အချစ်စစ်မှာ အသက်ကြီးတာ ငယ်တာနှင့် မသက်ဆိုင်ကြောင်း သက်သေပြနေသော ဇနီးမောင်နှံ

လူသားတိုင်းက အချစ်နှင့် မကင်းကြသလို စန်းကြယ်လှသော အချစ်နှင့်ပက်သက်ပြီး ကိုယ်တိုင်ခံစားဖူးချင်ကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ဇနီးမောင်နှံနှစ်ဦးသည် အသက်အရွယ် ကွာခြားမှုရှိသော်လည်း အားကျရလောက်ထိ ဂရုစိုက်ခြင်းကို ခံနေရသည့်အတွက် အများကြား နာမည်ကြီးလာခဲ့သည်။

ဇနီးမောင်နှံတွင် ဇနီးဖြစ်သူက အသက် ၆၀ရှိပြီဖြစ်ပြီး ခင်ပွန်းက အခုမှအသက် ၂၅နှစ်အရွယ်သာ ရှိသေးသည့်အတွက် သူတို့နှစ်ဦးကြား ၃၅နှစ်ပင် ကွာဟမှုနေရှိသည်။

သူတို့နှစ်ဦးမှာ လိုင်းပေါ်ကနေ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အပြင်မှာတွေ့ပြီးနောက်တွင်လည်း အသက်ကြီး အသက်ငယ်လို့ဆိုပြီး စိတ်ပျက်ထားသွားခြင်းမျိုးမရှိပဲ တစ်ယောက်ပေါ်တစ်ယောက် နားလည်မှုရှိကာ အဆင်ပြေပြေ ချစ်ခဲ့ကြပြီး နောက်ဆုံးလက်ထပ်သွားခဲ့သည်။

ထိုဇနီးမောင်နှံသည် အပြင်ထွက်သည့်ခါတိုင်း လူတိုင်းက သားအမိတွေဟု ထင်မှတ်ကြပြီး ကောင်လေးငယ်ငယ်ချောချောဆီကနေ မျက်စိအောက်ကအပျောက်မခံနိုင်အောင် အချစ်ခံနေရသဖြင့် အများမှ အားကျခြင်းတွေဖြစ်ကြရသည်။

Hlaing (Love Feeling)

Zawgyi







Hlaing (Love Feeling)

  • Leave a Comment

Categories