ထူးထူးခြားခြားဆိုသလို မျောက်လေးတွေမှာ ဘောပြာဖြစ်နေရတဲ့ အကြောင်းရင်း
ပရိုင်းမိတ်မျိုးနွယ်စုထဲမှာပါတဲ့ အကောင်းလေးတွေမှာ မျိုးပွားအင်္ဂါလေးတွေက ထူးထူးခြားခြားပြာနေတတ်ပါတယ်။ တချို့မျောက်လေးတွေဆိုရင် သိသိသာသာကို ထင်ရှားနေပြီး၊ အရောင်ခြယ်ထားတာလားလို့တောင် မေးခွန်းထုတ်လို့ရပါတယ်။
ပရိုင်းမိတ်ဆိုတာက ကမ္ဘာ့ရှေးဦးမျောက်မိသားစုတွေကို ခေါ်ဆိုတာပါ။ အမျိုးအစားခွဲရင် ပါတက်စ်(patas)၊ မန်ဒရေး(mandrills)။ ဗာဗက်(vervets)၊ တာလာပွိုင်(talapoins)၊ လီဆူလာ (lesula) ဆိုပြီးရှိပါတယ်။
ပါတက်စ်(patas)
အဲဒီအမျိုးအစားတွေထဲကမှန်ရင် ထူးထူးခြားခြားနေရာတွေမှာ ကာလာတောက်တောက်တွေရှိတတ်ပါတယ်။ ဘောအပြာရောင်ဖြစ်နေတဲ့ မျောက်လေးတွေမြင်ရင် ပရိုင်းမိတ်အုပ်စုလို့ နားလည်ထားနိုင်ပါတယ်။ ပြဿနာက အဲ့လိုရှိတဲ့မျောက်လေးတွေကို တလွဲအသုံးချခံရတာပါပဲ။
ဗာဗက်(vervets)
မျောက်လေးတွေဟာ လိင်ပိုင်းဆိုင်ရာအားကောင်းတယ်လို့ ဈေးကွက်ထဲပုံမှားရိုက်ခံရပါတယ်။ ဖရက်ဗာကိုဗစ်ချ်(Fred Bercovitch)ဆိုတဲ့ ဂျပန်တိုကျိုတက္ကသိုလ်က တောရိုင်းသုတေသနပညာရှင် လေ့လားထားချက်အရဆိုရင် မျိုးပွားအင်္ဂါမှာ အရောင်ရှိတာနဲ့အားကောင်းတာက လားလားမှမဆိုင်ပါဘူး။
မန်ဒရေး(mandrills)
ကပ္ပာယ်အိတ်နား ကာလာဖြစ်တည်မှုမှာ ပုံမှန်တိုင်းအရောင်တိုင်းရှိရမယ့်အစား ကာလာမဲ့တာမျိုးဖြစ်ပါတယ်။ ပရိုင်းမိတ်တွေ ခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာ ချွင်းချက်မရှိဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအချက်ဟာ အလုံးစုံကြီးမှန်တာလားဆိုရင်တော့ မဟုတ်သေးပါဘူး။ ရှိပါသေးတယ်။
တာလာပွိုင်(talapoins)
တချို့ပရိုင်းမိတ်မျိုးစိတ်၊ မန်ဒရေးတွေမှာဆိုရင် ကာလာတည်ရှိမှုနဲ့ပတ်သက်လို့ မျိုးရိုးကြားခွဲခြားထားမှုတွေရှိပါတယ်။ အကြီးအကဲဖြစ်လာမယ့်သူတွေက မျက်နှာမှာ အကြီးအကဲနဲ့သက်ဆိုင်တဲ့ ကာလာမျိုးတွေရှိရပါမယ်။ ကာလာပိုတောက်လေ အကြီးအကဲဆိုတာ တန်းသိလေပါပဲ။
လီဆူလာ (lesula)
မန်ဒရေးတွေမှာ အမတွေက ကာလာပိုတောက်ပါတယ်။ နောက်ထပ်လေ့လာထားချက်အရဆိုရင် မျက်နှာမှာ အရောင်ပိုစုံပြီးတောက်နေတာဟာ မျိုးနွယ်စုကြားမှာ တိုက်ခိုက်ရေးအကောင်းဆုံး၊ တခြားသူတွေကို အနိုင်အကျင့်ဆုံး ဖိုက်တာလို့လည်း သိရပါတယ်။
အခုလိုမျိုးကာလာတွေဖြစ်နေတာက ထူးခြားလို့မဟုတ်ဘဲ ပုံမှန်ရှိရမယ့်ကာလာကို မဖော်ဆောင်နိုင်ရာကနေ ဖြစ်လာတဲ့အကျိုးဆက်တွေဖြစ်ပါတယ်။ ဒါပေမဲ့ မျောက်တွေကိုယ်တိုင်ကတော့ သူတို့မျိုးနွယ်တွေကြားမှာ ကာလာနဲ့အဆင့်အတန်းခွဲထားပြီး၊ ဘောပြာတဲ့မျောက်လေးဆိုရင်လည်း ဘောပြာသလိုရာထူးအကြီးအမြင့်ရှိနိုင်တယ်လို့ သိရပါတယ်။
Ref:unilad
Credit-Shwetoday
Zawgyi
မျာက်လေးတွေဟာ လိင်ပိုင်းဆိုင်ရာအားကောင်းတယ်လို့ ဈေးကွက်ထဲပုံမှားရိုက်ခံရပါတယ်။ ဖရက်ဗာကိုဗစ်ခ်ျ(Fred Bercovitch)ဆိုတဲ့ ဂျပန်တိုကျိုတက္ကသိုလ်က တောရိုင်းသုတေသနပညာရှင် လေ့လားထားချက်အရဆိုရင် မျိုးပွားအင်္ဂါမှာ အရောင်ရှိတာနဲ့အားကောင်းတာက လားလားမှမဆိုင်ပါဘူး။
Ref:unilad
Credit-Shwetoday
  • Leave a Comment
Categories