Doritos မုန့်ကိုဝယ်စားရင်း ထင်မထားဘဲ ဒေါ်လာ(၂)သောင်း ကံထူးခဲ့တဲ့ကောင်မလေး

အသက်(၁၃)နှစ်သာရှိသေးတဲ့ သြစတေးလျှ နိုင်ငံသူလေးဟာ Doritos ကနေထုတ်လုပ်တဲ့ သွားရေစာမုန့်ကို ဝယ်စားရင်းကနေ ထင်မထားဘဲ ဒေါ်လာ(၂)သောင်း ကံထူးခဲ့ကြောင်း သိရပါတယ်။ ကလေးမလေးအမည်ကတော့ Rylee Stuart ဖြစ်ပြီးစ Gold Coast မှာ နေထိုင်သူပါ။ သူမဝယ်စားတဲ့ မုန့်ကြွပ်ထုပ်ထဲမှာ တြိဂံပုံစံ မုန့်ဖက်တစ်ခု ပါလာခဲ့ရာက ကံထူးဖို့ အကြောင်းဖန်လာခဲ့တာပါ။

Doritos တာဝန်ရှိသူတစ်ယောက်ရဲ့ ပြောဆိုချက်အရ ဒီလို တြိဂံပုံစံဖောင်းကြွနေတဲ့ မုန့်ကြွပ်ဖက်လေးဟာ တမင်တကာ လုပ်ယူဖို့ မလွယ်ကြောင်း၊ ထုတ်ဝေဖြန့်ချိတဲ့ အထုပ်ပေါင်းတစ်သိန်းမှာ ဒီလိုပုံစံတစ်ခုပါဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း Rylee တစ်ယောက် မထင်မှတ်ဘဲ ဒေါ်လာ(၂)သောင်းအထိ ကံထူးဖို့ ဖြစ်လာခဲ့တာပါ။ မုန့်ထုပ်တိုင်းမှာ သာမန်အားဖြင့် လေထိုးထားသလို ဖောင်းကြွနေတဲ့ မုန့်ကြွပ်ဖက်တွေ ပါလေ့မရှိကြပါဘူး။

Rylee ကလည်း သူမ ရရှိတဲ့ မုန့်ရဲ့ပုံစံဟာ ထူးခြားနေလို့ မစားသေးဘဲ လိုင်းပေါ်ကို ဗွီဒီယိုရိုက်တင်ခဲ့ပါတယ်။ ဒီလိုပုံစံမျိုး မမြင်ခဲ့ဖူးကြောင်း၊ ဘာတွေ ထူးခြားသလဲလို့ မေးမြန်းထားပြီး၊ သူမအနေနဲ့ ဒါလေးကို စားပစ်လိုက်ရမှာလား သိမ်းထားရမှာလားဆိုပြီး မေးခဲ့တာပါ။ ဒီလိုနဲ့ သူမရဲ့ဗွီဒီယိုဟာ လူသန်းပေါင်းများစွာ စိတ်ဝင်စားခြင်း ခံခဲ့ရပါတယ်။

နောက်ဆုံး Rylee ဟာ မိဘတွေရဲ့ စီစဉ်မှုနဲ့ eBay မှာ ဒီတြိဂံပုံစံ မုန့်ကြွပ်လေး ရောင်းချဖို့ စီစဉ်ခဲ့ပါတယ်။ လေလံဈေး အမြင့်ဆုံးကိုတော့ ဒေါ်လာ (၂၀၁၀၀)အထိ ဖြစ်ခဲ့ပေမယ့် eBay က အဲဒီလေလံကို ဖြုတ်ချခဲ့ရာ၊ ကြေကွဲဝမ်းနည်းခဲ့ရပါတယ်။ ဒါပေမယ့် ဒီကိစ္စကို Doritos HQ က သိရှိသွားခဲ့ပြီးနောက် ၎င်းတို့ကပဲ Rylee ကို ဆုငွေချီးမြင့်သင့်တယ်လို့ ဆုံးဖြတ်ခဲ့ကြတာပါ။

ဈေးကွက်အကြီးအကဲဖြစ်သူ Vandita Pandey က Rylee အနေနဲ့ Doritos ကို အစဉ်တစိုက် အားပေးခဲ့သူ ဖြစ်သည့်အလျှောက်၊ အခုလို ထင်မထားတဲ့ ကိစ္စရပ်လေးကနေ သူတို့ကုန်အမှတ်တံဆိပ်ကို မသိသေးတဲ့လူတွေ ပိုသိသွားအောင် လုပ်ဆောင်ပေးခဲ့တာဖြစ်လို့ ဆုငွေနဲ့ထိုက်တန်ကြောင်း၊ News 9 နဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။

Rylee ကို ဆုငွေ ဒေါ်လာ (၂)သောင်းအထိ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ နောင်အခါ Doritos မုန့်ထုပ်ကို ဖောက်မယ်ဆိုရင် အရင်ကထက်ပိုပြီး ဂရုစိုက်ကြဖို့နဲ့၊ ဒီလိုကိစ္စမျိုး ထပ်ဖြစ်လာမယ်ဆိုရင်လည်း သူတို့ ကုမ္ပဏီဘက်က ဆုငွေချီးမြှင့်ဖို့ ပျက်ကွက်မှာမဟုတ်ကြောင်း Pandey က ပြောခဲ့ပါတယ်။

