တီထွင်ဖန်တီးမှုကကောင်းလွန်းလို့ ဆုကြီးကြီးပေးသင့်တဲ့ အတော်ဆုံး ဒီဇိုင်းနာများ

မင်္ဂလာပါ။ ထူးကဲပြီးတော်လွန်းတဲ့ ဒီဇိုင်းနာတွေဟာ သာမန်လူတွေ ကမ္ဘာကြီးကို ရှုမြင်တဲ့ အမြင်ကနေ လုံးဝကွာခြားပါတယ်။ ဒါကြောင့်လည်း ဘယ်သူမှ မစဉ်းစားမိလိုက်တဲ့ အရာတွေကို အဆင်ပြေလွယ်ကူစေဖို့ တီထွင်ဖန်တီးနိုင်ကြတာပဲဖြစ်ပါတယ်။ အကောင်းဆုံး ဆုတွေကိုတောင် ပေးသင့်တယ်လို့ ဆိုရတဲ့ ဒီဇိုင်းနာတွေရဲ့ အကောင်းဆုံး လက်ရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)

လေယာဉ်ကွင်းထဲမှာ တည်ဆောက်ထားတဲ့

စက္ကူလေယာဉ်ပုံစံ ထိုင်ခုံ

(၂)

အမျိုးသားနဲ့ အမျိုးသမီး သန့်စင်ခန်းကို ဆိုင်းဘုတ်မချိတ်ထားဘဲ

မီးသီးရဲ့ အရိပ်ကို အသုံးချပြီး ညွှန်ပြထားတာဖြစ်ပါတယ်။

(၃)

ကော်ဖီဆိုင်လေးရဲ့ သန့်စင်ခန်းကို အမျိုးသမီး၊အမျိုးသားရယ်လို့ စာနဲ့မရေးတော့ဘဲ

ကော်ဖီခွက် ဇောက်ထိုးရယ် အတည့်ရယ်ဆိုပြီးပဲ ခွဲခြား ညွှန်ပြထားတာဖြစ်ပါတယ်။

(၄)

ဆံသဆိုင်ပိုင်ရှင်တစ်ယောက်ရဲ့

ကားမှန်းတန်းသိနိုင်မယ့် ဖန်တီးမှု….

(၅)

လျှပ်စစ်ပစ္စည်းစက်ရုံရဲ့ အပြင်ဘက် နံရံပေါ်မှာ

ပလက်ပေါက် အကြီးကြီးနဲ့ အလှဆင်ထားတာပါ။

(၆)

လမ်းဘေးခြုံပုတ်တွေကို ရှုပ်လို့ ရှင်းပစ်လိုက်မယ့်အစား

လက်ရာမြောက်ဖန်တီးမှု တစ်ခုအဖြစ် ပြောင်းလဲလိုက်နိုင်ပါတယ်။

(၇)

ဘရုစ်လီရဲ့ သိုင်းကွက်ပေါင်းစုံကို

မြင်ရမယ့် ဘရုစ်လီနာရီ

(၈)

ဒီလျို့ဝှက်နံပါတ် စက်လေးမှာပါတဲ့ နံပါတ်တွေဟာ အချိန်တိုင်း တစ်သမတ်တည်းရှိမနေပါဘူး။

အချိန်နဲ့အမျှ ပြောင်းလဲနေတာဆိုတော့ ကိုယ့်ရဲ့ လျို့ဝှက်နံပါတ်ကို လက်ဟန်အခြေအနေကို ကြည့်ပြီး မှတ်သားသွားမယ့် အန္တရာယ်ကနေ ကင်းဝေးသွားစေပါတယ်။

(၉)

ဘူးနှစ်ပုလင်းကို ဆင့်လိုက်တဲ့အခါမှာတော့

ဘုရင်ကြီးရဲ့ ပုံတစ်ခုလုံး ရသွားပါတော့တယ်။

(၁၀)

ဝါးနဲ့ ပြုလုပ်ထားတဲ့ ဘေစင်

(၁၁)

သော့ခလောက်ပုံစံ ဖန်တီးထားတဲ့

စက်ဘီးရပ်နားရာနေရာတစ်ခု

(၁၂)

ကလေးတွေစီးဖို့ဖန်တီးထားတဲ့ စက်ဘီးလား..

