ငလျင်ကြောင့် ခြေထောက်များဆုံးရှုံးခဲ့ရတဲ့အပြင် ခင်ပွန်းကပါ ထားသွားခဲ့ပေမဲ့ ၉ နှစ်အကြာမှာတော့ ဘဝအသစ်တစ်ခုကိုပြန်လည်စတင်နိုင်ခဲ့တဲ့ အမျိုးသမီး

၂၀၀၈ ခုနှစ် မေလမှာ တရုတ်နိုင်ငံရှိ Sichuan မြို့မှာ ငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများနှင့် သေဆုံးမှုများစွာရှိခဲ့ပါတယ်။ ၎င်းလူများစွာထဲမှ Liao Zhi အမည်ရှိအမျိုးသမီးတစ်ဦးဟာလည်း သူမရဲ့ ၁ နှစ်အရွယ်သမီးငယ် နှင့် သူမရဲ့ခြေထောက်နှစ်ဖက်စလုံးတို့ကိုပါ ဆုံးရှုံးခဲ့ရပါတယ်။ ဝမ်းနည်းစရာအဖြစ်အပျက်မဖြစ်ခင်မှာ Liao Zhi ဟာ Sichuan မြို့မှာ သူမရဲ့မိသားစုနှင့်အတူနေထိုင်ခဲ့ကြပြီး သူမရဲ့ဘဝကလည်း ပြီးပြည့်စုံနေခဲ့ပါတယ်။

ငလျင်ကြောင့် သူမရဲ့ကလေးကို ဆုံးရှုံးခဲ့ရတဲ့အပြင် သူမရဲ့ခြေထောက်တစ်သျှူးများရှိ ဆဲလ်များသေသွားခဲ့တာကြောင့် သူမဟာ necrosis ရောဂါကို ခံစားခဲ့ရပါတယ်။ ထို့ကြောင့် သူမရဲ့ခြေထောက်များကို ဖြတ်တောက်လိုက်ရပါတယ်။ Liao Zhi ဟာ dancer နှင့် အကဆရာမအဖြစ် အလုပ်လုပ်နေတာကြောင့် ထိုအရာက သူမဘဝအတွက် အကြီးမားဆုံးစိန်ခေါ်မှုတစ်ခု ဖြစ်သွားခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူကလည်း သူမရဲ့ခြေထောက်များကို ဖြတ်တောက်လိုက်ရပြီးနောက်မှာ သူမကိုအရင်လို မဆက်ဆံတော့ပါဘူး။ အတိတ်က ပြန်ပြင်လို့မရနိုင်တာကိုနားလည်နေတာကြောင့် Liao Zhi ဟာ လက်မလျှော့ဘဲ ရှေ့ဆက်နေခဲ့ရပါတယ်။ ထို့ကြောင့် သူမဟာ dancer နှင့် အကဆရာမတစ်ဦးအနေနှင့် သူမရဲ့ပန်းတိုင်ကို အမီလိုက်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ ၅ နှစ်အကြာမှာတော့ တရုတ်ပြည် Ya An မြို့မှာ နောက်ထပ်ငလျင်တစ်ခုထပ်မံ လှုပ်ခတ်ခဲ့ပါတယ်။

Loud Zhi ဟာ သူမခက်ခဲခဲ့တဲ့အချိန်ကိုသတိရသွားခဲ့ပြီးနောက် ခြေထောက်အတုတပ်ထားရတဲ့သူမဟာ Ya An မြို့သို့သွားပြီး စေတနာ့ဝန်ထမ်းအဖြစ် ဒုက္ခရောက်သူများကို ကူညီခဲ့ပါသေးတယ်။ သူမရဲ့ကြိုးစားအားထုတ်မှုနှင့်စာနာမှုတို့ကြောင့် သူမ အား လူအများက ချီးကျူးခဲ့ကြပါတယ်။

ခင်ပွန်းဖြစ်သူ နဲ့ ကွာရှင်းပြတ်စဲလိုက်ခြင်းက သူမ အား ပိုသန်မာတဲ့အမျိုးသမီးတစ်ဦးအဖြစ်သို့ပြောင်းလဲစေခဲ့ကြောင်းလည်း Loud Zhi က ပြောခဲ့ပါတယ်။ လက်ရှိမှာတော့ Loud Zhi ဟာ သူမရဲ့စစ်မှန်တဲ့အချစ်ကို ရှာတွေ့သွားခဲ့ပြီဖြစ်သလို သူမကို တန်ဖိုးထားလက်ခံပေးတဲ့ယောကျ်ားတစ်ယောက်နဲ့လက်ထပ်လိုက်ပြီဖြစ်ပြီး သူမဟာ အရင်ကထက် ပိုပျော်ရွှင်နေပြီဖြစ်ပါတယ်။

အင်တာနက်သုံးသွဲသူများက Loud ရဲ့အဖြစ်အပျက်ကို စိတ်မကောင်းဖြစ်ခဲ့ကြကာ သူမရဲ့အိမ်ထောင်ရေးအသစ်ကလည်း ယခင်ထက် ပိုကောင်းလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပြီး သူမအား နာမည်ကြီးသရုပ်ဆောင်မင်းသမီးတစ်လက်နှင့် တူကြောင်းလည်း ပြောခဲ့ကြပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment

Categories