မင်္ဂလာပါ။အလွန်ကိုလှပပြီး ပြီးပြည့်စုံတဲ့ ဓာတ်ပုံသို့မဟုတ် အရာတစ်ခုခုကို တွေ့မြင်ခံစားရတဲ့အခါမှာ လူတိုင်းရဲ့ အတွင်းစိတ်ထဲမှာပျော်ရွှင်သွားပြီး စိတ်ချမ်းသာစေနိုင်ပါတယ်။ တစ်နေ့တာလုံးကို အဆင်ပြေပြေဖြတ်သန်းစေနိုင်တဲ့အထိ စိတ်ချမ်းသာမှုကိုပေးစွမ်းနိုင်မယ့် ပြီးပြည့်စုံလွန်းလှတဲ့ ဓာတ်ပုံများကို ဆက်လက်ကြည့်ရှုလိုက်ကြပါအုံးနော်။
(၁)
နံရံကို လာထင်ဟပ်နေတဲ့ သက်တံ့ရောင်စုံကို လှေကားလက်ရန်းရဲ့ အရိပ်က ပိုင်းခြားလိုက်တာပါ။
ဒီလိုပိုင်းခြားလိုက်ခြင်းကပဲ အမြင်ဆန်းပြီး ကြည့်လိုပိုကောင်းသွားပါတယ်။
(၂)
သစ်ပင်ကြီးတစ်ပင်ထဲမှာပဲ အရွက်တို့ရဲ့ ဖြစ်လေ့ရှိတဲ့ အရောင်တွေကို
ရောယှက်တွေ့ရတာ သိပ်ကိုလှပလွန်းနေပါတယ်။
(၃)
ပန်းကန်လုံးထဲ ထည့်ထားတဲ့ ထမင်းစေ့လေးတွေက တစ်လုံးဆိုတစ်လုံးတိတိကျကျမြင်နေရပြီး စီစီရီရီကို ဖြစ်နေတာပါ။
ဒီလောက်လှနေမှတော့ ဘယ်သူက စားရက်တော့မလဲနော်။
(၄)
အုတ်စီထားတဲ့ အကွက်အတိုင်း နှင်းတွေကကျထားတော့
မသိရင် တမင်ပဲ ပုံဖော်ထားသလိုလို
(၅)
ပုံထဲက အရာက ပျားသလက်လည်းမဟုတ်ရပါဘူး။
ဆပ်ပြာပူဖောင်းလေးတွေက သဘောကျစရာကောင်းလောက်အောင်ကို စီစီရီရီပေါ်နေတာနော်။
(၆)
ဒီအိမ်တွေကို အခုလိုမျိုး ပြီးပြည့်စုံတဲ့ ဒီဇိုင်းတွေရအောင်
ဗိသုကာ ပညာရှင်တစ်ယောက် ဘယ်လိုစဉ်းစားခဲ့ပါလိမ့်။
(၇)
သြစတြီးယား နိုင်ငံရှိ ရွှန်းဘရန်း နန်းတော်ထဲရှိ ပန်းခြံကို
အခုလိုမျိုး အံ့သြမှင်သက်ရအောင် ပြင်ဆင်ထားတာဖြစ်ပါတယ်။
(၈)
မထင်မှတ်ဘဲ သတင်းကြေညာသူရဲ့ အင်္ကျီလက်ရှည်အဆုံးက
ဓာတ်ပုံထဲက လူကြီးရဲ့ ခေါင်းပုံစံမျိုးဖြစ်သွားတာပါ။
(၉)
တံတားအောက်က လှပတဲ့ မြင်ကွင်းတစ်ခု
(၁၀)
စားသောက်ဆိုင်ကို အသစ်ရောက်လာတဲ့ အသားဖြတ်သမားက
သူ့လုပ်ရည်ကိုင်ရည်ကို အခုလိုပဲ ပြသခဲ့ပါတယ်။
(၁၁)
ပလက်ဖောင်းပေါ်ကို နေအရိပ်လာကျနေတော့ ထိုင်ခုံတန်းလျားအရိပ်လေးက မသိရင်
လမ်းမပေါ်မှာတပ်ထားလေ့ရှိတဲ့ မြောင်းဖုံးအပေါက်လေးနဲ့တောင် တူနေသေး။
(၁၂)
သကြားလုံးလေးတွေကို ဒီအတိုင်း ပြီးစလွယ်မထည့်လိုက်ဘဲ အရောင်တွေခွဲပြီး စနစ်တကျကို ခွဲခြားထည့်ထားတာပါ။
ဒီဘူးလေးတွေကိုဝယ်မယ့် သူတွေက အများအားဖြင့် ဘူးပုံစံလေးကို ချစ်လို့ ဝယ်တာ ဖြစ်မယ်။
(၁၃)
Cuyahoga Valley အမျိုးသားပန်းခြံမှာ တည်ဆောက်ထားတဲ့ တံတားရဲ့ တည်ဆောက်ပုံက အောက်ဘက်ကနေ ကြည့်လိုက်ရင်
အခုလိုပဲ ပြီးပြည့်စုံမှုတွေကို အထင်းသားမြင်ရနိုင်ပါတယ်။
(၁၄)
မွေးကာစ ကလေးမှာပါလာခဲ့တဲ့ ဦးဗွေလေးပါ။
ဆံပင်လေးတွေကလည်း ဗွေရာအတိုင်း ဝိုက်ပြီး ပေါက်နေတော့ အသဲယားစရာလေးဖြစ်နေတာပေါ့
