တရားစွဲချင်စရာ ကောင်းလောက်အောင် ဂျင်းထည့်ထားတဲ့ ကုန်ပစ္စည်းများ

မင်္ဂလာပါ။ တစ်ခါတစ်လေမှာတော့ လူသုံးကုန်ပစ္စည်း ထုတ်လုပ်သူ ဒါမှမဟုတ် စားသောက်ကုန်ထုတ်သူတွေက လှပတဲ့ ပလပ်စတစ်ထုတ်ပိုးမှုပုံစံနဲ့ ထင်ယောင်ထင်မှား ကြေငြာတွေကို အသုံးပြုကြပေမယ့် တကယ် ပစ္စည်းတွေကတော့ ထင်ထားသလို ဖြစ်မလာတာတွေ ရှိပါတယ်။ ဒီလိုမျိုး ပစ္စည်းတွေက ဈေးဝယ်သူတွေကို လှည့်စားနိုင်လို့ အဆိုပါ ကုန်ပစ္စည်းထုတ်လုပ်သူတွေကို အပြစ်ပေးသင့်ပါတယ်။ ဒါကြောင့် ဒီကနေ့မှာတော့ စားသုံးသူ ဈေးဝယ်တွေကို လှည့်စားခဲ့တဲ့ ကုန်ပစ္စည်းတွေကို ဖော်ပြပေးသွားပါမယ်။ ဘယ်တစ်ခုက ဒေါသထွက်ချင်စရာ အကောင်းဆုံးလဲဆိုတာကိုလည်း ကွန်းမန့်မှာ ပြောသွားကြပါအုံး။

(၁) ၅ ခုစာ ပေးဝယ်ထားရတာလေ

ဒီတစ်ခုကတော့ ပုံထဲမှာ ပြထားတဲ့အတိုင်း ဟော့ဒေါ့ ၅ ခု ပါမယ်ထင်ပြီး ဝယ်ပြီးအခါမှ အထဲမှာ ၄ ခုတည်း ပါလာတာမျိုးဖြစ်ပါတယ်။ ဘယ်လောက်တောင် အသည်းနာစရာ ကောင်းသလဲနော်။

(၂) ပုံမှာ ပြထားတဲ့ဖျော်ရည် ရချင်တယ်

ပုံမှာပြထားတာကတော့ ဖန်ခွက်လေးထဲမှာ အသီးတွေနဲ့ ပြည့်လျံနေပြီး ပိုက် ၂ ချောင်းနဲ့ အရမ်းကို ဆွဲဆောင်မှု ရှိလှပါတယ်။ ပုံဆွဲဆောင်မှုရှိသလောက် တကယ်ဝယ်သောက်တဲ့အခါမှာတော့ သောက်ချင်စိတ်ပါ ပျောက်သွားရပါတယ်နော်။

(၃) သင်တို့ ဘဝတစ်လျှောက်လုံး လိမ်ခံခဲ့ရတယ်မလား

ကျောင်းသူ၊ ကျောင်းသားတိုင်းက ခေါင်ဆွဲခြောက်နဲ့ နှစ်ပါးသွားခဲ့ရတဲ့သူတွေချည်းပါပဲ။ အဲ့ဒီထဲမှာ ခေါက်ခွဲခြောက်ဘူးလေးတွေက စားရတာလည်း လွယ်ကူသလို စိတ်ထဲမှာလည်း ခေါက်ဆွဲခြောက်တွေ အပြည့်ပါလိမ့်မယ်လို့ ထင်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ဘူးဖွင့်ကြည့်တဲ့အခါမှာ အောက်မှာ ဟောင်းလောင်းပေါက်နဲ့ ဖြစ်နေတာကို တွေ့ရတဲ့အခါ စိတ်မတိုအောင် မနည်းစိတ်ထိန်းထားခဲ့ရပါတယ်။

