ကြည်နူးမှုမျက်ရည်စို့သွားစေမယ့် လူသားဆန်လွန်းလှတဲ့ ကူညီမှုများ

မင်္ဂလာပါ။အခုတစ်ခေါက်ဖော်ပြပေးမှာက စိတ်နှလုံးသားတွေ နွေးထွေးသွားစေနိုင်တဲ့ ကူညီမှုများအကြောင်းပဲ ဖြစ်ပါတယ်။

သင့်ရဲ့ ပတ်ဝန်းကျင် အနီးအ နားမှာမတွေ့မိဘူးဆိုရင်တောင် ကမ္ဘာကြီးပေါ်မှာတော့ တကယ့်ကို ကြင်နာတတ်ပြီး နူးညံ့တဲ့ နှလုံးသားပိုင်ရှင် တွေကအများကြီးရှိနေကြမှာပါ။

လူအများကို ကူညီနိုင်ဖို့ သင့်ဆီမှာ ငွေကြေးအမြောက်အများ ရှိစရာလည်း မလိုအပ်သလို ထူး ချွန်ပြောင်မြောက်တဲ့ စွမ်းရည်တွေလည်း ရှိနေစရာ မလိုအပ်ပါဘူး။

လူတိုင်းမှာသာ အပြန်အလှန် ကူညီတတ်တဲ့ လူသားဆန်တဲ့ စိတ်ဓာတ်တွေသာ ရှိနေမယ်ဆိုရင် လောကကြီးက အေးချမ်းပြီး စိတ်ချမ်းသာဖို့ ကောင်းနေမယ်ဆိုတာ ပရိသတ်တွေလည်း သိရှိနိုင်မှာပါ။

အခုလည်း လူသားဆန်လွန်းတဲ့ လူတွေက သင့်ရဲ့ စိတ်ကို နွေးထွေးသွားအောင် ဘယ်လိုမျိုး အကူအညီတွေကို ပေးခဲ့လည်းဆိုတာ ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

(၁)ကမ္ဘာ့လက်ဝှေ့ချန်ပီယံဖြစ်ပေမယ့် နှလုံးသား နူးညံ့လွန်းသူပတ်ကွီယိုရဲ့ ဖိလစ်ပိုင်အိမ်ခြေမဲ့တွေကို ကူညီပေးမှု

မန်နီပတ်ကွီယိုက တစ်ချိန်တုန်းက ဖိလစ်ပိုင်မှာရှိတဲ့ ဆင်းရဲမွဲတေတဲ့ မိသားစုမှ နေထိုင်တဲ့ သာမန်ကောင် လေးတစ်ယောက်သာဖြစ်ပါတယ်။

သူကြီးလာတဲ့ အချိန်မှာတော့ လက်ဝှေ့ချန်ပီယံ ဖြစ်လာခဲ့ပြီး သမိုင်းဝင်တဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်လာခဲ့ပါတယ်။

ပရော်ဖက်ရှင်နယ် လက်ဝှေ့ သမားတစ်ယောက်ဖြစ်လာခဲ့တဲ့ သူဟာ ရရှိလာခဲ့တဲ့ ဝင်ငွေသန်းပေါင်းများစွာကို နေရာတစ်ခုှမှာ သုံးစွဲခဲ့ပါတယ်။

သူမွေးဖွားကြီးပြင်းလာခဲ့တဲ့ Tango မြို့မှာ အိမ်ခြေမဲ့ မိသားစုတွေ အများကြီးရှိတာကို သိထားခဲ့တဲ့ မန်နီပတ်ကွီယိုဟာ

သူ့ရဲ့ ဝင်ငွေတွေထဲက တစ်စိတ်တစ်ဒေသကို အိမ်ခြေမဲ့တွေအတွက် ခိုလှုံရာ အိမ်လေးတွေ ဆောက်ပေးခဲ့တာပါ။

သူ့ရဲ့ လူသားဆန် လွန်းတဲ့ ကူညီမှုကြောင့် မိသားစုပေါင် ၁၀၀၀ ကျော်ဟာ လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ ကိုယ်ပိုင်အိမ်လေးတွေကို ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။