(၁၅)
အိမ်မှာလည်း အံစာတုံးတွေကို အခုလို ထပ်ဆင့်တင်ကြည့်ကြပါလား ပရိသတ်တို့ရေ…
ထပ်ခါထပ်ခါ လုပ်ရလောက်ပေမယ့် အောင်မြင်သွားရင်လည်း စိတ်ချမ်းသာရမှာ အသေအချာပါပဲ။
(၁၆)
ကိုယ်တိုင်ပဲ အိမ်မှာ ဓာတ်ပြုပြီး ရလာတဲ့ အကြည်ရောင် ဆားခဲလေးပါ။
လေးထောင့်ပုံစံ အတိအကျ ရလာခဲ့တော့ ပျော်စရာကြီးပေါ့
(၁၇)
အလွန်ကို ပြီးပြည့်စုံလွန်းတဲ့ မျဉ်းကြောင်း တွေပါပဲနော်။
အင်္ကျီ ရေစိုနေတာနဲ့ အဝေးကနေ လှမ်းမြင်နေရတဲ့ ရေပြင်တို့က ကွက်တိကိုဖြစ်နေတာ။
(၁၈)
မျက်လုံးအမြင်ကိုလှည့်စားထားလားလို့ကို အောက်မေ့ရတဲ့
အင်္ကျီချိတ်ခင်းကျင်းပြသထားမှုဖြစ်ပါတယ်။
(၁၉)
ဒီမှာလည်း ကြည့်ပါအုံး…
မယုံနိုင်စရာ အရောင်ရောစပ်မှုပဲနော်။.
(၂၀)
နေထိုးတဲ့အခါမှာ လှေကားလက်ရန်းနဲ့ တစ်ပြေးညီတူတဲ့
အရိပ်တွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
(၂၁)
မသိရင် ဓာတ်ပုံထဲမှာ မျဉ်းကြောင်းတစ်ကြောင်းဆွဲချလိုက်သလားလို့တောင် ထင်မိတဲ့အထိပါပဲ။
တကယ်တော့ ခြောက်သွေ့တဲ့ ရာသီတိုင်းမှာ ရေမြုပ်သွားတတ်တဲ့ တောအုပ်ကြီးတစ်ခုကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
(၂၂)
ကမ်းခြေရှိသဲပေါ်မှာ ခရုခွံလမ်းကြောင်းအတိုင်း ပုံဖော်ဆွဲထားတာဖြစ်ပါတယ်။
ကံကောင်းချင်တော့ အဝေးက ကြည့်တာ ကြည့်မဝတဲ့ပုံလေးတစ်ခုရခဲ့ပါတယ်။
(၂၃)
တောထဲမှာ လမ်းလျှောက်ထွက်ရင်း …
အခုလိုမျိုး အရောင်စုံလှပတဲ့ သစ်ရွက်တွေကို ကောက်ရခဲ့တာပါ။
(၂၄)
ချယ်ရီခရမ်းချဉ်သီးရဲ့ ရင့်မှည့်လာမှု အဆင့်ဆင့်ကို …
တစ်ပုံထဲမှာတင်မြင်တွေ့နိုင်ပါတယ်။
(၂၅)
အရွက်အဖျားလေးတွေမှာ ရေသီးရေပေါက်လေးတွေက ညီညီညာညာ တင်ကျန်နေတာပဲဖြစ်ပါတယ်။
သိပ်လှတာပဲနော်။
(၂၆)
တမင်လုပ်ထားတာလားတော့မသိပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ပဲ …
အဆောက်အဦးက အရောင်တွေနဲ့ သစ်ပင်အရောင်တွေက လိုက်ဖက်ညီနေတာပဲဖြစ်ပါတယ်။
(၂၇)
အိုင်စလန်မြို့ ကနှင်းဖုံးလွှမ်းနေတဲ့ လမ်းတစ်ခုရဲ့ မြင်ကွင်း..
အိမ်လေးတွေက သပ်သပ်ရပ်ရပ်နဲ့ လှချင်တိုင်းကို လှနေတာပဲ။
ချက်ချင်း အဲ့ဒီနေရာကို သွားလည်ပတ်ချင်စိတ်တွေ ပေါ်လာပါပြီနော်
အခုလိုမျိုး တမင်ဖန်တီးခြင်းမရှိဘဲ ပြီးပြည့်စုံတဲ့ ဓာတ်ပုံတွေဆိုတာ အပြင်မှာမြင်ရဖို့ ရှားလှပါတယ်။ ပရိသတ်တို့ကော မထင်မှတ်ဘဲ ပြီးပြည့်စုံတဲ့ အဖြစ်အပျက်လေးတွေကို မြင်ဖူးကြပါသလား။
တကယ်လို့ရှိတယ်ဆိုရင်တော့ တခြားသူလည်းသိရအောင် ပြန်ပြောပေးခဲ့ကြအုံးနော်။
Ref:Brightside
Credit-Shwenyanshin