမှာရှိနေတဲ့ ရေဘဝဲကို ကူညီနိုင်မလားဟုမေးခဲ့ပြီး Sigurdsson နှင့် အခြားရေငုပ်သမားများဟာ သေးငယ်တဲ့ရေဘဝဲလေးကိုကူညီရန် အလွန်စိတ်ဝင်စားနေခဲ့တာကြောင့် သူတို့ရဲ့အောက်စီဂျင်များစွာကိုရေအောက်မှာကုန်ဆုံးစေခဲ့ပါတယ်။နောက်ဆုံးတော့ သူတို့ရှာဖွေတွေ့ရှိခဲ့တဲ့သူငယ်ချင်းအသစ်လေးအား အိမ်ခြံမြေပြောင်းရန် ဆွဲဆောင်နိုင်ခဲ့ပါတယ်။
“သမုဒ္ဒရာရေစီးကြောင်းပေါ် မူတည်ပြီး ကောင်းမွန်တဲ့နေ့ရက်တွေရှိသလို အချို့ရက်မှာတော့ အမှိုက်များစွာကိုတွေ့နေရတယ်၊အဲတာအပြင် ပင်လယ်ရေအောက်သတ္တဝါတွေကိုအမှိုက်မပါပဲရိုက်ကူးဖို့ဆိုတာမဖြစ်နိုင်ဘူး”၊”လူတွေပင်လယ်သမုဒ္ဒရာကိုကြည့်လိုက်တဲ့အခါ အလှပဆုံးဖြစ်နေအောင် ငါတို့အတတ်နိုင်ဆုံးကြိုးစားနေပါတယ်။အရင်တစ်ခေါက်က ပျက်ဆီးနေတဲ့ဘက်ထရီတစ်ခုမှာ Anemone ငါးရှိနေတာကို တွေ့လိုက်ရသေးတယ်။ဒါဟာကြေကွဲစရာပဲ”ဟု Sigurdsson သက်ပြင်းချပြီးပြောလိုက်ပါသေးတယ်။ပလတ်စတစ်တွေဟာ ပင်လယ်သမုဒ္ဒရာရေထုညစ်ညမ်းမှုကိုအဓိက ဖြစ်စေပြီး ပင်လယ်သမုဒ္ဒရာကြီးကျန်းမာပြီးလှပကောင်းမွန်တဲ့နေရာတစ်ခုဖြစ်စေရန်အတွက်လည်း လူသားတိုင်းမှာ တာဝန်ကိုယ်စီရှိနေပါတယ်။အဲ့ဒီတာဝန်ကိုလည်း ကျေပွန်စွာ ထမ်းဆောင်နိုင်မယ်လို့လည်း မျှော်လင့်မိနေပါတယ်။
Jasmine (Mckzone Daily)
Source: boredpanda
Zawgyi
ပင္လယ္နက္ထဲရွိ ပလပ္စတစ္ခြက္ထဲခိုေအာင္ေနတဲ့ ေရဘဝဲေပါက္စေလးကို ကမာေကာင္အခြံထဲ ေနရာေရႊ႔ေပးခဲ့တဲ့ ေရငုပ္သမား (႐ုပ္သံ)
စြန႔္ပစ္ပစၥည္းေတြဟာ ကၽြန္ေတာ့္တို့ရဲ့လွပတဲ့သမုဒၵရာထဲဘယ္လိုေရာက္ရွိသြားေၾကာင္းဆိုတဲ့သတင္းတစ္ပုဒ္မပါဘဲ တစ္ေန႔တာကိုကုန္ဆုံးသြားေစခဲ့ျခင္းမရွိပါဘူး။အဲ့လိုအျဖစ္အပ်က္ေတြေၾကာင့္ ေရထုညစ္ညမ္းမွုကိုတားဆီးရန္ အားစိုက္ထုတ္မွုေတြ ပိုမိုတိုးပြါးလာခဲ့ၾကပါတယ္။သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးသမားမ်ားရဲ့ခန႔္မွန္းခ်က္အရ စြန႔္ပစ္ပစၥည္းအေရအတြက္ဟာ ထရီလီယံေပါင္းမ်ားစြာရွိေနၿပီး ပင္လယ္သမုဒၵရာအတြင္းယိုယြင္းေနတဲ့ ပလပ္စတစ္စြန႔္ပစ္ပစၥည္းတန္ခ်ိန္ ၂၆၀,၀၀၀ ေက်ာ္ရွိေနပါတယ္။မ်ိဳးစုံတဲ့ပလတ္စတစ္ေတြဟာ ေရကိုညစ္ညမ္းေစ႐ုံသာမက ပင္လယ္သမုဒၵရာရွိသက္ရွိေတြကိုပါထိခိုက္ေစနိုင္ပါတယ္။ေရငုပ္သမားမ်ားရဲ့ အင္ဒိုနီးရွားနိုင္ငံရွိ Lembeh ေရလက္ၾကားမွ ေရဘဝဲအား ပလတ္စတစ္ခြက္တစ္ခုမွ ကမာေကာင္ရဲ့အခြံတစ္ခုသို့ ေနအိမ္ေျပာင္းေရြ႕ရန္ေသြးေဆာင္ေနတဲ့ဗီဒီယိုတစ္ခုဟာလူသိမ်ားသြားခဲ့ပါတယ္။
Pall Sigurdsson ဟာ Iceland မွအင္ဂ်င္နီယာတစ္ဦး ျဖစ္ၿပီး ေရေအာက္သတၱဝါေလးမ်ားရဲ့စြန႔္စားမွုေတြကို ရိုက္ကူးရန္ႀကိဳက္ႏွစ္သက္သူတစ္ဦးလည္းျဖစ္ပါတယ္။ေရငုပ္ေနတဲ့သူငယ္ခ်င္းတစ္ဦးက Sigurdsson ကိုလက္ျဖင့္အခ်က္ျပၿပီး ဒီပလတ္စတစ္ခြက္ထဲမွာရွိေနတဲ့ ေရဘဝဲကို ကူညီနိုင္မလားဟုေမးခဲ့ၿပီး Sigurdsson ႏွင့္ အျခားေရငုပ္သမားမ်ားဟာ ေသးငယ္တဲ့ေရဘဝဲေလးကိုကူညီရန္ အလြန္စိတ္၀င္စားေနခဲ့တာေၾကာင့္ သူတို့ရဲ့ေအာက္စီဂ်င္မ်ားစြာကိုေရေအာက္မွာကုန္ဆုံးေစခဲ့ပါတယ္။ေနာက္ဆုံးေတာ့ သူတို့ရွာေဖြေတြ႕ရွိခဲ့တဲ့သူငယ္ခ်င္းအသစ္ေလးအား အိမ္ၿခံေျမေျပာင္းရန္ ဆြဲေဆာင္နိုင္ခဲ့ပါတယ္။
“သမုဒၵရာေရစီးေၾကာင္းေပၚ မူတည္ၿပီး ေကာင္းမြန္တဲ့ေန႔ရက္ေတြရွိသလို အခ်ိဳ့ရက္မွာေတာ့ အမွိုက္မ်ားစြာကိုေတြ႕ေနရတယ္၊အဲတာအျပင္ ပင္လယ္ေရေအာက္သတၱဝါေတြကိုအမွိုက္မပါပဲရိုက္ကူးဖို့ဆိုတာမျဖစ္နိုင္ဘူး”၊”လူေတြပင္လယ္သမုဒၵရာကိုၾကည့္လိုက္တဲ့အခါ အလွပဆုံးျဖစ္ေနေအာင္ ငါတို့အတတ္နိုင္ဆုံးႀကိဳးစားေနပါတယ္။အရင္တစ္ေခါက္က ပ်က္ဆီးေနတဲ့ဘက္ထရီတစ္ခုမွာ Anemone ငါးရွိေနတာကို ေတြ႕လိုက္ရေသးတယ္။ဒါဟာေၾကကြဲစရာပဲ”ဟု Sigurdsson သက္ျပင္းခ်ၿပီးေျပာလိုက္ပါေသးတယ္။ပလတ္စတစ္ေတြဟာ ပင္လယ္သမုဒၵရာေရထုညစ္ညမ္းမွုကိုအဓိက ျဖစ္ေစၿပီး ပင္လယ္သမုဒၵရာႀကီးက်န္းမာၿပီးလွပေကာင္းမြန္တဲ့ေနရာတစ္ခုျဖစ္ေစရန္အတြက္လည္း လူသားတိုင္းမွာ တာဝန္ကိုယ္စီရွိေနပါတယ္။အဲ့ဒီတာဝန္ကိုလည္း ေက်ပြန္စြာ ထမ္းေဆာင္နိုင္မယ္လို့လည္း ေမၽွာ္လင့္မိေနပါတယ္။
Jasmine (Mckzone Daily)