တံခါးရှေ့က ဖြတ်သွားဖြတ်လာတဲ့သူတွေဆီကနေ ပိုက်ဆံကောက်ခံပြီး အိမ်ခြေမဲ့လူတွေကို ပြန်လည်လှူဒါန်းခဲ့တဲ့ ထူးခြားတဲ့ကြောင်လေး
မကြာသေးခင်ကဘဲ Love Meow website က ကျွန်ုပ်တို့ကို ထူးခြားတဲ့ စွမ်းရည်ရှိသူတစ်ကောင်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ် ။ သူတို့က ဖြတ်သွားဖြတ်လာသူတွေဆီကနေ ပိုက်ဆံတွေကောက်ခံနေတဲ့ ကြောင်လေးရဲ့ပုံကို ဝေမျှခဲ့ပါတယ် ။ Cashnip လို့ ခေါ်တဲ့ ဒီကြောင်ဟာ ကြောင်များကို ပျော်ရွှင်စေတဲ့ ဆေးဖက်ဝင်အပင်ဆိုတဲ့ အဓိပ္ပာယ်နဲ့ နာမည်မှည့်ပေးထားတာပါ ။ နောက်ပြီး ဒီကြောငလေး ငွေကိုသာစိတ်ဝင်စားတာကြောင့် Cashnip ဆိုပြီး နာမည်ပေးထားတာလည်း ဖြစ်ပါတယ် ။ Cashnip က Tulsa ရှိ GuRuStu ရဲ့ စျေးကွက်ရုံးမှာ အခြေစိုက်ပြီး ဖန်တံခါးနားမှာ ထိုင်ကာ ဖြတ်သွားဖြတ်လာတဲ့သူတွေဆီက ပိုက်ဆံကောက်ခံနေတာလေးက မြင်သူတိုင်းကို ချစ်မိစေတဲ့ သားကောင်ဖြစ်ပါတယ် ။
ကုမ္ပဏီပိုင်ရှင် Stewart McDaniel နဲ့ ဝန်ထမ်းများ အကြီးအကျယ်အံ့အားသင့်ခဲ့ရတာက Cashnip ဟာ တံခါးနားမှာ ဒေါ်လာငွေစက္ကူများနဲ့ စုပုံနေတာကိုတွေ့ပြီးနောက် အံ့အားသွားခဲ့ပါတယ် ။ နောက်ပိုင်းမှာ ဝန်းထမ်းတွေက Cashnip နဲ့ ကစားလိုတဲ့သူတိုင်း တံခါးပေါက်မှာ ပိုက်ဆံထိုးထည့်ပါ ဆိုတဲ့ ဆိုင်းဘုတ်ကပ်ထားခဲ့ပါတယ် ။ ထိုကြောင်လေးကောက်ခံရရှိတဲ့ငွေကို လူမှုဖူလုံရေးစင်တာသို့ လှူဒါန်းခဲ့ပြီး အိမ်ခြေမဲ့ဖောင်ဒေးရှင်းအတွက် Tulsa Day Center မှတဆင့် ထိုဒေသရှိ အိမ်ခြေမဲ့များကို ကူညီရန် သုံးခဲ့ပါတယ် ။
ကုမ္ပဏီက Cashnip ကြောင်ဟာ ထိုနေရာအတွက် ဂုဏ်ယူပြီး ယခုအချိန်ထိ အိမ်ခြေမဲ့အတွက် ကူညီရန် ဒေါ်လာ ၁၀၀ ကျော်စုဆောင်းထားနိုင်ခဲ့ပါပြီ ။ Cashnish ဟာ အလွန်ထူးခြားတဲ့ ကြောင်ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ဒါဟာ အခြားအိုးမဲ့အိမ်မဲ့လူတွေကို အခွင့်အလမ်းတွေ ပေးသလို တကယ်ကိုအထင်ကြီးစရာပါ ။
JRose (KBdailynews)
Zawgyi
JRose (KBdailynews)
  • Leave a Comment
Categories