Credit-လင်းသူရိန်

Ref ; UniLad

Zawgyi

Doritos မုန႔္ကိုဝယ္စားရင္း ထင္မထားဘဲ ေဒၚလာ(၂)ေသာင္း ကံထူးခဲ့တဲ့ေကာင္မေလး

အသက္(၁၃)ႏွစ္သာရွိေသးတဲ့ ၾသစေတးလွ် ႏိုင္ငံသူေလးဟာ Doritos ကေနထုတ္လုပ္တဲ့ သြားေရစာမုန႔္ကို ဝယ္စားရင္းကေန ထင္မထားဘဲ ေဒၚလာ(၂)ေသာင္း ကံထူးခဲ့ေၾကာင္း သိရပါတယ္။ ကေလးမေလးအမည္ကေတာ့ Rylee Stuart ျဖစ္ၿပီးစ Gold Coast မွာ ေနထိုင္သူပါ။ သူမဝယ္စားတဲ့ မုန႔္ႂကြပ္ထုပ္ထဲမွာ ႀတိဂံပုံစံ မုန႔္ဖက္တစ္ခု ပါလာခဲ့ရာက ကံထူးဖို႔ အေၾကာင္းဖန္လာခဲ့တာပါ။

Doritos တာဝန္ရွိသူတစ္ေယာက္ရဲ႕ ေျပာဆိုခ်က္အရ ဒီလို ႀတိဂံပုံစံေဖာင္းႂကြေနတဲ့ မုန႔္ႂကြပ္ဖက္ေလးဟာ တမင္တကာ လုပ္ယူဖို႔ မလြယ္ေၾကာင္း၊ ထုတ္ေဝျဖန႔္ခ်ိတဲ့ အထုပ္ေပါင္းတစ္သိန္းမွာ ဒီလိုပုံစံတစ္ခုပါဖို႔ မလြယ္ဘူးလို႔ ဆိုပါတယ္။ ဒါေၾကာင့္လည္း Rylee တစ္ေယာက္ မထင္မွတ္ဘဲ ေဒၚလာ(၂)ေသာင္းအထိ ကံထူးဖို႔ ျဖစ္လာခဲ့တာပါ။ မုန႔္ထုပ္တိုင္းမွာ သာမန္အားျဖင့္ ေလထိုးထားသလို ေဖာင္းႂကြေနတဲ့ မုန႔္ႂကြပ္ဖက္ေတြ ပါေလ့မရွိၾကပါဘူး။

Rylee ကလည္း သူမ ရရွိတဲ့ မုန႔္ရဲ႕ပုံစံဟာ ထူးျခားေနလို႔ မစားေသးဘဲ လိုင္းေပၚကို ဗြီဒီယို႐ိုက္တင္ခဲ့ပါတယ္။ ဒီလိုပုံစံမ်ိဳး မျမင္ခဲ့ဖူးေၾကာင္း၊ ဘာေတြ ထူးျခားသလဲလို႔ ေမးျမန္းထားၿပီး၊ သူမအေနနဲ႔ ဒါေလးကို စားပစ္လိုက္ရမွာလား သိမ္းထားရမွာလားဆိုၿပီး ေမးခဲ့တာပါ။ ဒီလိုနဲ႔ သူမရဲ႕ဗြီဒီယိုဟာ လူသန္းေပါင္းမ်ားစြာ စိတ္ဝင္စားျခင္း ခံခဲ့ရပါတယ္။

ေနာက္ဆုံး Rylee ဟာ မိဘေတြရဲ႕ စီစဥ္မႈနဲ႔ eBay မွာ ဒီႀတိဂံပုံစံ မုန႔္ႂကြပ္ေလး ေရာင္းခ်ဖို႔ စီစဥ္ခဲ့ပါတယ္။ ေလလံေဈး အျမင့္ဆုံးကိုေတာ့ ေဒၚလာ (၂၀၁၀၀)အထိ ျဖစ္ခဲ့ေပမယ့္ eBay က အဲဒီေလလံကို ျဖဳတ္ခ်ခဲ့ရာ၊ ေၾကကြဲဝမ္းနည္းခဲ့ရပါတယ္။ ဒါေပမယ့္ ဒီကိစၥကို Doritos HQ က သိရွိသြားခဲ့ၿပီးေနာက္ ၎တို႔ကပဲ Rylee ကို ဆုေငြခ်ီးျမင့္သင့္တယ္လို႔ ဆုံးျဖတ္ခဲ့ၾကတာပါ။

ေဈးကြက္အႀကီးအကဲျဖစ္သူ Vandita Pandey က Rylee အေနနဲ႔ Doritos ကို အစဥ္တစိုက္ အားေပးခဲ့သူ ျဖစ္သည့္အေလွ်ာက္၊ အခုလို ထင္မထားတဲ့ ကိစၥရပ္ေလးကေန သူတို႔ကုန္အမွတ္တံဆိပ္ကို မသိေသးတဲ့လူေတြ ပိုသိသြားေအာင္ လုပ္ေဆာင္ေပးခဲ့တာျဖစ္လို႔ ဆုေငြနဲ႔ထိုက္တန္ေၾကာင္း၊ News 9 နဲ႔ ေတြ႕ဆုံစဥ္မွာ ေျပာခဲ့ပါတယ္။

Rylee ကို ဆုေငြ ေဒၚလာ (၂)ေသာင္းအထိ ေပးအပ္ခ်ီးျမႇင့္ခဲ့ၿပီး၊ ေနာင္အခါ Doritos မုန႔္ထုပ္ကို ေဖာက္မယ္ဆိုရင္ အရင္ကထက္ပိုၿပီး ဂ႐ုစိုက္ၾကဖို႔နဲ႔၊ ဒီလိုကိစၥမ်ိဳး ထပ္ျဖစ္လာမယ္ဆိုရင္လည္း သူတို႔ ကုမၸဏီဘက္က ဆုေငြခ်ီးျမႇင့္ဖို႔ ပ်က္ကြက္မွာမဟုတ္ေၾကာင္း Pandey က ေျပာခဲ့ပါတယ္။

Credit-လင္းသူရိန္

Ref ; UniLad

  • Leave a Comment

Categories