“ဟုတ်ကော ဟုတ်ရဲ့လား” လို့ ၂ ခါမေးယူရမယ့် ခပ်ကြောင်ကြောင် ဓာတ်ပုံ (၂၈) ပုံ

ထူးဆန်းကိစ္စရပ်တွေဆိုတာ ကိုယ်မကြုံ ဖူးသေးပေမယ့်လည်း တကယ်ရှိနေနိုင်ပါတယ်။ အထူးသဖြင့် ဖြစ်နိုင်လို့လားလို့ မေးခွန်းပြန်ထုတ်ရလောက်တဲ့ အထိ ခပ်ကြောင်ကြောင်နိင်တဲ့ အဖြစ်အပျက်တွေကလည်း လက်တွေ့မှာရှိနိုင်ပါသေးတယ်။ ဒီအကြောင်းအရာကို သက်သေပြထားတဲ့ ဓာတ်ပုံ (၂၈)ပုံကို ဖော်ပြပေးလိုက်တယ်နော်။

(၁)

တောင်အာဖရိက မှာရှိတဲ့ စူပါမားကတ်တစ်ခုမှာ အလျား ၄ မီတာ အထိတောင်ရှည်လျားတဲ့ မြွေကြီးတစ်ကောင်ကို တွေ့ရှိခဲ့ရပါတယ်။ဒီလောက်ကြီးတဲ့ မြွေကြီးဟာ နို့နဲ့ နို့ထွက်ပစ္စည်းတွေထားရှိရာ အအေးခန်းထဲမှာ ဝင်ခွေနေခဲ့တာပဲဖြစ်ပါတယ်။

(၂)

ကွဲပြားခြားနားမှုကို မမြင်သေးသရွေ့တော့ ဒီအင်္ကျီက အဆင်ပြေပါသေးတယ်။အင်္ကျီမှာရေးထားတဲ့ AVENGERS ဟာ စပိုက်ဒါမန်း ဇာတ်ကောင်နဲ့ သာ ပတ်သတ်နေတာဖြစ်ပြီး Batman တို့ Avatar ဇာတ်ကောင်တို့နဲ့ လုံးဝပတ်သတ်မှုမရှိပါဘူး။

(၃)

ဂဏန်းပေါင်းစက်က အမြဲတမ်း အမှန်တွေပဲ တွက်ပေးတယ်ဆိုပြီး မယုံစားလိုက်နဲ့ အုံးနော်။ဒီမှာကြည့်ပါအုံး..၂+၂=၅ တဲ့ .. ကိုယ့်ဘာသာကိုယ်တွက်လိုက်တာကမှ မှန်အုံးမယ်။

(၄)

အနံ့ခံခွေး ပဲ ကြားဖူးပါတယ်။ဘယ့်နှယ့် ဒီပုံထဲကျမှ ဝက်ကို အနံ့ခံခိုင်းနေတယ်လို့ ..

(၅)

ခေါင်းမပါတဲ့ လူတွေအတွက် သီးသန့် ဖွင့်ပေးထားတဲ့ သန့်စင်ခန်း…ခေါင်းပါတဲ့ လူတွေတော့ ဒီသန့်စင်ခန်းထဲ ဝင်မရဘူးထင်ပါတယ်။ သူပြထားတဲ့ ပုံမှာ ခေါင်းမှ မပါတာ

(၆)

အခက်အခဲ ကြီးကြီးမားမား ကြုံလည်း အေးဆေးပဲ ဖြေရှင်းတတ်သူ ထင်ပါရဲ့… ကားဘေးခြမ်းကြီးတစ်ခုလုံး အက်နေတာတောင် ပလာစတာလေးနဲ့ ကပ်ထားလိုက်တာများ။

(၇)

ကျွန်တော်က ဂိတ်အမှတ် ၁၀ ကို သွားရမှာပါ..လမ်းညွှန်ကို ကြည့်ပြီး သွားမယ်စိတ်ကူးမိပေမယ့် လမ်းညွှန်ကြည့်မှပဲ ဘယ်သွားရမယ်မှန်းမသိဖြစ်သွားတယ်။သူပြထားတာတော့ တည့်တည့်သွားလည်း ဂိတ်အမှတ် ၁၀ ရှိတယ်ဆိုပြီး ညာကွေ့ရင်လည်း ဂိတ်အမှတ် ၁၀၊ ဘယ်ကွေ့ရင်လည်း ဂိတ်အမှတ် ၁၀ ရှိပြန်ရော..

