မတော်တဆကြောင့် ခြေထောက်နှစ်ဖက်စလုံးဆုံးရှုံးခဲ့ပေမဲ့ မည်သူကိုမှ အကူညီမတောင်းခံဘဲ မိသားစုအတွက် အမှိုက်ကောက်ပြီး ပိုက်ဆံရှာခဲ့တဲ့ အသက် ၇၁ နှစ် မသန်မစွမ်းအဘိုး

သတင်းထုတ်ပြန်ချက်အရ အသက် ၇၁ နှစ် Mr Nad Yisantia (သို့) Khun Ta Nad အမည်ရှိ အဘိုးအိုတစ်ယောက်ဟာ မတော်တဆမှုကြောင့် ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့သော်လည်း သုံးဘီးဆိုင်ကယ်ကိုသုံးပြီး လမ်းဘေးတစ်လျှောက် ပုလင်းများစုဆောင်းကာ အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ် ။ Khun Tanad ကို မေးမြန်းခြင်းအားဖြင့် သူဟာ လက်မှုပညာများစွာ ကျွမ်းကျင်တယ်လို့ ဆိုပါတယ် ။

ယခင်က သူဟာ ဆောက်လုပ်ရေးလုပ်သားအဖြစ် အသက်မွေးဝမ်းကျောင်းခဲ့ပြီး လွန်ခဲ့တဲ့ ၂၇ နှစ်ခန့်က သူနဲ့ သူ့သားတို့ Nakhon Ratchasima မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ မော်တော်ဆိုင်ကယ် စီးသွားခဲ့ကြပါတယ် ။

ထိုအချိန်မှာ ၁၀ ဘီးကုန်တင်ယာဉ်တစ်စီးက နဲ့မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ခြေထောက်နှစ်ဖက် ဆုံးရှုံးသွားခဲ့တာပါ ။ သူ့ရဲ့ ဒဏ်ရာများ သက်သာလာတဲ့အခါ အိမ်သို့ပြန်လာခဲ့ပြီး ကံကောင်းထောက်မစွာ၊ သူတို့ကို အနီးကပ်ဂရုစိုက်ပြီး သူတို့ကို ဘယ်မှမစွန့်ခွာတဲ့ ဇနီးတစ်ယောက်ရှိနေပါတယ် ။

ခြေနှစ်ချောင်းဆုံးရှုံးသော်လည်း သူ့မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်တာကြောင့် သုံးဘီးဆိုင်ကယ်နဲ့ စက်ဘီးတာယာများ ပုလင်းများနဲ့ လမ်းဘေးတစ်လျှောက် ပြန်လည်သုံးလို့ရတဲ့ အမှိုက်များကို စုဆောင်းခြင်းဖြင့် အသက်မွေးဝမ်းပြုခဲ့ပါတယ် ။ ပုလင်းများရှာဖွေရန် ပုံမှန်အသုံးပြုတဲ့ လမ်းမှာ ကီလိုမီတာ ၂၀ ကျော်အသွားအပြန် ဖြစ်ပါတယ်။

ကံကြမ္မာအပေါ်မူတည်ပြီး အဘိုးအိုဟာ ပုလင်းစုဆောင်းခြင်းမှ တစ်လလျှင် ဘတ် ၃၀၀ မှ ၅၀၀ ခန့်သာ ရရှိတာပါ ။ အဘိုးက မိသားစုကို ထောက်ပံ့ဖို့နဲ့ အိမ်ကို ပြုပြင်ဖို့ ငွေတွေလိုအပ်တယ်လို့ ထပ်ပြောခဲ့ပါတယ် ။ တစ်ချိန်လုံး သူနဲ့ သူ့မိန်းမက သွပ်ပြားပုံသဏ္ဏာန်ရှိတဲ့ အိမ်တစ်လုံးမှာ နေထိုင်ပြီး မိုးရွာတဲ့ အခါတိုင်း ဆွေးမြေ့နေတဲ့ သွပ်ပေါက်မှတဆင့် ရေများယိုစီးကျလာတာကြောင့် အိပ်ရန်မဖြစ်နိုင်ပါဘူး ။

နံနက်စာနဲ့ ညစာအတွက် အလုပ်လုပ်တဲ့ အခြားမိသားစုတွေလို အဘိုးအိုတို့မိသားစုကလည်း သက်ကြီးရွယ်အိုများ ထောက်ပံ့ကြေးနဲ့ အစိုးရထံမှ ငွေကိုလက်ခံရရှိခဲ့ပါတယ် ။ သူဟာ ပျက်စီးယိုယွင်းနေတဲ့ အိမ်မှာ တစ်သက်လုံးနေရမယ်လို့ သူထင်ခဲ့ပါတယ် ။ ဘယ်လောက်ပဲဒုက္ခိတဖြစ်ပါစေ ၊ ဘယ်လောက်ပဲခက်ခဲပါစေ အဘိုးအိုက အခြားသူတွေ ပရဟိတအသင်းတွေကို အကူအညီမတောင်းခဲ့ပါဘူး ။

မကြာသေးမီက အိမ်သစ်တစ်လုံးဆောက်ရန် ကူညီတဲ့ ပရဟိတအဖွဲ့များနဲ့ အေဂျင်စီများရှိပါတယ် ။ အဘိုးအိုဟာ ကံကြမ္မာအတွက် မခံချင်တဲ့ စိတ်ကြောင့် ခြေနှစ်ချောင်းမပါဘဲ အသက်ရှင်သန်ရန် ဖြစ်နိုင်ခဲ့ပါတယ် ။ အိမ်အသစ်လေးတစ်လုံးရတော့ ပျော်ရွှင်နေခဲ့ပါတယ် ။

အခက်အခဲရှိနေသူတိုင်းကို ကျွန်တော် message တစ်ခုပေးချင်ပါတယ် ။ “ဘဝကို အရှုံးမပေးဘဲ တိုက်ပွဲဝင်ပါ၊ အဘိုးအိုကို ဥပမာအနေနဲ့ကြည့်ပါ၊ သူ့မှာလမ်းလျှောက်ဖို့ ခြေထောက်မရှိပေမယ့် သူကဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ မာန်မာနနဲ့မတ်တပ်ရပ်နိုင်တယ် ။ တစ်နေ့မှာ ငါတို့ရည်မှန်းထားတဲ့အတိုင်း ငါတို့ဘဝမှာ ကောင်းတဲ့အရာတွေကိုတွေ့လာလိမ့်မှာ ဖြစ်ပါတယ် ။ ”

JRose (Mckzone Daily)

  • Leave a Comment

Categories