လက်မှုပညာဆိုတဲ့အတိုင်း အထူးကောင်းမွန်တဲ့လက်ရာနဲ့ အရည်အချင်းတွေ လိုအပ်ပါတယ် ။ အထူးသဖြင့် သေးငယ်တဲ့ အသေးစိတ်အချက်များပါတဲ့ လက်ရာတစ်ခုဖြစ်ပြီး ပိုပြီးကောင်းမွန်ဖို့အတွက်လည်း သင့်ရဲ့အစွမ်းအစကို သုံးရန်လိုပါတယ် ။ ဘုရားသခင့်လက်ရာများလို့ လူသိများတဲ့ လက်ရာကို ကြည့်ရှုတဲ့အခါ ကျွန်ုပ်တို့ကို ဆွဲဆောင်သွားနိုင်ပါတယ် ။ သစ်သားလက်ရာနဲ့ anime ၊ ရုပ်ရှင်ဇာတ်ကောင်များအထိ ၎င်းတို့က အလွန်မိုက်ပြီး လက်တွေ့ကျလွန်းအောင် ထုထွင်း ပုံဖော်နိုင်ခဲ့တာပါ ။
၎င်းအရာအားလုံးက ဗီယက်နမ်နိုင်ငံမှ လက်မှုပညာရှင်များဖြစ်ပါတယ် ။ သူတို့က သစ်သားကို ကျွမ်းကျင်စွာ ထွင်းထုနိုင်တဲ့ လက်မှုပညာအုပ်စုဖြစ်ပြီး အလုပ်တစ်ခုအဖြစ် ထွက်လာရန် အချိန်အရမ်းကြာပါတယ် ။ သူတို့ရဲ့လက်ရာတွေနဲ့ နာမည်ကြီးဇာတ်ကောင် Godzilla vs Kong, Batman, Dragon Ball, Demon Slayer နဲ့ Titan on Attack တို့ကို လက်တွေ့ကျကျ ထုထွင်းခဲ့ပါတယ် ။ သူတို့ရဲ့ လက်ရာတစ်ခုစီမှာ ဝေဖန်စရာမရှိအောင် အရမ်းမိုက်လွန်းတာမို့ မချီးကျူးဘဲ မနေနိုင်တော့ဘူး ။ အရမ်းတော်တယ်ဗျာ ။
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
JRose (Mckzone Daily)
Zawgyi
သစ်သားတွေနဲ့ anime ၊ ရုပ်ရှင်ဇာတ်ကောင်များကို ကျွမ်းကျင်စွာ လက်တွေ့ကျကျ ထုထွင်းပုံဖော်နိုင်တဲ့ လက်မှုပညာရှင် (ရုပ်သံ)
JRose (Mckzone Daily)