ဓာတ်ပုံတစ်ပုံကနေ စကားပေါင်းများစွာကိုပြောနိုင်ပါတယ်။ အခြေအနေတွေအပေါ်ရိုက်ကူးထားတဲ့ တချို့ဓာတ်ပုံတွေဟာ ခံစားချက်အပြည့်ရှိတာကြောင့် ကြည့်လိုက်တာနဲ့ ရင်ထဲထိသွားမျိုးပါ။ တစ်ခါကြည့်လိုက်ရုံနဲ့ နှလုံးသားထဲအထိ စွဲမြဲကျန်ရစ်စေလောက်ခဲ့လောက်မယ့် ဓာတ်ပုံများကို ဖော်ပြပေးလိုက်ပါတယ်။
(၁)
ဝံပုလေမ ဟာ ကြောက်လို့ ဝံပုလွေထီးဘေးနားမှာ ပုန်းနေတယ်လို့ ထင်ရပါတယ်။ တကယ်တော့ တစ်ဖက် ဝံပုလွေက တိုက်ခိုက်လာမှာကို ဝံပုလွေမ ကာကွယ်ပေးနေတာပဲဖြစ်ပါတယ်.
(၂)
ကယ်ဆယ်ရေးဂေဟာမှာ နေနေစဉ်တွေ့ရတဲ့ အာဝုလေးနဲ့ မွေးစားမိဘရှာတွေ့ပြီးတစ်နှစ်အကြာ
(၃)
ကင်ဆာရောဂါဆိုးကို အနိုင်တိုက်နိုင်ခဲ့တဲ့ကလေး
(၄)
မော်တော်ဆိုင်ကယ်က အရှိန်ပြဒိုင်ခွက်လေးမှာ ကလေးပုံလေးကပ်ထားတဲ့ ဖခင်တစ်ဦး
(၅)
မျိုးဆက်အဆင့်ဆင့်
(၆)
အသက်ရှင်ကျန်ရစ်နေတဲ့ သူရဲကောင်းတစ်ဦး..အဘိုးကတော့ ၁၉၄၅ခုနှစ်က ဟစ်တလာရဲ့ Reichstag အဆောက်အဦးကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ စစ်သားတွေထဲမှာ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်ခဲ့သူဖြစ်ပါတယ်။
(၇)
ပထမပုံနဲ့ဒုတိယပုံတို့ကို ရိုက်ကူးချိန်က ရှစ်လကွာခြားပါတယ်။
(၈)
ကြင်နာမှု
(၉)
ဆိုက်ဘီးရီးယား တောအုပ်ထဲတစ်ပတ်ကြာအောင် ပျောက်ဆုံးနေခဲ့ပြီးမှ ကံကောင်းလွန်းလို့ အသက်ရှင်စွာ ကယ်တင်ခံခဲ့ရတဲ့ မိန်းကလေး
(၁၀)
တစ်ခါတစ်လေ သင်အကျပ်အတည်းကျရောက်နေချိန် ကယ်တင်မယ့်သူက သင်မထင်မှတ်ထားတဲ့သူဖြစ်နေနိုင်ပါတယ်။
(၁၁)
အလေးချိန် ၅၀၀ ဂရမ်လေးနဲ့ မွေးဖွားလာခဲ့တဲ့ ကလေးငယ်လေးဟာ ကျန်းမာစွာနဲ့ ပဲ အသက်ရှင်ကြီးပြင်းခဲ့ပါတယ်။
(၁၂)
မင်းသမီးလေးရဲ့ရထားလုံးလေး
(၁၃)
မိုးရွာနေတာကြောင့် ဂိုးသမားကလေးငယ်ကို ထီးဆောင်းပေးနေတဲ့ ဦးလေး
(၁၄)
မျက်စိမမြင်တဲ့ လူတစ်ဦးဟာ သူ့ရဲ့လမ်းပြခွေးလေးကို နွေးနွေးထွေးထွေးကို ဖက်ပေးနေတာပါ၊
(၁၅)