(၂) တိရစ္ဆာန်လေးတွေကို စောင့်ရှောက်ဖို့ စစ်ဒဏ်ကြောင့်ပျက်စီးခဲ့တဲ့ အလက်ပိုမြို့ပျက်ကြီးထဲမှာ ဆက်လက်နေထိုင်ခဲ့တဲ့ ဆီးရီးယားအမျိုးသား

Alaa Jalee ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ ရည်ရွယ်ချက်တစ်ခုကြောင့် သူ့ရဲ့ နေ့စဉ်နေ့တိုင်းမှာ အသက် အန္တရာယ်ကိုတောင်မမှုဘဲ မြို့ပျက်ထဲမှာ နေထိုင်လျက်ရှိပါတယ်။

သူ့ရဲ့ အိမ်နီးချင်းတွေ၊ မိသားစုတွေနှင့် မိတ်ဆွေတွေစတဲ့ လူတွေအကုန်လုံး မြို့လေးကို စွန့်ခွာခဲ့ကြပေမယ့်

သူကတော့ ထွက်သွားကြတဲ့ လူတွေ စွန့်ပစ်ခဲ့တဲ့ အိမ်မွေး တိရစ္ဆာန်လေးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ ကိုရွေးချယ်ပြီး မြို့လေးမှာ ကျန်ရစ်ခဲ့ပါ တယ်။

မြို့ကနေ ထွက်သွားဖို့အတွက် စေခိုင်းခံရတဲ့ မိသားစုထဲက ကလေးမလေးတစ်ယောက်ရဲ့ ကြောင်လေး အပါအဝင် အိမ်မွေးတိရစ္ဆာန်ပေါင်း ၁၀၀ ကျော်ကို Alaa Jalee က ကြည့်ရှုစောင့်ရှောက်ပေးခဲ့ပါတယ်။

“ပြီးတော့ မင်းတို့ တစ်ချိန်ပြန်လာခဲ့ရင် မင်းရဲ့ ကြောင်လေးကို ငါပြန်ပေးမယ်လို့ ကတိပေးပါတယ်” လို့ ပြောခဲ့ပါတယ်။

(၃) မိစုံဖစုံမရှိတဲ့ ကလေးငယ်လေးတွေအတွက် အမျိုးကောင်းသားအသင်းကို ဖွဲ့စည်းပေးခဲ့တဲ့ ဆရာရဲ့ စေတနာ

ရေမွန်နယ်လ်ဆင်ဟာ တောင်ကယ်ရိုလိုင်းနားမှာရှိတဲ့ မူလတန်းကျောင်းမှာ ဆရာတစ်ယောက်ဖြစ်ပါတယ်။

သူ့ရဲ့ ကျောင်းသားတွေမှာ ကောင်းမွန်တဲ့ အပြုအမူတွေ မရှိတာကို တွေ့ခဲ့တဲ့ ဆရာက အမျိုးကောင်းသား အသင်းကို ဖွဲ့စည်းဖို့အတွက်အကြံရခဲ့တာဖြစ်ပါတယ်။

ဆရာက ကိုယ်ပိုင်အဝတ်စားကောင်းကောင်း မရှိတဲ့ ကလေးတွေ အတွက်အင်္ကျီတွေ၊ နက်ကတိုင် လည်စည်းတွေ၊ အ ဝတ်အစားတွေကိုဝယ်ပြီး ကလေးတွေကိုဘ ၀ သင်ခန်းစာတွေ စသင်ပေးခဲ့ပါတယ်။

အပတ်တိုင်းမှာကလေးတွေကို လည်စည်းကို ဘယ်လိုချည်နှောင်ရမယ်၊ ကိုယ့်ထက် အကြီးတွေကို ဘယ်လိုပြောဆိုရမလဲ။

ညီအစ်ကို မောင်နှမတွေ၊ မိခင်၊ဖခင်တွေနဲ့ ဆရာ၊ဆရာမတွေ ကို ဘယ်လို ဆက်ဆံရမလဲ အစရှိသဖြင့် ခေါင်းစဉ်တွေ ခွဲပေးပြီး ကလေးတွေကို လူကြီးလူကောင်းဆန်ဆန်ပြုမူ နေထိုင်တတ်အောင်သင်ကြားပေးပါတယ်။

