ဆီနီဂေါအမျိုးသားတစ်ယောက်ဟာ စာညံ့တဲ့ချစ်သူကောင်မလေးကိုယ်စား အမျိုးသမီးတစ်ယောက်လို ဝတ်စားဆင်ယင်ပြီး စာမေးပွဲသွားရောက် ဖြေပေးခဲ့တဲ့အတွက် သက်ဆိုင်ရာက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ အဆိုပါအမျိုးသားဟာ သူ့ကောင်မလေးနဲ့တူအောင် တော်တော်လေး ကြိုးကြိုးစားစား ရုပ်ဖျက်ထားပေမယ့် နီးနီးစပ်စပ်ကို မတူညီဘဲ ကွဲလွဲနေခဲ့တာပါ။
ဒါပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ စာမေးပွဲ(၄)ရက်မြောက်နေ့မှသာ ရိပ်မိသိရှိခဲ့တာပါ။ အဲဒီအမျိုးသားအမည်ကတော့ Khadim Mboup ဖြစ်ပြီး အသက်(၂၂)နှစ်အရွယ် ကျောင်းသားဖြစ်ပါတယ်။ ဖြေဆိုခဲ့တဲ့စာမေးပွဲကတော့ အင်္ဂလိပ်ဘာသာရပ်နဲ့ ပတ်သက်တဲ့စာမေးပွဲဖြစ်ပြီး၊ (၄)ရက်မြောက်နေ့မှာတော့ သူ့အလိမ် ပေါ်သွားပါတယ်။
သူ့ရဲ့ချစ်သူ Gangue Dioum ကတော့ အသက်(၁၉)နှစ်ဖြစ်ပြီး၊ အင်္ဂလိပ်ဘာသာရပ် စကေးပိုင်းမှာ ညံ့တဲ့အတွက် ဒီအထက်တန်းစာမေးပွဲကို မအောင်နိုင်ဘူးလို့ စိုးရိမ်နေခဲ့ပါတယ်။ ဒါကို သူရဲကောင်း Khadim က ကူညီဖို့ ဆုံးဖြတ်ခဲ့ပြီး၊ သူကတော့ အထက်တန်းစာတွေကို အတန်အသင့် ရတယ်လို့ ဆိုပါတယ်။
သူဟာ Saint Louis မြို့အနီးက Gaston Berger University တက္ကသိုလ်ကို တက်ရောက်နေသူဖြစ်ပြီး၊ အခုလို မသမာမှုလုပ်ရပ်ကြောင့် သူ့ ကျောင်းသားဘဝကိုပါ ထိခိုက်နိုင်လို့ အတော်လေး နောင်တရနေပါသတဲ့။ ဒါပေမယ့် စာမေးပွဲခိုးဖြေပေးဖို့ ဆုံးဖြတ်ချက်ကို နှစ်ယောက်သား စိတ်တူကိုယ်တူ လုပ်ခဲ့တာဖြစ်ပြီး-
Dioum ရဲ့အဝတ်အစား မတော်မလျှော်တွေကို Khadim က ဝတ်ဆင်ခဲ့တာပါ။ စတုတ္ထမြောက်နေ့မှာ စာမေးပွဲကြီးကြပ်သူတစ်ဦးက ရိပ်မိပြီးနောက် ရဲလက်ကို အပ်ခဲ့ပါတယ်။ သူကတော့ ရဲအရေးပိုင်အမှုနဲ့ အရေးယူခံခဲ့ရပြီး၊ Dioum ကတော့ နိုင်ငံအတွင်းကျင်းပတဲ့ နိုင်ငံ့အဆင့်စာမေးပွဲများကို (၅)နှစ်အတွင်း ဝင်ရောက်ဖြေဆိုခွင့် မပြုကြောင်း ဆုံးဖြတ်ခံခဲ့ရပါတယ်။
Credit-လင်းသူရိန်
Ref ; LadBible
Zawgyi
