မင်္ဂလာပါ။တစ်ခါတစ်လေ မှာ ကံတရားက ကျွန်တော်တို့ကို သေးငယ်တဲ့ မတော်တဆ မှုတွေနဲ့ ကျီစားလေ့ရှိပါတယ်။ ဒီမတော်တဆမှုတွေကို ကြုံတွေ့ပြီးနောက်မှာတော့ သင်ခန်းစာယူနိုင်အောင်ပါ။ အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ တစ်သက်လုံးမှတ်မိနေလောက်မယ့် တိုက်တိုင်ဆိုင်ဆိုင်မတော်တဆမှုတွေကို ရိုက်ကူးမိထားတဲ့ ဓာတ်ပုံတွေပဲဖြစ်ပါတယ်။
(၁)
ကျွန်တော့်ရဲ့အမဟာ အမွှေးချွတ်လိုးရှင်းနဲ့
ခေါင်းလျှော်ရည်ကိုမှ တိုက်တိုက်ဆိုင်ဆိုင်မှားပြီး သုံးခဲ့မိတာပါ။
(၂)
ပီဇာမှာလိုက်တာ အခုလိုမျိုး ကပ်ထူပြားပေါ် ကပ်ပြီးပါလာတော့
ကပ်ထူပြားကိုပါ စားရမယ့်ပုံ။
(၃)
သင့်ရဲ့ ကလေးက ဒေါ်လာ ၁၀၀ နီးပါးဖိုးတန်ဖိုးရှိတဲ့ ပီဇာတွေကို မတော်တဆ မှားမှာမိမယ်ဆိုရင်တော့
သင်လည်းကပုံထဲကလို မျက်နှာလေးဖြစ်သွားမယ်ထင်ပါတယ်။
(၄)
ကားမောင်းတတ်ပြီဆိုပြီး ပါကင်စမ်းထိုးကြည့်လိုက်တာ…
ငါးပါးကို မှောက်ရော။
(၅)
မာရသွန်ပြေးပွဲထဲမှာ ရောယောင်ပြီး ပြေးခဲ့မိတဲ့ခွေးလေးက
ဆုအဆင့် ၇ ရခဲ့ပါတယ်။
(၆)
လေယာဉ်ပေါ်ကနေ လှမ်းမြင်လိုက်ရတဲ့ မြင်ကွင်းဟာ
ရုတ်တရက် တခြားကမ္ဘာတစ်ခုကိုရောက်သွားသလိုပါပဲ။
(၇)
ကျွန်တော့်ရဲ့ခွေးလေးကို ရုံးခန်းထဲ ဝင်ခွင့်မပြုတာကို သူလည်းသိပါတယ်။
တစ်နေ့မှာတော့ မတော်တဆ သူ့ရဲ့အရုပ်လေးကို ရုံးခန်းထဲ ပစ်မိသလို ဖြစ်သွားတာကြောင့်
ကျွန်တော်သတိမထားမိခင်မှာ အရုပ်ကို မရရအောင် ပြန်ယူဖို့ ကြိုးစားနေတာပါ။
(၈)
သူငယ်ချင်းကို ဓာတ်ပုံရိုက်ပေးရင်း မတော်တဆ လက်လှုပ်မိလိုက်တာ
မသိရင် သူ့ရဲ့ ဝိညဉ်က ခန္ဓာကိုယ်ထဲက ထွက်သွားသလို ဓာတ်ပုံမျိုးရရှိခဲ့ပါတယ်။
(၉)
ဟယ်လီကော်ပတာကို ဓာတ်ပုံလှမ်းရိုက်နေတာကို လာစပ်စုနေတဲ့ ခွေးလေး…
သူ့မျက်နှာလေးကိုပါ ဓာတ်ပုံရိုက်မိသွားတာပေါ့
(၁၀)
စာကြည့်တိုက်မှာထားထားတဲ့ စာအုပ်စင်က စာအုပ်တွေက ဓာတ်ပုံလှမ်းရိုက်လိုက်တဲ့အခါမှာတော့
Interstellar ဇာတ်ကားထဲကလို တခြားကမ္ဘာတစ်ခုကို သွားဖို့အတွက် လမ်းကြောင်းနဲ့တောင် တူနေသေးတယ်။
(၁၁)
ကြောင်ရဲ့မျက်လုံးကို မတော်တဆ ရိုက်ကူးမိခဲ့တဲ့ ဓာတ်ပုံက
အခုလိုမျိုး ကြောက်မက်ဖွယ်ကောင်းနေတာဖြစ်ပါတယ်။
(၁၂)
အီစတာနေ့အတွက် အီစတာဥ ဆေးခြယ်လိုက်တာ မသိရင် နဂါးဥကြီးလိုလို…
(၁၃)
မတော်တဆ မီးရှုးမီးပန်းတစ်ခုထဲကိုဖောက်မိတဲ့အခါမှာတော့
အခုလိုပဲ ထွက်ပြေးလိုက်ရတာ အမှတ်တရတစ်ခုပါပဲ။
(၁၄)