“သူတို့ထဲကတော်တော်များများကအဖေမရှိတာကြောင့်အိမ်မှာ ယောက်ျား မရှိတဲ့အတွက် သူတို့တော်တော်များများ ရုန်းကန်နေရတယ်ဆိုတာငါသိတယ်။

ဒါကြောင့်သူတို့ကို ငါကြီးပြင်းလာပြီး သင်ပေးသင့်တဲ့အရာတွေကိုပဲ စဉ်းစားစေချင်တယ်” လို့နယ်လ်ဆင်က သူ့ရဲ့ ရည်ရွယ်ချက်ကို ပြောပါတယ်။

ဆရာ့ရဲ့ လူသားဆန်တဲ့ အကူအညီကြောင့် အမျိုးကောင်းသားလေးတွေ ပေါ်ထွက်လာမှာဖြစ်လို့ ဝမ်း သာစရာပါပဲ။

(၄) မိဘစွန့်ပစ်ခံကလေးလေးကို မျှော်လင့်ချက်တစ်ဖန်တောက်ပစေခဲ့တဲ့ ဒိန်းမတ်သူလေး

Anja Ringgren Loven ဟာ နိုင်ဂျီးရီးယားလမ်းပေါ်မှာ ဟိုဟိုဒီဒီ လျှောက်သွားပြီး အစာရေစာ ပြတ်လပ်နေတဲ့ နှစ်နှစ် အရွယ်ကလေးငယ်လေးကို ရှာတွေ့ခဲ့ပါတယ်။

အဲဒီကလေးလေးကို ကူညီဖို့အတွက် စဉ်းစာမိခဲ့ပြီး ကလေးငယ်လေးကို မျှော်လင့်ချက်တွေ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပါယ်နှင့် Hope လို့ နာမည်ပေးခဲ့ပါတယ်။

Hope လေးကို သူ့ရဲ့ မိသားစုက စုန်းအဖြစ် မွေးလာတယ်လို့ ထင်ပြီး စွန့်ပစ်ခဲ့တာပါ။

လမ်းသွားလမ်းလာ တွေက ကလေးကို ဂရုဏာသက်လို့ အစားကျွေးမွေးပေးကြတာကြောင့်သာ ကလေးက အခုချိန် အသက်ရှင်ခဲ့ ရတာဖြစ်ပါတယ်။

Anja Ringgren Loven က Hope လေးကို မွေးစားခဲ့ပါတော့တယ်။

သူမနဲ့ သူမယောကျ်ား ဖြစ်သူတို့က မိဘမဲ့ဂေဟာကို တည်ထောင်ထားတာ ဖြစ်ပြီး Hope အပါအဝင်ကလေးငယ် ၃၄ဦးရှိတာလည်း ဖြစ်ပါတယ်။

ကလေးငယ်တွေကို ပြုစုစောင့်ရှောက်ဖို့ အတွက် အလှူငွေတွေလည်း ရှာဖွေနိုင်ခဲ့ပါတယ်။

Hope ရဲ့ ဓာတ်ပုံအယ်ဘမ်ကို ထုတ်ဝေခဲ့ပြီး ရောင်းချခဲ့ကာ ငွေ တစ်သန်းကျော်အထိ အလှူငွေ ရှာနိုင်ခဲ့ပါတယ်။

ကလေးလေး Hope ကတော့ အရင်ကလို အစားမစားရလို့ သေးကွေးပိန်လှီတဲ့ ခန္ဓာကိုယ်မဟုတ်တော့ဘဲ ဝဝကစ်ကစ်လေးနှင့် ချစ်ဖို့ကောင်းနေပါပြီ။

ကလေးငယ်လေးဘဝကို တစ်ဖန်ပြန်လည်ရှင်သန်စေတဲ့ ဒီလင် မယားရဲ့ စာနာစိတ်ဟာ အင်မတန်မှ လေးစားဖို့ ကောင်းလှတာလည်း ဖြစ်ပါတယ်။

(၅) ပြိုင်ဘက်ကို ကူညီဖို့ ရရှိမယ့်ဆုကိုတောင် စွန့်လွှတ်ခဲ့တဲ့ အပြေးပြိုင်ပွဲဝင် အမျိုးသမီး