(၄) ဒါတော့ နည်းနည်းများသွားပြီ

ပုံထဲမှာ ပြထားတာက အသားတွေ အထပ်ထပ်နဲ့ ချီ့စ်တွေလည်း အများကြီးဖျန်းပေးထားပေမယ့် တကယ်မှာတော့ အသားပြားက ပေါင်မှန့်တစ်ပြားစာတောင် မပြည့်ပါလားနော်။

(၅) တော်သေးတာပေါ့

စက္ကူကတ်ထူပေါ်မှာ ပြထားတာက ပီဇာ တစ်ချပ်ဆိုပေမယ့်လည်း အထဲမှာ ဂျုံပြားတစ်ခုတည်း ထည့်ထားပေးပါတယ်။ တော်သေးတာပေါ့နော်… ဂျုံပြားတစ်ချပ် ပါလာလို့။

(၆) စီးပွားလုပ်စားတာဆိုတော့လည်း နားလည်ပေးရမှာပေါ့

ဒီပုံကိုကတော့ NG magazine ဖတ်သူတစ်ယောက် က မဂ္ဂဇင်းအထဲမှာ ပါတဲ့ ကြော်ငြာ စာရွက်တွေ အကုန်လုံးကို စုတ်ဖြဲပြပြီး အင်တာနက်ပေါ် တင်ခဲ့တာပဲ ဖြစ်ပါတယ်။ ကြေငြာစာရွက်တွေ အကုန်ဖြဲအပြီးမှာ မဂ္ဂဇင်းက ပါးပါးလေးပဲ ကျန်ပါတော့တယ်။

(၇) ချော့ကလတ် တစ်ခုလောက် ပြုတ်ကျလာရင် ရပါပြီ

ကတ်ထူပေါ်မှာတော့ လေပေါ်ကနေ ချော့ကလတ်ပြား ၄ ပြားက ကျလာပြီး တစ်ခုပေါ်တစ်ခု ထပ်ပြထားတာ ဘယ်လောက်တောင် သွားရည်ကျစရာ ကောင်းလဲနော်။ ဒါပေမယ့်လည်း ဘူးကို ယောင်လို့တောင် ဖွင့်မကြည့်လိုက်ပါနဲ့။ သင့်ဘဝရဲ့ နောင်တအရဆုံး အရာတစ်ခု မဖြစ်စေချင်လို့ပါ။

(၈) ပုံမှာပြထားသလို စိတ်လှုပ်ရှားစရာ အရမ်းကောင်းလှပါတယ်

ပုံမှာပြထားတာကတော့ ကလေးတွေအတွက် တွင်ထားတဲ့ ကျောက်တုံးခွဲဆော့ရတဲ့ အရုပ်တစ်ခုပဲ ဖြစ်ပါတယ်။ ပုံထဲမှာတော့ ကျောက်စိုင်ကျောက်ခဲကြားထဲကနေ ထွက်လာတဲ့အရာတွေက ဝင်းလက်တောက်ပနေပေမယ့် တကယ့်ဝယ်ဆော့တဲ့အခါမှာတော့ ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။

(၉) လုပ်ရပ်လိုက်တာနော်

ဝယ်တာက ပုံမှာပြထားတဲ့ အထပ်ထပ်ခေါက်ထားတဲ့ ကိုယ်သုတ်ပဝါလေ။ ဘယ်လိုဖြစ်ပြီး ကြောင်သုတ်ပုဝါ ဖြစ်နေရတာလဲနော်။

(၁၀) ထည့်ဖို့ မေ့သွားတာများလား

ဒီပုံကတော့ တကယ်ပဲ ထည့်ဖို့ မေ့သွားတာများလားနော်။ အဲ့လောက်ထိအောင်တော့ ထုတ်လုပ်သူတွေက မရည်ရွယ်လောက်ဖူးလို့ ထင်ပါတယ်။ ပရိသတ်တို့ကော ဘယ်လို ထင်လဲ။

(၁၁) အိုးးးး Santa ရယ်

ပုံမှာပြထားတာက Santa ပုံလေ … ဘယ်လိုလုပ်ပြီး အထဲဖွင့်ကြည့်လိုက်တော့ မျောက်ဖြစ်နေရတာလဲနော်။

