မင်္ဂလာပါ။ဘဝဟာအံဩစရာတွေနဲ့ ပြည့်နှက်နေပြီး လူတချို့ကတော့ ဒါတွေဟာမဖြစ်နိုင်တဲ့အရာတွေဖြစ်ကာဘယ်သူမှလည်းပြုလုပ်မှာမဟုတ် ဘူးလို့ထင်ကြပါတယ်။ဒါပေမယ့်လို့ သူတို့မဖြစ်ဘူးလို့ တွေးထားတဲ့အရာကို ကမ္ဘာကြီးကသူတို့အတွက် အံ့ဩစရာတွေပေးလိုက်ပါတယ်။တချို့တွေကဘတ်ကားပေါ်မှာ ယုန်တစ်ကောင်ကိုတွေ့လိုက်သလို တချို့ကလည်း ဟင်းချက်နေတဲ့ဒယ်အိုးထဲကိုခိုတစ်ကောင်ရောက်လာတတ်တာမျိုးပါ။
အခုဖော်ပြပေးမယ့် သူတွေဆိုရင် အံ့အားသင့်စရာ စပရိုက် ကံကြမ္မာတွေကို ကြုံတွေခဲ့ကြရတဲ့ ပုံရိပ်တွေပဲဖြစ်ပါတယ္။
(၁)
ငါးတစ်ကောင်ကို ဖမ်းမိခဲ့ပြီး သူ့ပါးစပ်ကို ဖြဲကြည့်လိုက်တဲ့အခါမှတော့
ပါးစပ်ထဲမှာ ဖားအရှင်တစ်ကောင်ရှိနေတာကိုပါ ထပ်တွေ့ခဲ့ရပါတယ်။
တစ်ချက်ခုတ် နှစ်ချက်ပြတ်လို့ပဲ ဆိုရမလား…
(၂)
ဇနီးဖြစ်သူ အပြင်ကပြန်လာရင် အနားယူရေချိုးလို့ရအောင် အဆင်သင့်လုပ်ပြီး မျက်နှာယူမလို့ပါဆိုမှ ဒင်းက အဖျက်..
(၃)
အရေးတကြီးသွားစရာရှိလို့ …
ကားလိုအပ်နေပါတယ်ဆိုမှ…
(၄)
လျှပ်စစ်ပုံးကို ဖွင့်ပြီး ပြုပြင်ရေးတွေ လုပ်မလို့ပါ။
အဖုံးဖွင့်ဖွင့်ချင်းပဲ မည်းပြောင်နေတဲ့ မြွှေအနက်ရောင်ကြီးကို မြင်လိုက်ရတော့ နှလုံးတွေရပ်မတက်ပဲ။
(၅)
ကားနောက်ဘက် ကင်မရာရှေ့မှာ တစ်ယောက်ယောက်က စနောက်ပြီး အရုပ်ကို ကပ်သွားခဲ့ပါတယ်။
ပါကင်ထိုးမလို့ အနောက်ကင်မရာကိုကြည့်ချိန်မှာ အသက်ထွက်မတတ် လန့်သွားခဲ့ရပါတယ်။
(၆)
ခင်ပွန်းဖြစ်သူကို အံ့သြစရာတွေ ပေးချင်ပါသလား..
သူ့ရဲ့ ကား နှင်းတောထဲမှာ တဖြည်းဖြည်း နစ်မြုပ်နေတာကို ဓာတ်ပုံရိုက်ပို့ပေးလိုက်ပါ။
(၇)
ကျွန်တော်က ကောင်မလေးကို စပရိုက်တစ်ခုပေးစရာရှိတယ်လို့ပြောလိုက်တာ..
ဆိတ်ကိုတွေ့ပြီးတော့ သူစိတ်ဆိုးသွားတယ်လေ..
(၈)
အိတ်ဆောင် ဖုန်းအားသွင်းစက်လေးက သူ့ကိုယ်သူ အားတွေပြန်သွင်းလို့ရနေပါတယ်။
ကိုယ့်အိမ်က အားသွင်းစက်ကော လုပ်လို့ရမရ လုပ်ကြည့်လိုက်ကြပါအုံး။
(၉)
တံခါးဝက အသံကြားလို့ ဧည့်သည်ထင်ပြီး ထွက်ကြည့်လိုက်တာ…
ဒီဧည့်သည်ကြီးဖြစ်နေတယ်။
(၁၀)
ဟင်းချက်ဖို့အတွက် ဖရုံသီးကို ထက်ခြမ်းလှီးလိုက်တာပါ..
ဖရုံသီးပုံက လန့်စရာကောင်းလို့ ရုတ်တရက်ကြီး ကိုယ်ဘာလုပ်မယ်ဆိုတာတောင် မေ့သွားတယ်။
(၁၁)
ဘယ်သူလက်ဆော့သွားတာလဲ။ ဒါ နောက်စရာမဟုတ်ဖူးနော်။
ရေထဲက ထိုးထွက်နေတဲ့ ကျောက်စိုင်ကြီးကို တစ်ယောက်ယောက် က ငါးမန်းပုံတူအောင် ဆွဲသွားခဲ့တာပါ။
တချို့မသိတဲ့ လူတွေ ရုတ်တရက် ကြည့်လိုက်မယ်ဆိုရင် လန့်သွားမှာသေချာတယ်။
(၁၂)
ကဲ…ဆိုဒ်မသေချာရင် အွန်လိုင်းက မှာပြီး အဝတ်အစားတွေ ဝတ်ဖို့ မစဉ်းစားကြနဲ့နော်။
ပြီးမှာ ဒီအမျိုးသမီးလို အဖြစ်မျိုးကို မကြုံစေချင်ဘူးနော်။
(၁၃)
“ဖြတ်သန်းသွားလာခွင့်ကတ်ပြားပါလို့လား ၊ ဟေ့လူ.. မပါရင် ကျွန်တော်တို့ တောအုပ်ထဲ ဖြတ်ခွင့်မပြုဘူးနော်”
(၁၄)
လေယာဉ်ပေါ်မှာ အေးဆေး ထိုင်နေတုန်း ဘေးကနေ အခုစာတန်းကြီးကိုင်ထားတဲ့ သူ့ကို ရုတ်တရက် တွေ့လိုက်ရမယ်ဆိုရင် ပရိသတ်တို့ရဲ့ ခံစားချက်က..