ဒါမှမဟုတ် သိပ်ကောင်းလွန်းတဲ့ အနုပညာလက်ရာလို့ ပဲ ခေါ်ရမလား

(၁၃)

ကားထဲမှာ ဘာတွေ သယ်လာသလဲဆိုတာကို

စစ်ဆေးမေးမြန်းနေစရာကိုမလိုအောင် ဒီဇိုင်းဆင်ထားတာဖြစ်ပါတယ်။

(၁၄)

ဗီသုကာပညာရှင် Victor Vasilev ကိုယ်တိုင်

ဖန်တီးထားတဲ့ ရေဆေးကန်

(၁၅)

Super Mario ကို ပြန်သတိရသွားစေမယ့်

စလစ်ပါဖိနပ်အလှလေး

(၁၆)

သင့်ကို ခွန်အားဖြည့်ပေးနိုင်ပြီး လန်းဆန်းစေမယ့်

ကဖိန်းဓာတ်ပါ ပူရှိန်း

(၁၇)

2019 Mini Cooper ကားရဲ့ နောက်မီး အဆင်ဒီဇိုင်းဟာ

အင်္ဂလန်နိုင်ငံရဲ့ အဆင်ဒီဇိုင်းကို တုပထားတာပဲဖြစ်ပါတယ်။

(၁၈)

ထီးတစ်ချောင်းပုံစံမျိုး ဖန်တီးထားတဲ့

ထီးထည့်တဲ့ခွက်…

(၁၉)

ပလက်တစ်ခုထိုးလိုက်ရင် နောက်ထပ်ပလက်ပေါက်ကို

ပိတ်နေတာမျိုးတွေမဖြစ်စေဖို့ အထူးဖန်တီးထားတာပဲဖြစ်ပါတယ်။

(၂၀)

နောက်ထပ်ကမ္ဘာတစ်ခုကို ကူးသန်းလို့ရတဲ့ လှေကားလို့ ထင်မှတ်မိစေမယ့်

လှေကားဒီဇိုင်း ဖန်တီးတီထွင်မှု

(၂၁)

ခရစ်စမတ် ကာလအတွက် ခရစ်စမတ်သစ်ပင်ပုံစံ

ဖန်တီးထားတဲ့ ချောကလက်

(၂၂)

အောက်ခံပန်းကန်ပြားသီးသန့် ထပ်မလိုတော့တဲ့

ကော်ဖီခွက်ဒီဇိုင်း

(၂၃)

USB Stick တွေ ပျောက်တတ်လွန်းရင်တော့

ဒီလိုဒီဇိုင်းတွေကလည်း မကောင်းဘူးလား

(၂၄)

တစ်နေကုန် ဟိုတယ်ခန်းထဲမှာ အနားယူပြီး အပြင်ရောက်တော့မှ ရာသီဥတု အခြေအနေ သိလိုက်ရလို့ စီစဉ်ထားတာတွေ လွဲသွားတတ်ပါတယ်။

ဒီပြသနာကို အဆင်ပြေသွားစေဖို့ ဟိုတယ်တစ်ခုက အပြင်က ရာသီဥတုကို မှန်လေးမှာ ပြောပြပေးထားတာပါ။

(၂၅)

မနက်ခင်း အိပ်ရာထဖို့ အချက်လည်းပြပေးမယ့်အပြင်

ကော်ဖီကိုပါ တစ်ခါတည်း ဖျော်ပေးမယ့် အလန်းနာရီ..အဆင်ပြေလိုက်တာ။

(၂၆)

နှိုးစက်ပါတဲ့ ခြေခင်းဖျာပါတဲ့… သူ့ရဲ့ လုပ်ဆောင်ချက်ကတော့ အိပ်ရာကနေ ထပြီး သူ့အပေါ်မတ်တပ်ရပ်လိုက်မှပဲ အသံမြည်နေတာရပ်မှာဖြစ်ပါတယ်။

နိုးစက်ကို ပိတ်ပြီး ပြန်အိပ်တတ်တဲ့သူတွေအတွက် ဒီနိုးစက်က သင့်ကို အိပ်ရာကနေ မဖြစ်မနေ နိုးထစေမှာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေအတွက် အသုံးတည့်လောက်မယ့် အကောင်းဆုံး ပစ္စည်းကိုကော ရှာတွေ့ခဲ့လား..ကိုယ်တိုင်သာ ဆုပေးရမယ်ဆိုရင် နံပါတ်ဘယ်လောက်ကို အကောင်းဆုံးဆုံးဆုပေးချင်လဲဆိုတာကို ပြန်ပြောခဲ့ကြပါအုံးနော်။

Ref:Brightside

  • Leave a Comment

Categories