အဖြူအနက်အမှတ်အသားပါတဲ့မျက်နှာနဲ့အမြီးဖွားဖွား ဝက်ဝံအနွယ် Raccoonလို့ခေါ်တဲ့အကောင်လေးတွေဟာ သူတို့ရဲ့ချစ်စရာကောင်းတဲ့မျက်နှာပေါ်က သဘာဝရာဇဝတ်မှုမျက်နှာဖုံးတွေရှိနေခြင်းဟာ ရယ်စရာကောင်းတဲ့တိုက်ဆိုင်မှုတစ်ခုမဟုတ်ကြောင်းကို ကမ္ဘာကြီးအား ထပ်မံပြသခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်အနည်းငယ်က California မှာတည်ရှိတဲ့ Redwood မြို့ရဲ့ဘဏ်တစ်ခုအတွင်းသို့ ကျူးကျော်ဝင်ရောက်လာတဲ့ Raccoonနှစ်ကောင်အား ATMသုံးပြီးငွေထုတ်နေတဲ့အမျိုးသားတစ်ဦးကတွေ့ရှိခဲ့ပြီး ကံကောင်းစွာနဲ့ Peninsula Humane Society နဲ့ SPCA ကယ်ဆယ်ရေးအဖွဲ့က အမြန်လာရောက်ဖမ်းဆီးကယ်ဆယ်နိုင်ခဲ့ပါတယ်။Raccoon လေးတွေဟာဘဏ်အပြင်ဘက်ရှိ သစ်ပင်တစ်ပင်ကနေ ဘဏ်ခေါင်မိုးပေါ်တက်ကာ လေပြွန်ပိုက်တွေထဲသို့တစ်နည်းနည်းဖြင့်ဝင်သွားခဲ့ကြပြီးနောက် ဘဏ်ကြမ်းပြင်တနေရာပေါ်သို့ ဆင်းလာကာ ကွန်ပျူတာပေါ်ရှိ စာရွက်တွေကိုခေါက်ရင်းကစားနေခဲ့ပါတယ်။
“တိရစ္ဆာန်အဖွဲ့အစည်းတစ်ခုဟာ ဘဏ်ဖောက်ခွဲမှုတစ်ခုကိုကိုင်တွယ်ဖြေရှင်းဖို့နေ့တိုင်းတောင်းဆိုမခံရပေမဲ့ ဘဏ်ဓားပြလေးတွေက တောရိုင်းအကောင်လေးတွေဖြစ်နေတော့ ကျွန်တော်တို့အမြန်သွားလိုက်ရတယ်” ဟု Peninsula Humane Society နှင့် SPCA ရဲ့ဆက်သွယ်ရေးမန်နေဂျာ Buffy Martin က Tarbox ကသတင်းထုတ်ပြန်ချက်တစ်ခုမှာပြောကြားခဲ့ပါတယ်။ဘဏ်မန်နေဂျာတွေက ကယ်ဆယ်ရေးအဖွဲ့အား ဘဏ်ထဲကိုဝင်ခွင့်ပေးလိုက်ပြီး Raccoonလေးတွေဟာ ဘဏ်ထဲကနေ မထွက်ချင်ခဲ့တာကြောင့် Peninsula Humane Society & SPCA ဝန်ထမ်းမတွေဟာ ကျူးကျော်သူလေးတွေကိုလိုက်လံဖမ်းဆီးရန် ၁၀ မိနစ်ခန့်အချိန်ယူခဲ့ရပြီး တောရိုင်းအကောင်လေးတွေကို ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲဖမ်းဆီးကယ်ဆယ်နိုင်ခဲ့ကြပါတယ်။
Jasmine (Mckzone Daily)
