အသက် 3 နှစ်အရွယ်မှာတွေ့ဆုံခဲ့ကြပြီး ချစ်သူသက်တမ်း 23 နှစ်အကြာမှာ လက်ထပ်ယူခဲ့ကြတဲ့ စုံတွဲ

မြင်မြင်ချင်းအချစ် လို့ခေါ်တဲ့ ချစ်စရာပုံပြင်တစ်ပုဒ်အဖြစ် ခေါ်ဝေါ်တဲ့ ဗီယက်နမ်စုံတွဲနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းကို ဝေမျှပြီးတဲ့နောက် များစွာ ပျံ့နှံ့သွားခဲ့ပါတယ် ။ သူတို့စုံတွဲဟာ အသက် ၃ နှစ်ကတည်းကစပြီး ၂၃ နှစ်အကြာ တွဲလာခဲ့ကြတာဖြစ်ပြီး နောက်ဆုံးမှာ သူတို့တွေ တကယ်လက်ထပ်ခဲ့ရပါတယ် ။ ဒီအကြောင်းက Hung လို့ခေါ်တဲ့ ကောင်လေးဟာ လွန်ခဲ့တဲ့ ၂၃ နှစ်က သူ့ရဲ့ ၃ နှစ်ပြည့်မွေးနေ့မှာ မိဘတွေက သူ့အတွက်မွေးနေ့ပါတီတစ်ခုကို စီစဉ်ပေးပြီး သူ့ဖခင်ရဲ့ သူငယ်ချင်းတွေကို ဖိတ်ခဲ့ပါတယ် ။ သူငယ်ချင်းရဲ့ဖခင်က သမီးဖြစ်သူ Lily ကို Hung ရဲ့မွေးနေ့ပါတီသို့ ခေါ်လာခဲ့ပါတယ် ။ အဲ့ဒီကနေ သူတို့တွေ ရင်းနှီးကြပြီး Hung က သူကြီးပြင်းလာတဲ့အထိ Lily ကို အမြဲအိပ်မက်မက်ခဲ့တယ်လို့ ဆိုပါတယ် ။ ဒါပေမဲ့ Lily က Hung ကို သူမရဲ့အချစ်ကိုဝန်မခံခဲ့ဘဲ Lily က သူ့ကို သူငယ်ချင်းအဖြစ်သာ သဘောထားပြီး သူတို့နှစ်ဦးက လမ်းခွဲလိုက်ကြပါတယ် ။

ဒီလိုနဲ့ Lily က သူမရဲ့ ဇာတိမြို့မှာ အက သင်ယူခဲ့ပြီး လေးနှစ်အကြာမှာ သူတို့နှစ်ဦးက ဂီတဖျော်ဖြေပွဲတစ်ခုမှာ ပြန်လည်ဆုံစည်းခဲ့ကြပါတယ် ။ ဒါပေမဲ့ Hung ရဲ့ခန္ဓာကိုယ်မှာတော့ Lily ကို အရင်လိုချစ်နေတုန်းပါပဲ ။ ဒါကြောင့် သူက သူမကို ချစ်ကြောင်း ထပ်ပြီးဝန်ခံခဲ့ပါတယ် ။ ဒီတစ်ကြိမ်မှာတော့ Lily က ၄နှစ်တာအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက်မတွေ့ဘဲနေကြတာကြောင့် Lily ကသူမလည်း Hung ကို ချစ်ကြောင်း သိစေခဲ့ပါတယ် ။ သူတို့နှစ်ဦးစလုံးက ချစ်သူတွေဖြစ်ဖို့ သဘောတူခဲ့ကြပြီး နောက်ဆုံးမှာ ထိုစုံတွဲက စေ့စပ်ပွဲလုပ်ပြီး ၂၃ ရက်မြောက်တဲ့နေ့ Hung ရဲ့ မွေးနေ့အပြီးမှာ ရိုးရာမင်္ဂလာဆောင်ပွဲကို ကျင်းပပြုလုပ်ခဲ့လိုက်ပါတယ် ။

1

2

3

4

5

6

7

8

9

10

11

JRose (KBdailynews)

Zawgyi




JRose (KBdailynews)

  • Leave a Comment

Categories