သဘာဝတရားကြီးက လူသားတွေ မမြင်ဖူးသေးတဲ့အရာတွေကို ဖုံးကွယ်ထားတယ်ဆိုတာ သက်သေပြနေတဲ့ ဓာတ်ပုံများ

သဘာဝတရားကြီး အံ့သြဖွယ်ရာတွေနှင့် ပြည့်နေတယ်ဆိုတာကို လက်ခံပါသလား ပရိသတ်တို့ရေ.

အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေက သဘာဝတရားကြီးက အံ့သြစရာတွေ အပြည့်ဆိုတာကို သက်သေပြနေတဲ့ ဓာတ်ပုံတွေပါပဲ..စိတ်ဝင်စားရင် ဆက်လက်ဖတ်ရှုလိုက်ကြပါအုံး

(၁)

ဘဲဥ နှင့် တစ်ပုံစံ တည်းတူနေတဲ့ ခရမ်းသီး…

eggplant လို့ ခေါ်တာက ဘဲဥ နှင့်ဆင်တူနေလို့ ထင်ပါရဲ့..

(၂)

တော်ရုံ လူမမြင်ဖူးလောက်သေးတဲ့ မှိုတစ်မျိုး…

ကြက်သီးထစရာကောင်းတာတော့ အမှန်ပါပဲ။

(၃)

ဒိုင်နိုစောလို အရွယ်အစားမကြီးပေမယ့်

ပုံပန်းသွင်ပြင်က ဒိုင်နိုစော နှင့် တူနေတဲ့ လိပ်ပေါက်လေး

(၄)

ပုံမှန်မြင်နေကျ လိမ္မော်သီးတွေ နှင် ပုံစံ မတူတဲ့ လိမ္မော်သီးတစ်လုံး…

ပုံစံ မတူပေမယ့်လည်း လိမ္မော်သီးအရသာကတော့ ကောင်းမယ့် ပုံပါပဲ။

(၅)

ကြောင်လေးတွေရဲ့ လက်က သေးသေးလေးတွေဖြစ်ပြီး မမြင်ရပေမယ့်

ဒီကြောင်လေးကတော့လက်မ အကြီးကြီးတွေ ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

(၆)

အိမ်မျက်နှာကျက် ကို ဖောက်ထွက်ပြီး ပေါက်လာတဲ့ မှိုပွင့်လေး

မြေကြီးပေါ်မှာ မပေါက်ဘဲ အိမ်မျက်နှာကျက် မှာပေါက်နေတာကတော့ ထူးဆန်းတယ်နော်

(၇)

vitiligo ရောဂါဟာ အသားအရောင်ကို ပြောင်းလဲစေပါတယ်။

ပုံထဲက အမျိုးသမီးကတော့ ဒီရောဂါ ကို ခံစားနေရတာကြောင့် သူမရဲ့ မျက်တောင်မွှေးတစ်ဝက်လောက်က

အနက်ရောင်ကနေ အဖြူရောင်ကို ပြောင်းသွားတာဖြစ်ပါတယ်။

(၈)

ထိုင်းနိုင်ငံ က ပန်းပွင့်တစ်မျိုးပါတဲ့..

ပုံကို ကြည့်ပြီး ပရိသတ်တွေ ကြောက်သွားနိုင်ပေမယ့် ဒေသခံတွေကတော့ ဒီပန်းပွင့်ကို စားကြပါတယ်တဲ့နော်

(၉)

တစ်သက်လုံး မြင်ဖူးနေကျ ကြက်ဥ တွေက ဝိုင်းဝိုင်းလုံးလုံးတွေပါပဲ။

ဒါပေမယ့်လည်း ဓာတ်ပုံထဲမှာ ပါဝင်နေတဲ့ ကြက်ဥကတော့ မြင်ဖူးနေကြကြက်ဥပုံစံတွေနှင့် လုံးဝမတူပါဘူး။

(၁၀)

လင်းနို့ အကောင်ပေါက်လေး ကို မြင်ဖူးကြလား ပရိသတ်တို့ရေ..

ဒီလင်းနို့လေးက တော့ အရွယ်အစားတော်တော်လေး သေးတယ်ဆိုရပါမယ်။

(၁၁)

ကျောက်ပုစွန်စားရတာကို ကြိုက်ကြလား ပရိသတ်တို့ရေ..

ဒါဆိုရင် တစ်ကိုယ်လုံး အပြာရောင်သန်းနေတဲ့ ကျောက်ပုစွန်ကို စားရဲကြလား

(၁၂)

ရှူးဖိနပ် အဟောင်းပေါ်မှာ ပေါက်နေတဲ့ ရေညှိပင်လေးတွေ..

ဖိနပ်ပေါ်မှာ အပင်ပေါက်တာက ထူးဆန်းနေပါတယ်။

(၁၃)

ကျွန်တော်ရဲ့ နှာခေါင်းပေါ်ကို လာနားနေတဲ့ လိပ်ပြာတစ်ကောင်..

လိပ်ပြာက အသာတကြည်နှာခေါင်းပေါ်မှာ လာနားရအောင် ဘာတွေများ လုပ်သလဲလို့ သိချင်လိုက်တာ..