အိုလံပစ်ပြိုင်ပွဲရဲ့ မီတာ ၅၀၀၀ ပြေးပွဲတစ်ခုမှာ Nikki Hamblin နှင့် Abbey D’Agostino တို့နှစ်ယောက်ဟာ ပန်းတိုင်ကို ရောက်ခါနီးမှာ နောက်ဆုံးမျဉ်းကြောင်း အလိုမှာ အပြိုင်အဆိုင် ဖြစ်နေကြပါတယ်။

ဒီအချိန်မှာပဲ မတော်တဆတစ်ခု ဖြစ်သွားတာကြောင့် Abbeyဟာ ပြိုင်ပွဲပြီးဆုံးခါနီးမှာ ချော်လဲသွားခဲ့ရပါတယ်။

ပုံမှန်အတိုင်း ဆို ပြိုင်ဘက် ချော်လဲသွားရင် ပန်းတိုင်ကို အမြန်ပြေးသွားပြီး ဆုကို အရယူမယ်လို့ ထင်ရပေမယ့် Nikki က အဲဒီလိုမလုပ်ခဲ့ပဲ ချော်လဲသွားခဲ့တဲ့ ပြိုင်ဘက်ကိုပဲ ကူညီခဲ့ပါတယ်။

နှစ်ယောက်အတူတူ ပြန်လည်ထကြပြီး ပန်းတိုင်ကိုလည်း အပြန်အလှန်ကူညီရင်း အတူတူပြေးခဲ့ကြပါတယ်။

ကစားပွဲမှာ သူတို့အတူတူ ဆုရသွားခဲ့ပြီး လူသားဆန်ခြင်းရဲ့ ကြည်နူးစရာ အခိုက်အတန့်ကိုလည်း အားလုံးကမြင်တွေ့ခဲ့ကြရပါတယ်။

(၆) မွေးနေ့ပါတီကို လာမယ့် သူငယ်ချင်းမရှိလို့ ဝမ်းနည်းနေတဲ့ ကောင်မလေးကို နှစ်သိမ့်ပေးတဲ့ လူတစ်ထောင်ကျော်ရဲ့မေတ္တာတရား

Hallee Sorenson ဆိုတဲ့ အော်တစ်ဇင်ခံစားနေရတဲ့ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ ၁၈ နှစ်ပြည့် မွေးနေ့ပွဲကို သူငယ်ချင်းတွေကို ဖိတ်ကြားခဲ့ပေမယ့် တစ်ယောက်မှာ ရောက်မလာခဲ့ကြပါဘူး။

ပျော်ရွင်စွာ အတူဆင်နွှဲပေမယ့် သူငယ်ချင်းမရှိတဲ့ Hallee Sorensonကို ကြည့်ပြီး Hallee Sorensonရဲ့ ဝမ်းကွဲမောင်နှမက တစ်ခုခုကို လုပ်မှဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နှင့်

Hallee Sorenson ရဲ့ ဓာတ်ပုံနှင့်အတူ မွေးနေ့ ဆုတောင်း ပေးဖို့အတွက် အင်တာနက်မှာ တင်ပြီး တောင်းဆိုခဲ့ပါတယ်။

မထင်မှတ်ထားခဲ့ပေမယ့် အင်တာနက်မှာ ဒီပုံ လေးက ပျံနှံ့သွားခဲ့ပြီး Hallee Sorenson အတွက် မွေးနေ့ဆုတောင်းစာစောင်တွေက တစ်သောင်းကျော် အထိကို လက်ခံရရှိခဲ့ပါတယ်။

မွေးနေ့ဆုတောင်းပေးတာ ဖြစ်ပေမယ့်လည်း လူသားဆန်တဲ့ အပြူအမူတစ်ခု ဖြစ်တာကြောင့်

မွေးနေ့ရှင်မကဘဲ ဘေးလူတွေအတွက်ပါ ရင်ထဲထိခဲ့တဲ့ ကူညီမှုတစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။

(၇) ဘွဲ့ အခမ်းအနားမတက်လိုက်ရဘဲ ယာဉ်တိုက်မှုကြောင့် ဆေးရုံရောက်နေတဲ့ သူအတွက်အမှတ်တရ ပြန်လည်ဖန်တီးပေးခဲ့သူများ

