နာမည်ကြီး အနုပညာရှင်တွေရဲ့ပုံနဲ့ တစ်ထေရာတည်းတူအောင် ဖန်တီးပြခဲ့တဲ့ အာရှမိတ်ကပ်ပညာရှင်

တစ်ချို့လူတွေက photoshop ကဲ့သို့ ဒစ်ဂျစ်တယ်နည်းတွေကို အသုံးပြုပြီး ဓာတ်ပုံတွေကို အံ့သြဖွယ်လက်ရာဖြစ်အောင် ပြုပြင်ဖန်တီးတတ်ကြပါတယ်။ ဒါပေမယ့် TikTok ပေါ်တွင် gillianisme အမည်ရှိတဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်ကတော့ မိတ်ကပ်ကိုအသုံးပြုပြီး ရုပ်ပြောင်းရုပ်လွှဲ ပြုလုပ်နိုင်ကြောင်းကို ပြသခဲ့တာဖြစ်ပါတယ်။

နာမည်ကြီး ဆယ်လီတွေရဲ့ပုံစံတွေ၊ ဇာတ်ကောင်တွေကို လက်ရာမြောက်စွာ ဖန်တီးပြခဲ့တာ ဖြစ်ပါတယ်။ သူမက Scarlett Johansson, Scarlet Witch, Kate Blanchett, Anne Hathaway, Audrey Hepburn, Jackie Chan, Edward Scissorhands နဲ့ တစ်ခြားများစွာသော ဇာတ်ကောင်တွေကို ဖန်တီးခဲ့တာပါ။

သူမရဲ့လက်ရာတွေဟာ အရမ်းကိုအံ့သြစရာကောင်းလောက်အောင် တူလွန်းတာကြောင့် အွန်လိုင်းပေါ်မှာ တဖြည်းဖြည်းနာမည်ကြီးလာခဲ့ပြီး သူမရဲ့ပလက်ဖောင်းပေါ်တွင် အခုဆိုရင် like တွေနဲ့ follower ထောင်ပေါင်းများစွာကို ရရှိထားတာ ဖြစ်ပါတယ်။

တစ်ခြားမိတ်ကပ်ပညာရှင်တွေလို ပုံစံတူပြုလုပ်ဖို့ တစ်ခြားပစ္စည်းတွေကို အသုံးမပြုပဲ သူမက မိတ်ကပ်တစ်ခုတည်းကိုသာ အသုံးပြုခဲ့တာဖြစ်ပြီး အရမ်းလည်းတူလွန်းတာကြောင့် ထင်ယောင်ထင်မှားတောင် ဖြစ်စေနိုင်တာပါ။ သူမရဲ့လက်ရာတွေက ဘယ်လောက်တောင်တူလွန်းလဲ ဆိုတာကို ဝေမျှပေးလိုက်ပါတယ်နော်။

1

2

3

4

5

6

7

8

Credit-Shwemom

Photos from tik tok

  • Leave a Comment

Categories