Facebook ပေါ်က CCTVNews မှာ စိတ်အားထက်သန်ဖွယ်ကောင်းတဲ့ ဓာတ်ပုံနဲ့ အကြောင်းအရာကို ဖော်ပြခဲ့ပါတယ် ။ ၎င်းအကြောင်းအရာက ၁၅နှစ်အရွယ် Nong Ma Daew အမည်ရှိ ထိုင်းဆယ်ကျော်သက်ကောင်လေးတစ်ဦးဟာ single mom Ladyboy ပုံစံအမျိုးမျိုးကို လက်ရာမြောက်စွာ ဖန်တီးခဲ့သူဖြစ်ပါတယ် ။ ကောင်လေးက ကျွန်ုပ်တို့ပတ်ဝန်းကျင်က ပစ္စည်းတွေနဲ့ ဖက်ရှင်ဝတ်စုံအဖြစ် ဖန်တီးနိုင်ခဲ့တာပါ ။ အရွက်များ၊ ပန်းများ၊ ကြိုးများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ (သို့) စက်ဘီးတာယာများ အစရှိတဲ့ ပစ္စည်းများနဲ့သာ တီထွင်ဖန်တီးခဲ့တယ်ဆိုပေမဲ့ တီထွင်ဖန်တီးမှုအသစ်အဆန်းများဖြစ်လာခဲ့ပြီး Nong Ma Daew ဟာ ယခုအခါ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်မှာ follower များစွာ ရရှိထားပါပြီ ။ ဒီထိုင်းကျောင်းသားက သူ့ရဲ့အားလပ်ချိန်များကို ၎င်းနည်းအတိုင်း ဖန်တီးလေ့ရှိတာပါ ။ ၎င်းဟာ စိတ်အားထက်သန်မှုလို့ခေါ်ပြီး သူ့ရဲ့ တီထွင်ဖန်တီးမှုက ထိုင်းနိုင်ငံမှာ ကျော်ကြားရုံသာမက ယခုအခါ မီဒီယာကြီးများဖြစ်တဲ့ CCTVNews မှ သူရဲ့သတင်းများကို စိတ်ဝင်စားနေကြပါတယ် ။
1
2
3
4
5
6
7
8
9
10
11
12
13
JRose (Mckzone Daily)
Zawgyi
JRose (Mckzone Daily)