ကျွန်တော့်ခွေးလေး ကျန်သေးတယ် ဆိုတာကို မေ့ပြီး မြေအောက်ခန်း တံခါးကို ပိတ်မိလိုက်တာ
အခုလိုပဲ အပေါက်လေးကနေထွက်ပြီး သူ့ကို တံခါးဖွင့်ပေးဖို့ တောင်းဆိုနေရှာတာ။
(၁၅)
အိမ်နီးချင်းတစ်ယောက်ရဲ့ကားနဲ့ ကျွန်တော့်ကားက ပုံစံတူနေကြတာဖြစ်ပြီး
ဒီနေ့မှာတော့ တိုက်တိုက်ဆိုင်ဆိုင် ပုံစံတူကားနှစ်စီးလုံးက ရပ်နားထားကြတာပါ။
(၁၆)
မနေ့ ညနေက ကြောင်လေးတစ်ကောင်ကို အစာကျွေးခဲ့ပါတယ်။
ဒီနေ့မနက် အပြင်ထွက်လိုက်တဲ့ အခါမှာတော့ သူလေးက ကျွန်တော့်ကို အခုလိုပဲ ထိုင်စောင့်နေတာပါ။
ကြည့်ရတာ ကျွန်တော်တော့ ကြောင်မွေးစားရတော့မယ်ထင်ပါရဲ့
(၁၇)
အမှတ်မထင် ရိုက်ကူးလိုက်တဲ့ ဓာတ်ပုံဟာ
အသက်ရှုမှားလောက်အောင် လှပနေတော့တာပါပဲ။
(၁၈)
ကြမ်းခင်းအသစ်ခင်းလိုက်တာ
ကျွန်တော့်အိမ်က ခွေးလေးရဲ့ အရောင်နဲ့ ကွက်တိကျသွားပါတယ်။
(၁၉)
အိမ်ပြင်မှာ ဝိုင်အနည်းငယ်ကျန်တဲ့ခွက်ကို မေ့ပြီးထားခဲ့မိပါတယ်။
အဲ့ထဲကို သစ်ရွက်တစ်ရွက် ပြုတ်ကျသွားခဲ့ပြီး မနက်ကျတော့ ရာသီဥတုအေးတာကြောင့် အခုလို ခဲသွားခဲ့တာပါ။
(၂၀)
သင့်အမျိုးသားရဲ့ ဆွယ်တာကိုလျှော်ပြီးနောက် ပျက်စီးသွားတဲ့အခါမှာ
ကြောင်လေးကို ဆင်ပေးလိုက်ပြီး သူစိတ်မဆိုးအောင် ချော့လို့ရတာပေါ့
(၂၁)
ပန်းသီးကို အစိတ်စိတ်လှီးမလို့ပါပဲ။
ဓားက မခိုင်တော့ ပန်းသီးထဲမှာ စိုက်ကျန်နေခဲ့ပြီး ပန်းသီးက အန္တရာယ်ရှိတဲ့ အသီးအဖြစ် ပြောင်းလဲသွားပါတယ်။
(၂၂)
ချစ်သူကောင်လေးရဲ့ အိမ်ကို သွားလည်ရင်း ကောင်လေးရဲ့ အဖွားမင်္ဂလာဆောင်တုန်းက ဓာတ်ပုံကို တွေ့တာနဲ့ ချစ်လို့ ဓာတ်ပုံလှမ်းရိုက်လိုက်တာပါ။
တိုက်တိုက်ဆိုင်ဆိုင် အဖွားရဲ့ လက်ရှိအရွယ်က ပုံလေးပါ မှန်ထဲမှာ အရိပ်ထင်ပြီးပါလာခဲ့ပါတယ်။
(၂၃)
ကော်ဖီကုန်သွားလို့ ခွက်မှာကပ်ကျန်နေခဲ့တဲ့ ကော်ဖီမှုန့်ဟာ
တောအုပ်လေးကို ပန်းချီဆွဲထားတာနဲ့တောင် တူနေသေးတယ်။
(၂၄)
လျှပ်စစ်ပညာရှင်တစ်ဦးဟာ နယူးရောက် ပြည်သူ့စာကြည့်တိုက်ရှိ ဒေါ်လာ ၁၂သန်းတန် လက်ရာမြောက် မျက်နှာကြက်ကြီးကို
မတော်တဆ အပေါက်ဖြစ်သွားအောင် လုပ်ခဲ့မိပါတယ်။
(၂၅)
ပွဲသွားရင်းနဲ့ မျက်နှာကိုဆေးခြယ်မလား။ ပြန်ဖျက်လို့ လည်းလွယ်ပါတယ်ဆိုလို့ ဆေးခြယ်မိခဲ့ပါတယ်။
အခုတော့ မျက်နှာက ခရမ်းရောင်ဖြစ်သွားရရှာတယ်။
တကယ့်ကို ကြံကြံဖန်ဖန်တိုက်ဆိုင်မှုတွေပါပဲနော်။ ပရိသတ်တို့ကော အခုလိုမျိုး မတော်တဆမှုတွေကို ကြုံဖူးပါသလား။
ကိုယ်အတွေ့အကြုံလေးတွေကို မျှဝေပေးခဲ့ပါအုံးနော်။
Ref:Brightside