ဘွဲ့ဝတ်စုံအပြည့်ဖြင့် လယ်တောထဲသို့သွားကာ မိဘများနှင့်အတူ ဂုဏ်ယူစွာ ဓာတ်ပုံများရိုက်ကူးခဲ့တဲ့ မိန်းကလေးတစ်ဦး

တက္ကသိုလ်မှဘွဲ့ရပြီးသွားတဲ့အမျိုးသမီးငယ်တစ်ဦးဖြစ်သူ Jennifer Rocha ဟာ သူမရဲ့ဘွဲ့နှင်းသဘင်ဂါဝန်ဖြင့် သူမရဲ့မိဘများနှင့်အတူ လယ်တောထဲမှာ ဓာတ်ပုံရိုက်ကာ မိဘများအား ဂုဏ်ယူစေခဲ့ပါတယ်။ Facebook ပေါ်ရှိ CaseQ မှတင်ခဲ့တဲ့ post တစ်ခုမှာ အသက် ၂၁ နှစ်အရွယ် Jennifer ဟာ သူမရဲ့မိဘများက ၎င်းတို့ရဲ့ကတိကဝတ်ကြောင့် ၎င်းတို့ဟာ အဆင့်မြင့်ပညာရေးစနစ်ကို မတတ်နိုင်ခဲ့ကြပေမဲ့လည်း သူမရဲ့ပညာရေးကိုတော့ တန်ဖိုးထားပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ငယ်ရွယ်လှပတဲ့ Jennifer ဟာ သူမရဲ့မိခင်နှင့်ဖခင်တို့ဟာ သူမငယ်ရွယ်စဉ်ကတည်းက ၎င်းတို့နှင့်အတူ ညရောက်တိုင်း လယ်တောသို့ အမြဲလိုက်သွားလေ့ရှိတာကြောင့် ၎င်းတို့က သူမအား အလုပ်ကြိုးစားလုပ်ကိုင်မှုရဲ့တန်ဖိုးကို ပြသခဲ့ကြကြောင်းလည်း ပြောပြထားခဲ့ပါတယ်။

သူမလယ်တောမှာနေခဲ့စဉ်အတွင်း Jennifer ဟာ လူတွေက ၎င်းတို့ရဲ့နေ့စဉ်ခွဲတမ်းအလုပ်များကို သေချာစွာ ပြီးစီးနိုင်ရန်အတွက် မရပ်မနားဘဲ နောက်ကျောနာခြင်းနှင့် ခြင်တွေကိုက်တဲ့အထိ အလုပ်လုပ်ခဲ့ကြတာကို မျက်မြင်တွေ့ခဲ့ရပါတယ်။

ထို့အပြင် တက္ကသိုလ်တက်နေစဉ်အတွင်းမှာလည်း Jennifer ဟာ မိဘဟာ ဇိမ်ခံနိုင်ပြီး ချမ်းသာတဲ့အနေအထားမှာမရှိတာကြောင့် သူမဟာ တိုက်ခန်းနဲ့တောင် မဌားနေနိုင်ခဲ့ပါဘူး။

၎င်းကို သူမက “ လယ်တောနယ်ပယ်တွေမှာ အလုပ်လုပ်ရခြင်းက ကွဲပြားခြားနားတဲ့ဇာတ်ကောင်တစ်ခုကို ဖြစ်ပေါ်စေတယ် ၊ ၎င်းဇာတ်ကောင်က အရာရာကို အရှုံးမပေးတတ်တဲ့စရိုက်လက္ခဏာ ၊ ကြံ့ခိုင်မှုတွေကြောင့် အလုပ်မှဖြစ်ပေါ်လာတဲ့အန္တရာယ်တွေကို ခံနိုင်ရည်ရှိတတ်ကြတယ် ” ဟူတဲ့ caption ဖြင့် လူအချို့အား လူတစ်ယောက်ကို ဆင်းရဲပြီး လယ်တောမှာအလုပ်လုပ်ရတိုင်း ပညာတတ်မဟုတ်ဘူးလို့ မဆုံးဖြတ်သင့်ကြောင်း သွယ်ဝိုက်ပြောဆိုခဲ့ပါတယ်။ ထို့နောက် ၎င်း post ဟာ လူသိများသွားခဲ့ပြီး မှတ်ချက်ပေါင်း ၆,၀၀၀ ကျော်နှင့် shareပေါင်းထောင်ချီကို ရရှိခဲ့ပါတယ်။

အင်တာနက်အသုံးပြုသူများက “ အလုပ်သမားမိသားစုဝင်တစ်ဦးမှ မင်းအတွက် ဂုဏ်ယူပါတယ် ၊ ငါတို့အခုရောက်နေတဲ့နေရာကိုရောက်ဖို့ ငါတို့ဘယ်လောက်ကြိုးစားခဲ့ရတာကို ဘယ်သူကမှသတိမပြုမိကြဘူး”၊ “ ငါ့မှာ ဝါခင်းမှာအလုပ်လုပ်နေကြတဲ့ မိဘတွေနှင့်အဘိုးအဘွားတွေရှိတယ် ၊ ငါ့အတွက် ဒီလိုအရာတွေဖြစ်လာဖို့ မဖြစ်နိုင်ဘူး ၊ ဒီတော့ မင်းကို အခုလိုဖြစ်အောင် ထောက်ပံ့ပေးခဲ့တဲ့သူတွေနဲ့ မင်းအတွက်ကို ငါဝမ်းသာမိတယ် ” ၊ “ဂုဏ်ယူပါတယ် ၊ ငါ့မိသားစုလည်းရွှေ့ပြောင်းအလုပ်သမားတွေပါ ၊ လယ်တွေလုပ်ရတာဘယ်လောက်ခက်ခဲလဲငါသိတယ် ၊ ဂုဏ်ယူပါတယ်၊ ကံကောင်းပါစေ ” ဟုတဲ့မှတ်ချက်များစွာဖြင့် တုံ့ပြန်ပေးခဲ့ကြပါတယ်။

Jennifer ဟာ မိဘတွေရဲ့အရှိအတိုင်းကို ပြသဖို့မရှက်ကြောက်ခဲ့သလို လယ်တောထိသွားပြီး မိဘများနှင့် ဂုဏ်ယူစွာ ဓာတ်ပုံအတူရိုက်ခဲ့တာကြောင့် သူမရဲ့ရှေ့ဆက်မဲ့ဘဝလေးလည်း အမြဲလှပနေပြီး မိဘတွေရဲ့ဆန္ဒကိုလည်း ဖြည့်ဆည်းပေးနိုင်မဲ့သမီးလိမ္မာလေးတစ်ယောက်အဖြစ် ဆက်လက်တည်ရှိနေလိမ့်မယ်လို့မျှော်လင့်ကာ ယုံကြည်နေမိပါတယ်ဗျာ။

Mia (Mckzone Daily)

Source : legit

  • Leave a Comment

Categories