Scott Dunnဟာအထက်တန်းကျောင်း ပြီးမြောက်တဲ့ ဘွဲ့အခမ်းအနား မကျင်းပခင် ရက်ပိုင်းအလိုမှာ ကြီးမား တဲ့ ကားမတော်တဆမှုတစ်ခုကို ကြုံတွေ့ခဲ့ရပြီး ကိုမာဝင်ကာ သတိလစ်သွားခဲ့ရပါတယ်။

သူ သတိပြန်ရတဲ့ အခါမှာတော့ ဘွဲ့အခမ်းအနား ပြီးသွားတာကြောင့် သူ့ဘဝရဲ့ အမှတ်တရနေ့လေးတစ်ခုကို မဆင်နွှဲလိုက်ရ တော့ပါဘူး။

ဒါကြောင့်လည်း Scott Dunn တစ်ယောက် စိတ်ဓာတ်ကျသွားခဲ့ရပါတယ်။

ဒါပေမယ့်လည်း ကျောင်းအုပ်ကြီးက Scott Dunn ရဲ့ မိသားစုကို ဆက်သွယ်ပြီး ခင်ဗျားတို့ သားအတွက် ဘွဲ့အခမ်းအနား ပြန်လည်ကျင်းပပေးဖို့ အတွက် အစီအစဉ်ရှိပါတယ်လို့ ပြောလာခဲ့ပါတယ်။

Scott Dunn တို့ကျောင်းက ကျောင်းသားတွေကလည်း ဘွဲ့အခမ်းအနားကို ပြန်လည်တက်ရောက်ခဲ့ကြပြီး ပြန်လည်ကျင်းပခဲ့ကြပါတယ်။

Scott Dunnကတော့ သူ့စိတ်နှလုံးအိမ်ထဲအထိ ကြည်နူးမှုကို ခံစားရပြီး “ဒီလောက်အထိ လူအများကြီး ကျွန်တော့်ကို ကူညီကြတယ်ဆိုတာကို သိရတော့ ပြောစရာစကားမရှိတော့အောင်ကို ဖြစ်ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

(၈) ရိုးသားတဲ့ အပြုအမူကြောင့် အလုပ်နှင့် အိမ်ပါရရှိခဲ့တဲ့ ထိုင်းအိမ်ခြေမဲ့ အမျိုးသား

Woralop လို့ ခေါ်တဲ့ ၄၄ နှစ်အရွယ်ထိုင်းအမျိုးသားတစ်ယောက်ဟာ ဈေးကြီးတဲ့ ဘရန်းဒတ်ပိုက်ဆံ အိတ်ထဲ ထည့်ထားတဲ့ ခရက်ဒစ်ကတ်များနှင့် ဒေါ်လာ ၅၈၀ ခန့်ကို ကောက်ရခဲ့ပါတယ်။

အရမ်းဆင်းရဲတဲ့ သူတစ် ယောက်ဖြစ်တာကြောင့် သူ့ရဲ့ စားဝတ်နေရေးအတွက် ပိုက်ဆံအိတ်ထဲက ပိုက်ဆံကို ယူထားလိုက်ရင် ယူထား လိုက်နိုင်ပေမယ့်လည်း Woralop ကတော့ တစ်ပြားတစ်ချပ်တောင်မယူဘဲ ရဲစခန်းကို ကိုယ်တိုင်ပဲ သွားအပ် ခဲ့ပါတယ်။

ပိုက်ဆံအိတ်ရဲ့ ပိုင်ရှင်ကို ပြန်ရှာတွေ့တဲ့ အချိန်မှာတော့ ထိုပိုက်ဆံအိတ်ပိုင်ရှင်ဟာ စက်ရုံပိုင်ရှင် တစ်ယောက်ဖြစ်နေခဲ့ပြီး Woralop ရဲ့ ရိုးသားမှုကို အံ့သြနေခဲ့ပါတယ်။

ဒါကြောင့်လည်း Woralopကို သူ့ရဲ့ စက်ရုံမှာ အလုပ်ပေးခဲ့ပြီး နေစရာ အဆောင်ပါပေးခဲ့ပါတယ်။

