ဗီယက်နမ်နိုင်ငံ Soc Lao Trangပြည်နယ် Cu Lao Dungခရိုင်တွင် နေထိုင်သော Hieu Thaoအမည်ရှိ အသက် ၈နှစ်အရွယ် ကလေးမလေးသည် မွေးရာပါ အားနည်းချက်ကြောင့် ခြေလက်မပါလာခဲ့သော်လည်း လူတိုင်းအပေါ်တွင် အကောင်းမြင်သည့်စိတ်လေးရှိကာ အဆင်မပြေသည့်ကြားက စာသင်ကြားရခြင်းကို စိတ်အားထက်သန်ပြီး အနာဂတ်တွင် ဆရာဝန်လောင်းလေးတစ်ယောက်ဖြစ်ချင်သည်ဟု သိရသည်။
ကလေးမလေးသည် ဖခင်ဖြစ်သူမှာ ယာဉ်မတော်တဆဖြစ်ပြီး ဆုံးပါးသွားချိန်တွင် မိခင်ဖြစ်သူကပါ နောက်အိမ်ထောင်ပြုခဲ့ပြီး အဝေးသို့သွားနေခဲ့ရာ သူမကိုကျ အဖိုးအဖွားဆီမှာသာ ချန်ထားခဲ့ပစ်သည်။
ကလေးမလေးသည် ခြေလက်မရှိသော်လည်း အဖွားဖြစ်သူကို အိမ်အလုပ်များ လုပ်ကူပေးပြီး လိမ်မာရေးခြားရှိသည့်အတွက် အဖိုးအဖွားမှ အရမ်းချစ်ပေးကာ ကျွေးမွေးပြုစုလျက်ရှိသည်။
ကလေးမလေးသည် ကျောင်းခန်းထဲတွင်လည်း သူငယ်ချင်းတစ်ယောက်မှမရှိသည့် အပယ်ခံဘဝလေးနှင့် ကျောင်းတက်ခဲ့ရာ အဖိုးဖြစ်သူမှ နေ့စဉ် ၄ကီလိုမီတာအကွားအဝေးကို လမ်းလျှောက်ကာ လိုက်ပို့ပေးခဲ့ရသည်။
ကလေးမလေးသည် အခြားသူများလို ဘယ်အရာမဆို လွယ်လွယ်ကူကူလေး လိုက်လုပ်ချင်ပြီး ကျောင်းကို ကိုယ့်ဘာသာကိုသွားနိုင်ရန် ခြေတုလက်တုလေး တပ်ဆင်ချင်ခဲ့သော်လည်း စားဝတ်နေရေးပင် အနိုင်နိုင်ဖြစ်နေရသော အဖိုးနှင့်အဖွားအား သနားစာနာမိကာ ဝယ်ပေးရန် မတောင်းခဲ့ပဲ မြိုသိပ်ခဲ့ရသည်။
Rain (For Ialinks)
Zawgyi
ေမြးရာပါေျခလက္မပါခဲ့၍ မိဘဆီက ေမတၱာဓာတ္မရပဲ စြန္႔ပစ္ခံရကာ အဖိုးအဖြားလက္ထဲတြင္သာ ႀကီးျပင္းလာခဲ့ရသည့္ ကေလးမေလး
ဗီယက္နမ္ႏိုင္ငံ Soc Lao Trangျပည္နယ္ Cu Lao Dungခ႐ိုင္တြင္ ေနထိုင္ေသာ Hieu Thaoအမည္ရွိ အသက္ ၈ႏွစ္အ႐ြယ္ ကေလးမေလးသည္ ေမြးရာပါ အားနည္းခ်က္ေၾကာင့္ ေျခလက္မပါလာခဲ့ေသာ္လည္း လူတိုင္းအေပၚတြင္ အေကာင္းျမင္သည့္စိတ္ေလးရွိကာ အဆင္မေျပသည့္ၾကားက စာသင္ၾကားရျခင္းကို စိတ္အားထက္သန္ၿပီး အနာဂတ္တြင္ ဆရာဝန္ေလာင္းေလးတစ္ေယာက္ျဖစ္ခ်င္သည္ဟု သိရသည္။
ကေလးမေလးသည္ ဖခင္ျဖစ္သူမွာ ယာဥ္မေတာ္တဆျဖစ္ၿပီး ဆုံးပါးသြားခ်ိန္တြင္ မိခင္ျဖစ္သူကပါ ေနာက္အိမ္ေထာင္ျပဳခဲ့ၿပီး အေဝးသို႔သြားေနခဲ့ရာ သူမကိုက် အဖိုးအဖြားဆီမွာသာ ခ်န္ထားခဲ့ပစ္သည္။
ကေလးမေလးသည္ ေျခလက္မရွိေသာ္လည္း အဖြားျဖစ္သူကို အိမ္အလုပ္မ်ား လုပ္ကူေပးၿပီး လိမ္မာေရးျခားရွိသည့္အတြက္ အဖိုးအဖြားမွ အရမ္းခ်စ္ေပးကာ ေကြၽးေမြးျပဳစုလ်က္ရွိသည္။
ကေလးမေလးသည္ ေက်ာင္းခန္းထဲတြင္လည္း သူငယ္ခ်င္းတစ္ေယာက္မွမရွိသည့္ အပယ္ခံဘဝေလးႏွင့္ ေက်ာင္းတက္ခဲ့ရာ အဖိုးျဖစ္သူမွ ေန႔စဥ္ ၄ကီလိုမီတာအကြားအေဝးကို လမ္းေလွ်ာက္ကာ လိုက္ပို႔ေပးခဲ့ရသည္။
ကေလးမေလးသည္ အျခားသူမ်ားလို ဘယ္အရာမဆို လြယ္လြယ္ကူကူေလး လိုက္လုပ္ခ်င္ၿပီး ေက်ာင္းကို ကိုယ့္ဘာသာကိုသြားႏိုင္ရန္ ေျခတုလက္တုေလး တပ္ဆင္ခ်င္ခဲ့ေသာ္လည္း စားဝတ္ေနေရးပင္ အႏိုင္ႏိုင္ျဖစ္ေနရေသာ အဖိုးႏွင့္အဖြားအား သနားစာနာမိကာ ဝယ္ေပးရန္ မေတာင္းခဲ့ပဲ ၿမိဳသိပ္ခဲ့ရသည္။
Rain (For Ialinks)