Zawgyi
ဘဏ္တစ္ခုထဲသို႔ ဝင္ေရာက္က်ဴးေက်ာ္ခဲ့ၾကတဲ့ေတာ႐ိုင္းဓားျပေကာင္ေလးမ်ား
အျဖဴအနက္အမွတ္အသားပါတဲ့မ်က္ႏွာနဲ႔အၿမီးဖြားဖြား ဝက္ဝံအႏြယ္ Raccoonလို႔ေခၚတဲ့အေကာင္ေလးေတြဟာ သူတို႔ရဲ႕ခ်စ္စရာေကာင္းတဲ့မ်က္ႏွာေပၚက သဘာဝရာဇဝတ္မႈမ်က္ႏွာဖုံးေတြရွိေနျခင္းဟာ ရယ္စရာေကာင္းတဲ့တိုက္ဆိုင္မႈတစ္ခုမဟုတ္ေၾကာင္းကို ကမာၻႀကီးအား ထပ္မံျပသခဲ့ပါတယ္။ၿပီးခဲ့တဲ့ရက္အနည္းငယ္က California မွာတည္ရွိတဲ့ Redwood ၿမိဳ႕ရဲ႕ဘဏ္တစ္ခုအတြင္းသို႔ က်ဴးေက်ာ္ဝင္ေရာက္လာတဲ့ Raccoonႏွစ္ေကာင္အား ATMသုံးၿပီးေငြထုတ္ေနတဲ့အမ်ိဳးသားတစ္ဦးကေတြ႕ရွိခဲ့ၿပီး ကံေကာင္းစြာနဲ႔ Peninsula Humane Society နဲ႔ SPCA ကယ္ဆယ္ေရးအဖြဲ႕က အျမန္လာေရာက္ဖမ္းဆီးကယ္ဆယ္ႏိုင္ခဲ့ပါတယ္။Raccoon ေလးေတြဟာဘဏ္အျပင္ဘက္ရွိ သစ္ပင္တစ္ပင္ကေန ဘဏ္ေခါင္မိုးေပၚတက္ကာ ေလႁပြန္ပိုက္ေတြထဲသို႔တစ္နည္းနည္းျဖင့္ဝင္သြားခဲ့ၾကၿပီးေနာက္ ဘဏ္ၾကမ္းျပင္တေနရာေပၚသို႔ ဆင္းလာကာ ကြန္ပ်ဴတာေပၚရွိ စာ႐ြက္ေတြကိုေခါက္ရင္းကစားေနခဲ့ပါတယ္။
“တိရစာၦန္အဖြဲ႕အစည္းတစ္ခုဟာ ဘဏ္ေဖာက္ခြဲမႈတစ္ခုကိုကိုင္တြယ္ေျဖရွင္းဖို႔ေန႔တိုင္းေတာင္းဆိုမခံရေပမဲ့ ဘဏ္ဓားျပေလးေတြက ေတာ႐ိုင္းအေကာင္ေလးေတြျဖစ္ေနေတာ့ ကြၽန္ေတာ္တို႔အျမန္သြားလိုက္ရတယ္” ဟု Peninsula Humane Society ႏွင့္ SPCA ရဲ႕ဆက္သြယ္ေရးမန္ေနဂ်ာ Buffy Martin က Tarbox ကသတင္းထုတ္ျပန္ခ်က္တစ္ခုမွာေျပာၾကားခဲ့ပါတယ္။ဘဏ္မန္ေနဂ်ာေတြက ကယ္ဆယ္ေရးအဖြဲ႕အား ဘဏ္ထဲကိုဝင္ခြင့္ေပးလိုက္ၿပီး Raccoonေလးေတြဟာ ဘဏ္ထဲကေန မထြက္ခ်င္ခဲ့တာေၾကာင့္ Peninsula Humane Society & SPCA ဝန္ထမ္းမေတြဟာ က်ဴးေက်ာ္သူေလးေတြကိုလိုက္လံဖမ္းဆီးရန္ ၁၀ မိနစ္ခန႔္အခ်ိန္ယူခဲ့ရၿပီး ေတာ႐ိုင္းအေကာင္ေလးေတြကို ထိခိုက္ဒဏ္ရာရျခင္းမရွိဘဲဖမ္းဆီးကယ္ဆယ္ႏိုင္ခဲ့ၾကပါတယ္။
Jasmine (Mckzone Daily)