ကိုယ်စီးလာတဲ့လေယာဉ်ကြီးကို မောင်းလာတဲ့ ပိုင်းလော့က လေယာဉ်အပြင်ကိုရောက်နေပြီဆိုတော့ ကမ္ဘာပျက်သလို ခံစားရမယ်ဆိုတာ အသေအချာပါပဲ။
(၁၄)
သင့်ကောင်မလေးကို စပရိုက်တိုက်လိုက်ပါ…
အခုရောင်းထားတဲ့ ဓားလေးတွေနဲ့ပေါ့..
(၁၅)
.”လွန်ခဲ့တဲ့ တစ်နှစ်က ဒီလိုင်စင်ကို ဘားမှာ ရှာတွေ့ခဲ့တာပါ။ တစ်နှစ်လုံး လိုင်စင်လေးကို သုံးခဲ့ပါသေးတယ်။ အခုကျွန်မအသက်က ၂၁ ပြည့်ပြီဆိုတော့ မလိုတော့ဘူးလေ….ဒါကြောင့် ပြန်ယူလိုက်ပါတော့။”
ဟုတ်ပါပြီ…တစ်သက်လုံးပြန်မရတာထက်စာရင်တော့ ပြန်ရတာ တော်သေးတယ်ဆိုရမယ်။
(၁၆)
မရိုတတ်တဲ့ ချစ်သူနဲ့ ညဘက်မှာအေးဆေး ရုပ်ရှင်ကြည့်မယ်စိတ်မကူးလိုက်နဲ့နော်..
သိတဲ့အတိုင်း တလွဲတွေပဲဖြစ်လာလိမ့်မယ်။
(၁၇)
ဆောင်းမနက်ခင်းလေး ပြတင်းပေါက်ဖွင့်လိုက်ချိန်မှာ တွေ့လိုက်ရတဲ့ ရေခဲကြီးက ဒီလိုပုံစံဆိုရင်…
ကြောက်စရာကြီးနော်။
(၁၈)
ကျွန်တော်မှာထားတဲ့ ဖိနပ်လေးက ဘေးအိမ်ကို မှားပြီးရောက်သွားခဲ့တာပါ။
ဒါနဲ့ နောက်နေ့ အဲ့ဒီအိမ်ကို သွားယူတော့ အဲ့အိမ်က အဖွားက ဝတ်ပြီးနေပါပြီ။
သူ့ကြည့်ရတာတော့ ပျော်နေပုံပါပဲ။
(၁၉)
ဘတ်စ်ကားပေါ်မှာ အေးအေးဆေးဆေးလိုက်လာခဲ့တဲ့ ယုန်လေး..
ချစ်စရာလေးနော်။
(၂၀)
အမျိုးရဲ့ မင်္ဂလာဆောင်ကို တက်ဖို့အတွက် အဖွားနဲ့ ကျွန်မတို့ အင်္ကျီဆင်တူဝတ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ဒါပေမယ့် အဖွားဖြစ်သူက လူငယ်ဆန်တဲ့ အင်္ကျီလေးနဲ့ ပိုလိုက်ဖက်နေခဲ့တယ်လေ။
(၂၁)
မီးဖိုချောင်ထဲမှာ ချက်ပြုတ်မယ်ဆိုပြီးကြည့်လိုက်တော့ ကိုရွှေခိုက ကြိုစောင့်နေတယ်လေ
(၂၂)
ကားပေါ်မှာ အအေးတို့ ရေတို့ ဖိတ်ကျတာကမှ တော်သေးတယ်။
အိမ်သုတ်ဆေးဘူးလိုက်ကြီး မှောက်တာကျတော့
ဘယ်ပြောကောင်းမလဲ..စိတ်ကူးတောင်ယဉ်ကြည့်လို့မရဘူး။
(၂၃)
နံရံဆေးမှုတ်တာက သိပ်ကို အသက်ဝင်နေတော့လည်း ညဘက်မှာ သတိမထားမိဘဲ နံရံကို ဝင်အောင်းမိတာပေါ့။
ဆွဲသူကို လက်ရာအသက်ဝင်လွန်းလို့ ချီးကျူးရမလား..သူ့ကြောင့် ကားမတော်တဆမှုဖြစ်တော့ အပြစ်တင်ရမလား..ဝေခွဲမရတော့ပါဘူး။
(၂၄)
သဘာဝတရာကြီးကလည်း ရက်စက်လိုက်တာနော်။
ဆီးနှင်းကျတာ ကားတစ်ခုလုံးကို ရစရာ မရှိအောင်ကိုပါလား။
ပရိသတ်တို့ရော သူတို့လိုပုံစံမျိုး အလွဲလေးတွေကို ကြုံဖူးကြလားမသိဘူး။
တကယ်လို့ ကြုံဖူးခဲ့ရင်လည်း ကိုယ့်အတွေ့အကြုံတွေကို ပြန်လည်ဝေမျှခဲ့ပါအုံးနော်။
Ref:Brightside