(၈)

ပလက်ဖောင်းဘေးမှာ ရေဆင်းပေါက်တော့ ဖောက်ထားပါတယ်။ဒါပေမယ့် ရေဆင်းဖို့ ကျတော့ လမ်းကြောင်းမဖောက်ပေးထားဘူး။ဘယ်ရေက ဆင်းတော့မတုန်း

(၉)

ဘောလုံးကွင်းမှာ စက်ဝိုင်းပုံဆွဲဖို့ အကောင်းဆုံးလူ လိုချင်ရင်တော့ ပုံထဲက စက်ဝိုင်းပုံဆွဲထားတဲ့ သူကို ရှောင်သင့်တယ်နော်…

(၁၀)

လိုက်ကာတစ်ခုထဲနှင့် အောက်က အခန်းတွေကို ပါ ပေးသုံးလို့ရတယ် …

ဘယ်လောက်မိုက်သလဲ

(၁၁)

ဘောလုံးပွဲကို လာမကြည့်ဖို့အတွက် ပိတ်ပင်ခံခဲ့ရတဲ့ ပရိသတ်တစ်ဦးဟာ ကရိန်းကြီးတစ်ခုကို ဌားပြီး ဘောလုံးပွဲရှိတိုင်း လာကြည့်ခဲ့ပါတယ်။

တော်တော်ဝါသနာပါတာပဲနော်။

(၁၂)

ကိုယ့်ကားကို ဘယ်သူနဲ့ မှ မတူဘဲ ကွဲထွက်စေချင်တဲ့ အခါမှာတော့…..

(၁၃)

ရုတ်တရက် ကြည့်လိုက်ရင်တော့ ဘာမှမထူးခြားဘူးထင်မိပါလိ့မ်မယ်..

ကဲ ဒါဆိုရင် အသေးစိတ်ကြည့် ကြည့်ရအောင်…

အကွက် ၂၀၀ ပြည့်ပြီးတဲ့ နောက်မှာ အစဉ်အတိုင်း ၂၀၁ မလာဘဲ ၂၅၁ ကို တန်းရောက်သွားပါတော့တယ်။

ဒီပေကြိုးတံကို သုံးပြီးသာ ဆောက်လုပ်မယ်ဆိုရင်တော့ အလွဲကြီးလွဲလိမ့်မယ်နော်။

(၁၄)

ကျွန်တော်က ၂လွှာကို တက်ချင်တာဆိုရင် ဘယ်ခလုတ်ကို နှိပ်ရမလဲဟင်..

(၁၅)

ကြက်သီးတွေ တဖြန်းဖြန်းထသွားရတဲ့ ဒီဓာတ်ပုံထဲက အရာက မြွေမဟုတ်ခဲ့ပါဘူး။

တက်တူးထိုးထားတာပါ။

(၁၆)

အတန်းရှင်းကို ရနိုင်သမျှ များများရချင်တော့ ဦးထုပ်တောင် အသစ်အဆန်း လုပ်ဝတ်ကြတယ်နော်

(၁၇)

နှင်းကျတာလောက်တော့ မမူပါဘူး။

တို့တွေ လုပ်စရာရှိတာ လုပ်ရမှာပဲလေနော်။

(၁၈)

အရင်က ဒီအိမ်ကို တကယ့် အုတ်တွေနဲ့ ဆောက်ထားတယ်ထင်ခဲ့တာလေ..