(၁၂) ဖြေရှင်းချက် ပေးကြပါ

ပုံမှာပြထားတဲ့ မနက်စာစားဖို့ ဝက်အူချောင်းတွေက ဘယ်လိုလုပ်ပြီး ပုံပျက်ပန်းပျက် ဖြစ်နေရတာလဲနော်။ ဖြေရှင်းချက် ပေးဖို့တော့ လိုနေပြီ။

(၁၃) အပြစ်ပေးဖို့ အချိန်တန်ပြီ

ဒီစားသောက်ကုန်ကို ထုတ်လုပ်တဲ့ ပိုင်ရှင်ကော၊ ဘူးခွံကို ပုံဒီဇိုင်းဆွဲတဲ့သူကိုကော အပြစ်ပေးသင့်တယ်လို့ ထင်ပါတယ်နော်။

(၁၄) တော်သေးတာပေါ့

ပုံမှာပြထားတဲ့အတိုင်း ဒိန်ခဲဖြူတွေပါလို့ တော်သေးတာပေါ့နော်။ အခြားဟာတွေ ဘယ်မှကျန်ခဲ့လဲဆိုတာပဲ ရှာပုံတော် ဖွင့်ရတော့မယ်။

(၁၅) နင် ညာဏ်ကောင်းလွန်းခဲ့တယ်

ဘာမှ ထွေထွေထူးထူး မပြောချင်တော့ပါဘူး။ လုပ်ရပ်လိုက်တာနော်။

(၁၆) ထင်ထားတာနဲ့ တကယ်အဖြစ်အပျက်ကွာနေသောအခါ

ပုံမှာပြထားသလို ဖြစ်ဖို့ကတော့ ကိုယ့်ထူးကိုယ်ချွန်ရမယ့်ပုံပေါ်ပါတယ်။

(၁၇) အပြင်မှာ ပြုံးနေပေမယ့် အထဲမှာ ငါငိုနေတယ်

ပုံမှာပြထားတာကတော့ အသားညှပ်ပေါင်မုန့်ဆိုပေမယ့် အထဲမှာကျတော့ အသားက ထိပ်နှစ်ဘက်ပဲ ထည့်ပေးထားတာ ဖြစ်ပါတယ်။

(၁၈) Gru တောင် ဒေါသထွက်နေပြီ

ပုံမှာပြထားတဲ့အတိုင်း သောက်ချင်လို့ ဝယ်သောက်လိုက်တဲ့အခါမှာ ထင်သလို ဖြစ်မလာခဲ့ပါဘူး။

(၁၉) ကတိတွေ အထပ်ထပ်ပေးပြီး နင်လုပ်ရပ်တယ်နော်

ပုံမှာပြထားတဲ့ အတွင်းပိုင်းက ချောကလတ်သားလေးက ပြောထားတဲ့အတိုင်း ဘယ်ပျောက်သွားရတာလဲနော်။

(၂၀) တစ်ခါလိမ်ခံရဖူးပြီးရင် တစ်သတ်မှတ်ထားပါ့မယ်

ဒီ ဆယ်မွန်ငါး အသားညှပ်ပေါင်မုန့်ကို ဝယ်စားပြီးသူတိုင်း နောက်တစ်ခါ ဝယ်စားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။

(၂၁) အတော်ဆုံး ဒီဇိုင်နာဆု ပေးရမယ်

ပုံမှာပြထားတဲ့ ကာတွန်းဇာတ်ကောင်ရုပ်နဲ့ အထဲက ဂျယ်လီက တော်တော်လေးကို ဆင်တူနေပါတယ်နော်။

(၂၂) အော အေးပါ

Behind the scenes ဆိုတာ ဒါကို ပြောတာများလားနော်။ ဆောင်းဘောက်စ် လေးလုံးက ဘယ်လိုဖြစ်ပြီး သေတ္တာခွံတွေဖြစ်နေရတာလဲနော်။

Credit-Celeguru

  • Leave a Comment

Categories