လူသားနေထိုင်ရာ ကမ္ဘာကြီးဟာ ပတ်ဝန်းကျင်၏အမျိုးမျိုးသော အရောင်များကြောင့် တစ်ခါတစ်လေတွင် စိတ်ညစ်ကြရပြီး တစ်ခါတစ်လေတွင် ပျော်ရွင်နေကြရပါတယ်။ယခုတွင်တော့ လူသားတို့ကို စိတ်ပျက်လာသောကြောင့် တောထဲတွင် သွားရောက်နေထိုင်ရန် ဆုံးဖြတ်ခဲ့သည့် အသက်၇၀အရွယ် အဖိုး၏အကြောင်းကို ဖော်ပြထားတာဖြစ်ပါတယ်။
Panta Petrovic ဟုအမည်ရသည့် အဖိုးဟာ ဆားဘီးယာနိုင်ငံမှဖြစ်ပြီး လူတွေမရောက်နိုင်သည့် တောထဲက လှိုင်ဂူတစ်ခုတွင် နေထိုင်နေတာ နှစ်ပေါင်းနှစ်ဆယ်ရှိနေခဲ့ပြီဖြစ်ပါတယ်။သူဟာအရင်က မှောင်ခိုဈေးကွက်ကို လုပ်ကိုင်ရင်းဖြင့် တောထဲသို့ရောက်ရှိခဲ့ပြီးနောက်တွင် မြို့သို့ပြန်လာရသောအခါ လူတွေနှင့် နေထိုင်ရတာ မပျော်မရွင်ဖြစ်လာပါတယ်။
ထို့ကြောင့် စုဆောင်းထားသော ပိုင်ဆိုင်မှုတွေကို နိုင်ငံသို့ လှူဒါန်းခဲ့ပြီး တောတောင်ထဲတွင် Maraလို့အမည်ပေးထားတဲ့ ဝက်ကလေးကို အဖော်ပြုရင်း နေထိုင်နေခဲ့တာဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
လူတွေကို စိတိကုန်လာသောကြောင့် ပိုင်ဆိုင်မှုတွေအားလုံးကို လှူဒါန်းပြီး လူသူမရောက်နိုင်သည့် တောထဲတွင် တစ်ယောက်တည်းသွားနေခဲ့သည့် အဖိုး
Shoon (Cele Daily)