တစ်လကို ဒေါ်လာ ၃၀၀ ကျော်အထိ လစာရပြီး ခိုလှုံစရာ နေအိမ်ပါ ရရှိသွားခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ လူသားဆန်တဲ့ စိတ်ဓာတ်ကြောင့် ရရှိလာတဲ့ ကံကောင်းမှု လို့ တင်စားရင် မှားမယ်မထင်ပါဘူး။

(၉) ရေခဲပြင်ထဲ နစ်နေတဲ့ ဒရယ်ကို ကူညီကယ်ဆယ်ပေးခဲ့တဲ့ အမျိုးသား

Ivan Drachev ဟာငါးမျှားထွက်လာရာမှ အပြန်လမ်းမှာ ရေခဲပြင်ထဲ နစ်နေလို့ ဒုက္ခရောက်နေတဲ့ ဒရယ်တစ်ကောင်ကို သတိထားမိခဲ့ပါတယ်။

ဒရယ်ကို ရေခဲပြင်ထဲက ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဒရယ်ဟာ ရေခဲပြင် ထဲကို အကြိမ်ကြိမ် ပြန်လည်ပြုတ်ကျခဲ့ပါတယ်။

ဒရယ်ကို ကယ်ဆယ်ဖို့ ကြိုးစာနေတဲ့ အမျိုးသားလည်း ရေခဲပြင်ထဲမှာ ဖြစ်တာကြောင့် အရမ်းကို ချမ်းနေပြီဖြစ်ပေမယ့် လက်မလျှော့ဘဲ ဒရယ်ကို ဆက်လက်ကယ်တင်ဖို့ ကြိုးစားပါတယ်။

အချိန်တွေတော်တော်ကုန်လွန်ခဲ့ပြီးမှ ဒရယ်ရဲ့ ဘေးမှာ အမျိုးသားက ဒူးထောက်ထိုင်ချလိုက်ပြီး ကယ်ဆယ်ဖို့ ကြိုးစားလိုက်တဲ့အခါမှသာ ဒရယ်လေးဟာ အသက်ဘေးကနေ လွတ်မြောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ချမ်းလွန်းတယ်..ကယ်ရခက်လိုက်တာ ဆိုပြီး ပစ်မထားခဲ့တဲ့ စိတ်ဓာတ်ကိုတော့ လေးစားဂုဏ်ပြုနေကြတာပဲ ဖြစ်ပါတယ်။

(၁၀) ဆင်းရဲပြီး အသက်ရွယ်ကြီးနေပြီဖြစ်တဲ့ ဆရာမတစ်ယောက်ရဲ့ အိမ်ကို ဝိုင်းဝန်းကူညီ ပြင်ဆင်ပေးခဲ့ကြတဲ့ အိမ်နီးနားချင်းများ

Anne Glancey ဟာ ပင်စင်ယူထားပြီး တစ်ယောက်တည်း နေထိုင်တဲ့ ဆရာမတစ်ယောက်ပါ။

တစ်နေ့မှာတော့ သူမထံကို မြို့နယ်ရဲ ထံက စာတစ်စောင်ရောက်လာခဲ့ပြီး သူမရဲ့ အိမ်ကို ပြင်ဆင်ဖို့နှင့် မပြင်ဆင်ဘဲ ဒီအတိုင်း ထားရင် ဒဏ်ငွေအဖြစ် တစ်နေ့ကို ဒေါ်လာ ၃၀၀၀ ကောက်မယ့် အကြောင်းပါရှိလာပါတယ်။

အဖွားအိုက တစ်ယောက်တည်း နေထိုင်နေတာဖြစ်လို့ သူ့မှာ ကူညီပေးမယ့် သူက မရှိရှာပါဘူး။

ဒါပေမယ့်လည်း နောက်နေ့ မှာတော့ အဖွားရဲ့ အိမ်နီးနားချင်းတွေဖြစ်တဲ့ လူငယ်တွေက ဦးဆောင်ပြီး အဖွားရဲ့ အိမ်လေးကို ဝိုင်းဝန်းပြီး တော့ ပြန်လည်ပြုပြင်ပေးခဲ့ကြပါတယ်။