စာညံ့တဲ့ခ်စ္သူရဲ႕ကိုယ္စား ႐ုပ္ဖ်က္ၿပီး စာေမးပြဲေျဖခဲ့တဲ့အမ်ိဳးသား လက္ထိပ္နဲ႔ညား
ဆီနီေဂါအမ်ိဳးသားတစ္ေယာက္ဟာ စာညံ့တဲ့ခ်စ္သူေကာင္မေလးကိုယ္စား အမ်ိဳးသမီးတစ္ေယာက္လို ဝတ္စားဆင္ယင္ၿပီး စာေမးပြဲသြားေရာက္ ေျဖေပးခဲ့တဲ့အတြက္ သက္ဆိုင္ရာက ဖမ္းဆီးခဲ့ေၾကာင္း သိရပါတယ္။ အဆိုပါအမ်ိဳးသားဟာ သူ႔ေကာင္မေလးနဲ႔တူေအာင္ ေတာ္ေတာ္ေလး ႀကိဳးႀကိဳးစားစား ႐ုပ္ဖ်က္ထားေပမယ့္ နီးနီးစပ္စပ္ကို မတူညီဘဲ ကြဲလြဲေနခဲ့တာပါ။
ဒါေပမယ့္ သက္ဆိုင္ရာ တာဝန္ရွိသူေတြဟာ စာေမးပြဲ(၄)ရက္ေျမာက္ေန႔မွသာ ရိပ္မိသိရွိခဲ့တာပါ။ အဲဒီအမ်ိဳးသားအမည္ကေတာ့ Khadim Mboup ျဖစ္ၿပီး အသက္(၂၂)ႏွစ္အ႐ြယ္ ေက်ာင္းသားျဖစ္ပါတယ္။ ေျဖဆိုခဲ့တဲ့စာေမးပြဲကေတာ့ အဂၤလိပ္ဘာသာရပ္နဲ႔ ပတ္သက္တဲ့စာေမးပြဲျဖစ္ၿပီး၊ (၄)ရက္ေျမာက္ေန႔မွာေတာ့ သူ႔အလိမ္ ေပၚသြားပါတယ္။
သူ႔ရဲ႕ခ်စ္သူ Gangue Dioum ကေတာ့ အသက္(၁၉)ႏွစ္ျဖစ္ၿပီး၊ အဂၤလိပ္ဘာသာရပ္ စေကးပိုင္းမွာ ညံ့တဲ့အတြက္ ဒီအထက္တန္းစာေမးပြဲကို မေအာင္ႏိုင္ဘူးလို႔ စိုးရိမ္ေနခဲ့ပါတယ္။ ဒါကို သူရဲေကာင္း Khadim က ကူညီဖို႔ ဆုံးျဖတ္ခဲ့ၿပီး၊ သူကေတာ့ အထက္တန္းစာေတြကို အတန္အသင့္ ရတယ္လို႔ ဆိုပါတယ္။
သူဟာ Saint Louis ၿမိဳ႕အနီးက Gaston Berger University တကၠသိုလ္ကို တက္ေရာက္ေနသူျဖစ္ၿပီး၊ အခုလို မသမာမႈလုပ္ရပ္ေၾကာင့္ သူ႔ ေက်ာင္းသားဘဝကိုပါ ထိခိုက္ႏိုင္လို႔ အေတာ္ေလး ေနာင္တရေနပါသတဲ့။ ဒါေပမယ့္ စာေမးပြဲခိုးေျဖေပးဖို႔ ဆုံးျဖတ္ခ်က္ကို ႏွစ္ေယာက္သား စိတ္တူကိုယ္တူ လုပ္ခဲ့တာျဖစ္ၿပီး-
Dioum ရဲ႕အဝတ္အစား မေတာ္မေလွ်ာ္ေတြကို Khadim က ဝတ္ဆင္ခဲ့တာပါ။ စတုတၳေျမာက္ေန႔မွာ စာေမးပြဲႀကီးၾကပ္သူတစ္ဦးက ရိပ္မိၿပီးေနာက္ ရဲလက္ကို အပ္ခဲ့ပါတယ္။ သူကေတာ့ ရဲအေရးပိုင္အမႈနဲ႔ အေရးယူခံခဲ့ရၿပီး၊ Dioum ကေတာ့ ႏိုင္ငံအတြင္းက်င္းပတဲ့ ႏိုင္ငံ့အဆင့္စာေမးပြဲမ်ားကို (၅)ႏွစ္အတြင္း ဝင္ေရာက္ေျဖဆိုခြင့္ မျပဳေၾကာင္း ဆုံးျဖတ္ခံခဲ့ရပါတယ္။
Credit-လင္းသူရိန္
Ref ; LadBible