ဆီဖြည့်နေတဲ့ကားပေါ်ကနေ ဓာတ်ဆီဆိုင်ရှိဝန်ထမ်းများထံမှ အစာလှမ်းယူနေခဲ့တဲ့ချစ်စဖွယ်ဗီဒီယိုကြောင့် လူသိများလာတဲ့ ဆင်တစ်ကောင်

ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်၊ အင်္ဂါနေ့က @shellkarakbentong အမည်ရှိ TikTok အကောင့်မှ တင်ပေးခဲ့တဲ့ Karak ဓာတ်ဆီဆိုင်ရှိ လုပ်သားများထံမှ အစာများလက်ခံနေတဲ့ ဆင်တစ်ကောင်ရဲ့တိုတောင်းတဲ့ဗီဒီယိုကလစ် တစ်ခုဟာ လူကြိုက်များသွားခဲ့ပါတယ်။ ထိုဗီဒီယိုဟာ ကြည့်ရှုသူ ၉၈၅,၆၀၀ ကျော် နှင့် Like ၇၉,၇၀၀ ကျော်ရရှိခဲ့ပါတယ်။ ဗီဒီယိုထဲအရ ဓာတ်ဆီဆိုင်မှ၀န်ထမ်းများက ၎င်းဆင်တစ်ကောင်အား ပေါင်မုန့်အနည်းငယ်ဝေငှနေတာကို တွေ့မြင်နိုင်ပါတယ်။ အမျိုးသားဆင်ထိန်းသိမ်းရေးစင်တာပိုင်လော်ရီကားတစ်စီးအတွင်းမှာ ငြိမ်သက်စွာရှိနေခဲ့တဲ့ ၎င်းဆင်ဟာ Shell ဝန်ထမ်းတစ်ဦးထံမှ အစာကိုပျော်ရွှင်စွာ သူ့ရဲ့နှာမောင်းဖြင့် လှမ်းယူနေတာကို တွေ့မြင်ရမှာပါ။

၎င်းဆင်ဟာ မုန့်ကို ပါးစပ်ထဲထည့်လိုက်ပြီးတဲ့နောက်မှာ ပျော်ရွှင်စွာဖြင့် ၎င်းရဲ့နားရွက်ကို လှုပ်ခါရင်း ထရပ်ကားထဲမှာပဲကျန်နေခဲ့ပါတယ်။ ဆင်လေးရဲ့အပြုအမူနှင့် ချစ်ဖို့ကောင်းနေမှုတို့ကြောင့် အင်တာနက်သုံးစွဲသူများစွာက ရယ်မောပျော်ရွှင်ခဲ့ကြပြီး ဆင်လေးအားချစ်စရာကောင်းလွန်းတယ်လို့ မှတ်ချက်များပေးခဲ့ကြပါတယ်။ ထို့အပြင် ၎င်းဗီဒီယိုဖိုင်ကို social media platform များစွာနဲ့ Twitter ပေါ်မှာ ပြန်လည်ဝေမျှခဲ့ကြပြီး တိရိစ္ဆာန်လေးတွေက ဘယ်လောက်ချစ်စရာကောင်းလဲဆိုတာကို အချင်းချင်းပြောဆိုကာ မျှဝေခဲ့ကြပါသေးတယ်။

Mia (KBdailynews)

Reference : says

Zawgyi

ဆီျဖည့္ေနတဲ့ကားေပၚကေန ဓာတ္ဆီဆိုင္ရွိဝန္ထမ္းမ်ားထံမွ အစာလွမ္းယူေနခဲ့တဲ့ခ်စ္စဖြယ္ဗီဒီယိုေၾကာင့္ လူသိမ်ားလာတဲ့ ဆင္တစ္ေကာင္

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၇ ရက္၊ အဂၤါေန႔က @shellkarakbentong အမည္ရွိ TikTok အေကာင့္မွ တင္ေပးခဲ့တဲ့ Karak ဓာတ္ဆီဆိုင္ရွိ လုပ္သားမ်ားထံမွ အစာမ်ားလက္ခံေနတဲ့ ဆင္တစ္ေကာင္ရဲ႕တိုေတာင္းတဲ့ဗီဒီယိုကလစ္ တစ္ခုဟာ လူႀကိဳက္မ်ားသြားခဲ့ပါတယ္။ ထိုဗီဒီယိုဟာ ၾကည့္ရႈသူ ၉၈၅,၆၀၀ ေက်ာ္ ႏွင့္ Like ၇၉,၇၀၀ ေက်ာ္ရရွိခဲ့ပါတယ္။ ဗီဒီယိုထဲအရ ဓာတ္ဆီဆိုင္မွ၀န္ထမ္းမ်ားက ၎ဆင္တစ္ေကာင္အား ေပါင္မုန႔္အနည္းငယ္ေဝငွေနတာကို ေတြ႕ျမင္ႏိုင္ပါတယ္။ အမ်ိဳးသားဆင္ထိန္းသိမ္းေရးစင္တာပိုင္ေလာ္ရီကားတစ္စီးအတြင္းမွာ ၿငိမ္သက္စြာရွိေနခဲ့တဲ့ ၎ဆင္ဟာ Shell ဝန္ထမ္းတစ္ဦးထံမွ အစာကိုေပ်ာ္႐ႊင္စြာ သူ႔ရဲ႕ႏွာေမာင္းျဖင့္ လွမ္းယူေနတာကို ေတြ႕ျမင္ရမွာပါ။

၎ဆင္ဟာ မုန႔္ကို ပါးစပ္ထဲထည့္လိုက္ၿပီးတဲ့ေနာက္မွာ ေပ်ာ္႐ႊင္စြာျဖင့္ ၎ရဲ႕နား႐ြက္ကို လႈပ္ခါရင္း ထရပ္ကားထဲမွာပဲက်န္ေနခဲ့ပါတယ္။ ဆင္ေလးရဲ႕အျပဳအမူႏွင့္ ခ်စ္ဖို႔ေကာင္းေနမႈတို႔ေၾကာင့္ အင္တာနက္သုံးစြဲသူမ်ားစြာက ရယ္ေမာေပ်ာ္႐ႊင္ခဲ့ၾကၿပီး ဆင္ေလးအားခ်စ္စရာေကာင္းလြန္းတယ္လို႔ မွတ္ခ်က္မ်ားေပးခဲ့ၾကပါတယ္။ ထို႔အျပင္ ၎ဗီဒီယိုဖိုင္ကို social media platform မ်ားစြာနဲ႔ Twitter ေပၚမွာ ျပန္လည္ေဝမွ်ခဲ့ၾကၿပီး တိရိစာၦန္ေလးေတြက ဘယ္ေလာက္ခ်စ္စရာေကာင္းလဲဆိုတာကို အခ်င္းခ်င္းေျပာဆိုကာ မွ်ေဝခဲ့ၾကပါေသးတယ္။

Mia (KBdailynews)

  • Leave a Comment

Categories