ဒီဖြစ်ရပ်လေးကလည်း ကြားသိရတဲ့သူတွေကို ပီတိမျက်ရည်လည်စေတာပဲ ဖြစ်ပါတယ်။

(၁၁) တိရစ္ဆာန်လေးတွေကို ကယ်တင်ပေးဖို့အတွက် ကိုယ်တိုင် ချမှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်ခဲ့တဲ့ ကနေဒါလေကြောင်းလိုင်းများ

ကနေဒါနိုင်ငံရဲ့ လေကြောင်းလိုင်းများဟာ တိရစ္ဆာန်လေးတွေကို သယ်ဆောင်ဖို့အတွက် တားမြစ်ထားတဲ့ စည်းကမ်းတင်းကျပ်တဲ့ လေကြောင်းလိုင်းများ ဖြစ်ကြပါတယ်။

တိရစ္ဆာန်လေးတွေကို သယ်ဆောင်ချင်တဲ့ ခရီးသည်တွေအနေနှင့် အပိုစာရွက်စာတမ်းတွေ ပြုလုပ်ရပြီး ကာဂိုလိုင်းနဲ့သာ သယ်ဆောင် ရတာ ဖြစ်ပါ တယ်။

ဒီလို စည်းကမ်းတင်းကျပ်ခဲ့တဲ့ လေကြောင်းလိုင်းတွေဟာ ကနေဒါ မှာ မီးအကြီးအကျယ်လောင်တဲ့ အခါမှာတော့ တိရစ္ဆာန်လေးတွေကို မီးဘေးကနေ ကယ်ဆယ်ဖို့ အတွက် သူတို့ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက် ပြီး ကယ်တင်မှုတွေ ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

(၁၂) ၆ လတိုင်တိုင် စောင့်မျှော်နေခဲ့တဲ့ ခွေးလေးကို မွေးစားခဲ့တဲ့ လေယာဉ်မယ်

Olivia Sievers ဟာ ဗျူနိုအေးရိစ်ကို မကြာခဏ အလုပ်နှင့် သွားရတဲ့ ဂျာမနီသူ လေယာဉ်မယ်တစ်ဦးပါ။

သူမ အလုပ်ကြောင့် ဗျုနိုအေးရိစ်ကို ရောက်ရှိနေတဲ့အချိန် ဟိုတယ်ရှေ့မှာ ခွေးလေးတစ်ကောင်ကို တွေ့တာ ကြောင့် သူမက အစာရေစာကျွေးပေးခဲ့ပါတယ်။ ထိုအချိန်ကစပြီး ခွေးလေးက သူမ ဗျုနိုအေးရိစ်ကို ပြန်လာတိုင်း ဟိုတယ်ရှေ့မှာ စောင့်ကြိုနေလေ့ရှိပါတယ်။

ခွေးလေးကိုလည်း ရူဘီယိုလို့ နာမည်ပေးခဲ့ပြီး အဲဒီမြို့ကို ရောက်တိုင်း ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။ ရူဘီယိုနှင့် သူမရဲ့ ကြားထဲမှာ သံယောဇဉ်တွေ တွယ်နေပြီဆို တာကို သိတဲ့ Olivia Sievers ဟာ ရူဘီယိုကိုဂျာမနီကို ခေါ်သွားခဲ့ပြီး မွေးစားခဲ့ပါတော့တယ်။

ပရိသတ်တို့ရေ အလှူအတန်း ကြီးကြီးမားမားပြုလုပ်မှ မဟုတ်ဘဲ တစ်ဖက်လူကို ကူညီပေး လိုက်နိုင်တာကလည်း လူသားဆန်တဲ့ ကူညီမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။

အခုပြောပြပေးခဲ့တဲ့ ကူညီမှုတွေထဲမှာ ပရိသတ်တွေရဲ့ ရင်ကို လှုပ်ခတ်နိုင်ခဲ့တဲ့ ကူညီမှုတွေရှိရင်လည်း ပြန်လည်ပြောပြပေးခဲ့ပါအုံးနော်.။

ပရိသတ်တို့ကော ဘယ်လိုမျိုး လူသားဆန်တဲ့ အကူအညီတွေ ကူညီပေးခဲ့ဖူးလည်းဆိုတာ ပြန်လည်မျှဝေပေး ခဲ့ကြပါဦး။ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေနော်။

Credit-shwenyanshin

  • Leave a Comment

Categories