(၁၄)

လက်ထပ်လက်စွပ်ကို ချွတ်ပြီး ညစ်ပတ်တာတွေ ကို ကိုင်ခဲ့ပေမယ့် လက်စွပ်ချွတ်ထားတဲ့ နေရာကိုတော့ သဲတွေ မပေခဲ့ပါဘူး။

လက်တစ်ချောင်းလုံး ညစ်ပတ်ပေမယ့် လက်စွပ်တစ်နေရာထဲ ဘာလို့ ကွက်ပြီး သန့်ရှင်းနေပါလိမ့်

(၁၅)

သဘာဝအတိုင်း ၇ ထောင့် ကြယ်ပုံစံ ပါဝင်နေတဲ့ ကျောက်တုံးကို မက္ကစီကို
မှာ ရှာတွေ့ခဲ့တာပဲဖြစ်ပါတယ်။

(၁၆)

ဘယ်ဘက်က ကျွန်တော်ရဲ့ ခြေထောက်အစစ်ဖြစ်ပြီး ညာဘက်ကတော့ ကျွန်တော်ရဲ့ ခြေထောက်တုပါ။

ဖိနပ်ကို တစ်နှစ်တိတိစီးပြီးတဲ့ နောက်မှာတော့ ခြေထောက်အစစ်ဘက်က ပိုဟောင်းနေတာကို တွေ့ရပါတယ်။

(၁၇)

ကျွန်တော့်ခွေးလေးရဲ့ မျက်နှာနှင့် ခန္ဓာကိုယ် တစ်ခြမ်းထဲကို ပဲ ဆက်လိုက်တဲ့ အခါမှာတော့ အပြင်ကနှင့် မတူတဲ့ ပုံစံ ထွက်လာတာပဲဖြစ်ပါတယ်.

(၁၈)

ရေထဲမှာနေတဲ့ ငါးမှာတောင် အတောင်ရှိတယ်နော်.

(၁၉)

ဘလူးမာလင်ငါးလို လူတွေ တောင်မနည်းဖမ်းဆီးရတဲ့ ငါးလေးက

ငါးပေါက်လေးဘဝမှာ ခုလိုမျိုး လက်ခုပ်ထဲတောင် ထည့်လို့ရတဲ့ အထိ သေးကွေးလွန်းပါတယ်။

မထင်မှတ်ထားတဲ့ အရာပေါ့

(၂၀)

ပုံထဲက သစ်ပင်ကြီးဟာ လဲကျပြီးတဲ့နောက်မှာ ဆက်လက်ပြီးတော့ ဘေးပတ်ဝန်းကျင် နောက်ထပ် ၄ နေရာမှာပါ အပင်တွေ ဆက်ပေါက်လာခဲ့ပါတယ်။

လဲကျပြီးတဲ့ သစ်ပင်တစ်ပင် အတွက်အခုလိုမျိုး နောက်ထပ် ၄ပင်ပါ ထပ်ပေါက်လာတာတော့ အံ့မခန်းဖြစ်ရပ်ပါပဲ။

(၂၁)

သဘာဝအတိုင်းပေါက်ရောက်နေပြီး အလယ်မှာ ကိုင်းဆက်ကာ ဝိုင်းဝိုင်းလေးဖြစ်နေတဲ့ သစ်ပင်…

မသိရင် လက်စွပ်သစ်ပင်ကျနေရော။

(၂၂)

ဂျပန်နိုင်ငံရဲ့ မြစ်တစ်ခုထဲမှာ ညဘက်ရောက်မှာ ထိန်ထိန်လင်းနေတဲ့ ကိုယ်ပိုင်အလင်းလေးတွေရှိတဲ့ ကင်းမွန်ငါးလေးတွေ…

သူတို့ရဲ့ ကိုယ်ပိုင်အလင်းလေးတွေနှင့် ညဘက်မှာ မြစ်ကို အလှဆင်ပေးနိုင်ပါတယ်။

(၂၃)

ပုံမှန် ဝွန်မ်းဘက်ကောင်လေးတွေက အရွယ်အစား အလယ်အလတ်လောက်လေးပဲ ရှိပေမယ့် အခုပုံထဲက ဝွန်မ်းဘက်ကောင်လေး ကတော့ လူတစ်ယောက်တောင် မနည်းပွေ့ချီထားရတာပဲဖြစ်ပါတယ်။

(၂၄)

ဒီအပင်ကြီးကို အပြင်ရော အတွင်းရော အခုလို မီးစွဲအောင် ၅ ရက်တောင်ကြာပါတယ်။

ဒီလိုအပင်မျိုးတွေ သာအများကြီး တောထဲမှာ ရှိရင် တောမီးလောင်တဲ့ အဖြစ်အပျက်တွေ တော်တော်လေး လျော့နည်းသွားလောက်ပါလိမ့်မယ်။

(၂၅)

လူတွေမှာလည်း အများနဲ့ မတူပဲ တစ်မူထူးခြားစွာ မွေးလာခဲ့တဲ့သူတွေ ရှိပါတယ်။ ထိုနည်းတူပဲ ဒီ ပင့်ကူလေးလည်း အခြား ပင့်ကူတွေနဲ့ မတူပဲ တမူထူးခြားစွာပဲ သူ့ခန္ဓာကိုယ်မှာ အရောင်တွေ ခြည်သထားတာက ညီညာလွန်းနေပါတယ်။

တစ်ခါတစ်လေတော့လည်း သဘာဝတရားကြီးက အရမ်းကို အံ့သြဖို့ ကောင်းလှပါတယ်။

(၂၆)

သဘာဝတရာကြီးကလည်း ရက်စက်လိုက်တာနော်။ ဆီးနှင်းကျတာ ကားတစ်ခုလုံးကို ရစရာ မရှိအောင်ကိုပါလား။

ဖော်ပြပေးခဲ့တဲ့ ဓာတ်ပုံလေးတွေထဲမှာ ပရိသတ်တို့ကို အံအားသင့်စေခဲ့တဲ့ဓာတ်ပုံတွေ ရှိလား..

ကိုယ်သဘောကျတဲ့ အချက်လေးတွေ ရှိရင်လည်း ကျွန်တော်တို့နှင့် အတူပြန်လည်မျှဝေခဲ့ကြပါအုံး

Ref: Brightside

Credit-Shwenyanshin

  • Leave a Comment

Categories