အသည်းအသန်ဖြစ်နေတာကြောင့် ဘွဲ့အခမ်းအနားမတက်နိုင်တဲ့ မိခင်ဘေးမှာပဲ ဘွဲ့ယူခဲ့တဲ့ သမီး
(၁၆)
မိခင်စိတ်က ခွဲခြားမှုမရှိပါဘူး။ ကလေးမြင်ရင်ကို ကြင်နာတတ်တာဟာ မိခင်စိတ်ပါပဲ။
(၁၇)
ကိုယ်အားပေးတဲ့ အားကစားသမားရဲ့ အောင်မြင်မှုကို ပျော်ရွှင်နေတဲ့ ဆေးရုံပေါ်က ကလေးငယ်
(၁၈)
တစ်မူထူးခြားတဲ့ မိသားစုလေး..ကလေးသုံးယောက်လုံးဟာ 08.08.08, 09.09.09 နဲ့ 10.10.10. တို့မှာ မွေးခဲ့ကြတာပဲဖြစ်ပါတယ်။
(၁၉)
ဟူးမန်းက နွေးထွေးမှုကိုဖန်တီးပေးလို့ ဟူးမန်းကို နွေးထွေးတဲ့အကြည့်လေးနဲ့ ပြန်ကြည့်နေတဲ့ အာဝုလေး
(၂၀)
တိလေးနဲ့ဟူးမန်းလေးတို့ရဲ့ အပြန်အလှန်နားလည်မှု
(၂၁)
အဆုံးထိလက်တွဲမဖြုတ်ကြဘူး။
(၂၂)
၂၀၁၀ခုနှစ်က တောင်ကိုရီးယားနိုင်ငံသား ၄၃၆ယောက်ကို မြောက်ကိုရီးယားသို့ သုံးရက်တာ အလည်သွားခွင့်ပေးခဲ့ပြီး ကိုရီးယားစစ်ပွဲကတည်းက ကွဲကွာခဲ့ကြတဲ့ အမျိုးတွေကိုနှုတ်ဆက်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် သုံးရက်ပြည့်သွားတော့ နှုတ်ဆက်ခွဲခွာခဲ့ကြရတာပါပဲ။ ခွဲခွာခြင်းကို မမုန်းတဲ့သူ ရှိပါ့မလား။
(၂၃)
ပါကစ္စတန်ရှိ ဘာသာရေးကျောင်းတစ်ခုမှာ တက်ရောက်နေတဲ့ ၄နှစ်အရွယ်ကလေး..ဘယ်လိုအရာတွေကို ဖြတ်သန်းနေရပါစေ ဘဝကတော့ ဆက်သွားရမှာပဲမဟုတ်လား
(၂၄)
အကိုဖြစ်သွားပြီဖြစ်တဲ့ ကလေးလေး
(၂၅)
မေမေ့ရဲ့အချစ်..ဂျာမနီက တိရစ္ဆာန်ရုံမှာမွေးလာခဲ့တဲ့ ဂေါ်ရီလာလေး
(၂၆)
ချစ်ခြင်းတရားထပ် စွမ်းအားကြီးတာ ရှိပါ့မလား
(၂၇)
သစ္စာရှိတဲ့ သူငယ်ချင်းလေး
(၂၈)
ကုန်လွန်သွားခဲ့ပြီဖြစ်တဲ့ အချိန်တွေ
(၂၉)
စစ်သားတစ်ယောက်က သူ့မိန်းမနဲ့ဗိုက်ထဲက ကလေးငယ်ကို ပွေ့ဖက်နေတာပါ။
(၃၀)
နောက်ဆုံးသောအချိန်ထိ တည်မြဲနေတဲ့ အချစ်တွေ
(၃၁)
ပုံမှန်မဟုတ်တဲ့ ခရီးသည်
အခုဖော်ပြပေးခဲ့တဲ့ဓာတ်ပုံတွေက ပရိသတ်တွေရဲ့ရင်ဘက်ထဲကို နက်နက်ရှိုင်းရှိုင်း ခံစားမိစေခဲ့ရဲ့လား။ ကိုယ့်ရဲ့ခံစားချက်လေးတွေကိုလည်း ပြောပြပေးခဲ့ကြပါအုံး။
Credit-Shwe Nyan Shin