လမ်းဘေးမှာ အလွန်အမင်းအာဟာရချို့တဲ့ ကလေးတစ်ဦးကို စွမ်းအားပြည့်ဝတဲ့ သူတစ်ယောက်အဖြစ် ပြန်လည်ကယ်တင်နိုင်ခဲ့တဲ့ အကြင်နာတရားရှိသူများ

Land of Hope တည်ထောင်သူ Anja Ringgren Lovén က စိတ်ပျက်စရာသတင်းတစ်ပုဒ်ကို တင်ပြလာခဲ့ပါတယ် ။ နိုင်ဂျီးရီးယားနိုင်ငံ Akwa Ibom ပြည်နယ်၊ Uyo လမ်းမပေါ်က ကိုယ်တုံးလုံးနဲ့ ကောင်လေးတစ်ယောက်ပုံကို သရုပ်ဖော်တဲ့ ဗွီဒီယိုဖိုင်တစ်ခုကို လူတစ်ယောက်က Anja ကို Tag ပြီး ဝေမျှခဲ့ပါတယ် ။ ထိုဝေမျှခဲ့တဲ့သူက Anja ကို ၎င်းကလေးငယ်အား ကယ်ဖို့ တောင်းပန်ခဲ့ပါတယ် ။ သူမက ထိုအချိန်မှာ သူမရဲ့ ဇာတိမြေ ဒိန်းမတ်နိုင်ငံမှာ ရှိနေစဉ် Anja က နိုင်ဂျီးရီးယားရှိ သူမရဲ့ အဖွဲ့သို့ SOS တစ်ခု ပို့ခဲ့ပါတယ် ။

ကလေးသူငယ်ဖွံ့ဖြိုးမှုစင်တာရဲ့ဒါရိုက်တာ Nsidibe Orok၊ အနုပညာဆရာ Joeberry Bassey နဲ့ နိုင်ဂျီးရီးယားသတင်းထောက် Ruth Bessong Essien တို့ဟာ အွန်လိုင်းပေါ်မှာ ဗီဒီယိုကိုပထမဆုံးဝေမျှခဲ့တဲ့သူကို ရှာဖွေဖို့ ပူးပေါင်းခဲ့ပါတယ် ။ Anja ရဲ့ အဆိုအရ ကလေးလေးကို တွေ့တဲ့အခါ ကလေးက အလွန်အာဟာရချို့တဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေခဲ့ပါပြီ ။

ကလေးသူငယ်ဖွံ့ဖြိုးရေးစင်တာရဲ့ ဒါရိုက်တာ Nsidibe က ကောင်လေးကို သူရဲ့အမှုကို တိုင်ကြားရန် ဒေသခံရဲစခန်းသို့ ခေါ်ဆောင်သွားပါတယ် ။ ဥပဒေလုပ်နည်းများပြီးစီးပြီးနောက် သူ့ကိုဆေးရုံသို့ ခေါ်ဆောင်သွားပြီး နောက်ပိုင်း ကောင်လေးမှာ ငှက်ဖျားရောဂါ၊ တိုက်ဖွိုက်၊ ပိုးများနဲ့ အရေပြားရောဂါအမျိုးမျိုးတို့တွေ့ ရှိခဲ့ပါတယ် ။

သူစကားမပြောနိုင်တာကြောင့် ကယ်ဆယ်ရေးသမားများက သူရဲ့ မူလနာမည် (သို့) ဘယ်နေရာမှာနေထိုင်သလဲဆိုတာတို့ မသိခဲ့ရပါဘူး ။ ဒါ့ကြောင့် သူတို့က ကောင်လေးကို “ Life ” လို့ စတင်ခေါ်ဝေါ်ခဲ့ကြပါတယ် ။

“ `Life´ ရဲ့ အဓိပ္ပာယ်ဟာ အလွန်နက်နဲပြီး အစသစ်ကို ကိုယ်စားပြုတယ် ။ အသက်ကို ကယ်နိုင်ခဲ့ပြီ။ ဒါကြောင့် သူ့ကို ` Life ´လို့ နာမည်ပေးဖို့ ငါတို့ အရမ်းလွယ်ခဲ့တယ်။ ” လို့ Anja က ရှင်းပြပါတယ် ။ Life က ကြောက်ရွံ့ခြင်း၊ လမ်းများပေါ်တွေမှာ ကြာရှည်စွာနေထိုင်ခြင်းမှ အချို့သောအကျင့်စရိုက်များကို ပြုမှုနေသေးပါတယ် ။

လမ်းများမှ ကယ်ဆယ်ခံရပြီး ကိုးလအကြာမှာ Life ဟာ ပြန်လည် ပြုံးရန် သင်ယူခဲ့တယ်လို့ Anja က ဆိုပါတယ် ။ သူက Nsidibe နဲ့ စင်တာမှကလေး ၈၀ အနက် ၁၀ ယောက်ခန့်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်ခဲ့ပြီး စိုက်ပျိုးရေး ဝန်ထမ်း Clementine ကို ပန်းဥယျာဉ်မှာ ရေလောင်းကူညီပေးလိုခဲ့ပါတယ် ။

Anja က “ ကောင်လေးရဲ့အသွင်ပြောင်းမှုဟာ စိန်ခေါ်မှုတစ်ခုဖြစ်ပေမယ့် သူ့အတိတ်ကို ပြန်စဉ်းစားတဲ့အခါမှာ ဝမ်းနည်းစရာလည်းကောင်းသလို အံ့သြဖို့လည်းကောင်းပါတယ် ” လို့ ဆိုခဲ့ပါတယ် ။ ကလေးငယ်တစ်ဦးရဲ့ အနာဂါတ်ခရီးမှာ ပါဝင်ခွင့်ရတဲ့ အတွက် အလွန်ပျော်ရွှင်တယ်လို့ Anja က ထပ်မံပြောဆိုခဲ့ပါတယ် ။

JRose (Mckzone Daily)

Source : theepochtimes

  • Leave a Comment

Categories