ဟာရီကိန်း ဝင်မွှေသွားမှပဲ ဗီနိုင်းနဲ့ ကာထားမှန်းသိတော့တယ်

(၁၉)

ကြည့်ရတာ သန့်စင်ခန်းထဲ နံရံနေရာအလွတ် မရှိတော့လို့ထင်ပါတယ်။

ကြံကြံဖန်ဖန် မှန်ပေါ် လာကပ်ထားတယ်။

(၂၀)

ဒီလို မျိုး ဒီဇိုင်းအဆန်းဆုံးသော ဂျင်းဘောင်းဘီကို ဒေါ်လာ ၁၀၀ ကျော်နဲ့ ရောင်းပါမယ်။

အားပေးကြအုံးနော်

(၂၁)

မုန့်တွေကို စူပါမားကတ်ထဲကခိုးမယူသွားအောင် လုံခြုံရေး ကလစ်လေး ချိတ်ထားတာပဲဖြစ်ပါတယ်။

သူတို့မေ့သွားတာ တစ်ခုက မုန့်အခွံကို ဖြဲယူသွားလည်း မုန့်ကို ခိုးလို့ရနေတယ်ဆိုတာကို မေ့နေကြတာထင်တယ်

(၂၂)

ပထမတစ်ခေါက် လမ်းလယ်မျဉ်းဆွဲတာ မညီလို့ ထပ်ဆွဲပေးခိုင်းတာလေ..

တတိယ တစ်ခေါက် ထပ်ဆွဲရအောင် များ တမင်လုပ်လိုက်သလားလို့

(၂၃)

ကြော်ညာဆိုင်းဘုတ်ကို ပြောင်းပြန်ကြီး ချိတ်ထားမိခဲ့တာဖြစ်ပါတယ်။

တစ်ခုကောင်းတာက ဘာကြော်ညာလည်းဆိုပြီး လူတွေ တော်တော်လေး အာရုံစိုက်မိသွားတာပေါ့

(၂၄)

ဝှီးချဲ အသုံးပြုသူအတွက်တဲ့ လမ်းဘေးပလက်ဖောင်းကနေ တက်လို့ရအောင် စီစဉ်ပေးထားတဲ့ လှေကားထစ်ငယ်လေး

ဝှီးချဲသမားကို ပိုပြီး ခက်ခဲအောင် လုပ်နေပြန်ပြီ

(၂၅)

ပျက်နေတဲ့ လျှပ်စစ်ခုံ အပေါက်ကို ပြင်တဲ့ နေရာမှာ ဆရာကျလွန်းသူ..

အခန့်မသင့်ရင်တော့ အသက်အန္တရာယ်တော့ စိုးရိမ်ရတယ်နော်

(၂၆)

ဒီလမ်းမပေါ်မှာ စည်းကမ်းတကျ လမ်းကူးချင်ရင် ဘယ်လူကူးမျဉ်းကြားကို ရွေးသင့်တယ်ထင်ပါသလဲ

(၂၇)

ဇိမ်ခံ ကားပဲစီးတာလေ တို့က..

ကားအပြင်ပိုင်းကို ကတ္တီပါတွေ နဲ့အလှဆင်ထားပစ်တာ…

(၂၈)

လမ်းဘေးပလက်ဖောင်းဆိုတာ လမ်းလျှောက်ဖို့ ခင်းထားတာ ဟုတ်ဘူးလား..

ခုက ကန့်လန့်ကြီး လမ်းကို ပိတ်ထားတော့ လမ်းလျှောက်သူတွေ ကားလမ်းမပေါ် တက်လျှောက်ရမယ့်ပုံ

အခုဖော်ပြပေးခဲ့ ခပ်ကြောင်ကြောင် အခြေအနေ တွေကို ပရိသတ်တွေကော ကြုံခဲ့ဖူးလား..

ကိုယ့်ရဲ့ အတွေ့အကြုံလေးတွေရှိရင် ပြန်လည်မျှဝေခဲ့ပါအုံးနော်။

Ref:Brightside

  • Leave a Comment

Categories