ဝဝကစ်ကစ်မိန်းကလေးနှင့်တွဲကာ အချစ်မှာအသွင်အပြင်ကအဓိကမဟုတ်ကြောင်းကို သက်သေပြပေးခဲ့တဲ့ အမျိုးသား

လူတိုင်းဟာ အထူးသဖြင့် မိန်းကလေးများဟာ ကျစ်လစ်တဲ့ခန္ဓာကိုယ်နှင့် ကြည့်ကောင်းရန် အမြဲဆန္ဒရှိကြပါတယ်။ ၎င်းက သူတို့ကိုယ်သူတို့ကျန်းမာနေဖို့သာမကဘဲ အထင်ကြီးစရာကောင်းတဲ့အသွင်အပြင်က သူတို့အတွက်အလုပ်အကိုင်နှင့် relationship တို့နှစ်ခုစလုံးမှာပါ ပိုမိုလွယ်ကူစေမယ်လို့တွေးတတ်ကြပါတယ်။ ထို့ကြောင့် လူများစွာဟာ ၎င်းတို့ရဲ့ဆွဲဆောင်မှုမရှိတဲ့အသွင်အပြင်ကြောင့် မိမိကိုယ်ကို အထင်အမြင်သေးနေကြရပါတယ်။ ၎င်းတို့က ဘယ်သူ့ကိုမှချစ်ဖို့မဝံ့ကြသလို့ ၎င်းတို့ကိုယ်တိုင်ကိုလည်း ချောမောတဲ့လူအား ရှာနိုင်လိမ့်မယ်လို့မထင်ရဲကြပါဘူး။

သို့သော် အချို့သောချစ်သူစုံတွဲတို့မှာ အသွင်အပြင်ကြီးကြီးမားမားကွဲပြားမှုကိုမြင်နိုင်တဲ့ဒဏ္ဍာရီပုံပြင်များကဲ့သို့အချစ်ရေးဇာတ်လမ်းများစွာရှိနေပါတယ်။ မကြာသေးမီကလည်း ထိုကဲ့သို့သောစုံတွဲတစ်တွဲကြောင့် netizens များဟာ စိတ်လှုပ်ရှားသွားခဲ့ရပါတယ်။ ထို့ကြောင့် cyberspace ဟာ မကြာသေးမီက ကမ်းခြေမှာ အလွန့်အလွန်ပျော်ရွှင်နေခဲ့ကြတဲ့စုံတွဲတစ်တွဲရဲ့ဓာတ်ပုံများကို ဆက်တိုက်ဖြန့်ဝေခဲ့ပြီး လူများစွာအား အားကျသွားစေခဲ့ပါတယ်။

ချစ်သူကောင်လေးက ကျစ်လစ်တဲ့ခန္ဓာကိုယ်၊ ချောမောတဲ့ရုပ်ရည်ရှိပြီး မော်ဒယ်တစ်ယောက်လိုကြည့်ကောင်းနေပေမဲ့ ချစ်သူကောင်မလေးကတော့ ပိုဝတဲဲ့ရုပ်ရည်အသွင်အပြင်မှာရှိနေခဲ့ပါတယ်။ ၎င်းတို့စုံတွဲဟာ မလိုက်ဖက်ဘူးလို့ထင်ရသော်လည်း ၎င်းတို့ရဲ့ပျော်ရွှင်စရာပုံရိပ်များက ၎င်းတို့ဘယ်လောက်ပျော်ရွှင်နေခဲ့ကြောင်းကို သက်သေပြနေခဲ့ပါတယ်။

၎င်းတို့စုံတွဲဟာ ပုံတစ်ပုံချင်းစီ၌ ၎င်းတို့ရဲ့ခံစားချက်များကို ဂရုမစိုက်ဘဲ တစ်ဦးကိုတစ်ဦး အလွန်အမင်း လွတ်လပ်စွာ အနမ်းပေးနေခဲ့ကြပါတယ်။ ထို့နောက် အဆိုပါအထူးစုံတွဲရဲ့ဓာတ်ပုံများက လူမှုကွန်ရက်တွေမှာ ပေါ်ထွက်လာပြီးတဲ့နောက် ချက်ချင်းဆိုသလိုပဲ အင်တာနက်သုံးစွဲသူတွေက စိတ်လှုပ်ရှားပြီးဒေါသထွက်နေခဲ့ကြပါတယ်။ အမှန်တော့ အဆိုပါအမျိုးသားဟာ လှပတဲ့မျက်နှာနှင့်စံပြ body အချိုးအစားရှိတဲ့မိန်းကလေးများစွာကို ပိုင်ဆိုင်နိုင်တဲ့ boyfriend type မျိုးပါဘဲ။

လူအတော်များများက ချစ်သူကောင်မလေးက အနည်းငယ် oversize ဖြစ်နေတယ်ဆိုပေမဲ့ သူမမျက်နှာက ထင်ရှားတဲ့မေးရိုး line များရှိပြီး သူမသာ ကိုယ်အလေးချိန်ကိုချရင် hot ဖြစ်တဲ့မိန်းကလေးတစ်ယောက်အဖြစ်ပြောင်းသွားနိုင်တယ်ဟု ဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ဒီကြည်နူးစရာကောင်းတဲ့အချစ်ဇာတ်လမ်းကို ထောက်ခံအားပေးခဲ့ကြတဲ့ netizen တွေလည်း အများကြီးရှိနေခဲ့ကြပါတယ်။

တစ်ကယ်လည်း အသွင်အပြင်ကွဲပြားမှုက အချစ်စစ်နဲ့ပတ်သက်လာရင် ဘယ်တော့မှပြဿာနာမရှိနေပါဘူး။ တစ်ဖန်“ မလိုက်ဖက်ဘူးလို့ထင်ရတဲ့” အဆိုပါစုံတွဲရဲ့ပျော်ရွှင်ကြည်နူးဖွယ်ပုံရိပ်များဟာ အသွင်အပြင်က လူတို့ထင်သည်အတိုင်း ထင်သလောက်အရေးမပါဘူးဟု လူအများအား သက်သေပြခဲ့ပါတယ်။

ဒါကြောင့် သင့်ရဲ့ရုပ်ရည်အသွင်အပြင်က မပြည့်စုံတဲ့အခါ အရမ်းလည်း စိတ်မပူလိုက်ကြပါနဲ့ ။ ကိုယ့်ကိုသာ အချစ်စစ်နဲ့ချစ်ရင် တစ်ဖက်လူရဲ့မျက်လုံးထဲမှာတော့ သင်ဟာ အလှပဆုံးအဖြစ် ရှိနေမှာပါ။

Mia (KBdailynews)

Reference : everytruenews24

  • Leave a Comment

Categories