အပျော်တွေကူးစက်သွားရမယ့် အပျော်ရွှင်ဆုံးနေ့ရက်တွေကို ပိုင်ဆိုင်ခဲ့ကြသူများ (ဓာတ်ပုံ ၂၈ ပုံ)

ကျွန်မတို့ လူတစ်ယောက်ချင်းစီဟာ အပျော်ရွှင်ရဆုံး‌ေန့ရက်တွေကို အသေးစိတ်ကအစ မှတ်မိနေတတ်ကြပါတယ်။ ကိုယ်ချစ်ရတဲ့သူနဲ့ပေါင်းဖက်ရတာ၊က‌ေလးမွေးတဲ့နေ့ အစရှိသဖြင့်ဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့်ဓာတ်ပုံတွေကလည်း အပျော်ရွှင်ရဆုံး နေ့ရက်တွေကို ပိုင်ဆိုင်ခဲ့ရသူတို့ရဲ့ ဓာတ်ပုံတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့အပျော်လေးတွေကိုကြည့်ရင် ကိုယ့်ပါလိုက်ကြည်နူးနိုင်တာမလို့ ဆက်လက်ကြည့်ရှုလိုက်ကြပါအုံးနော်။

(၁)

နောက်တကြိမ်လေယာဉ်ဘွတ်ကင်တင်ပြီးနောက်မှာ သက်သောင့်သက်သာရှိတဲ့အနှိပ်ခုံ၊အဆင့်အတန်းမြင့် ဝန်ဆောင်မှုများနဲ့စားစရာသောက်စရာများကို သုံးဆောင်နိုင်တဲ့ ‌business classကိုရခဲ့တဲ့ စုံတွဲ

(၂)

အသက်ကြီးလာတဲ့တလျှောက်လုံး တစ်ခါမှအဖမ်းမခံရဘူးလို့ အဖမ်းခံချင်တဲ့ ၉၉နှစ်အရွယ် အဘွားရဲ့ဆန္ဒကို ဖြည့်ပေးခဲ့တဲ့ ရဲများ။ အဘွားကို 2မိနစ်ပဲဖမ်းခဲ့တာပါ။

(၃)

စေ့စပ်ပြီးတာ‌ကြောင့်အလွန်ပျော်ရွှင်နေတဲ့ စုံတွဲ

(၄)

2 နှစ်ကြာအလုပ်ရှာပြီးမှ အလုပ်ရလို့ပျော်ရွှင်နေတဲ့အမျိုးသမီး

(၅)

ကားမတော်တဆမှုဖြစ်ခဲ့တဲ့ ပရိတ်သတ်ကလေးလေးကို စပိုက်ဒါမန်းမူရင်းစာအုပ်တွေကို လက်ဆောင်ပေးခဲ့တဲ့စာရေးသူ

(၆)

သမီးဖြစ်သူရဲ့ မွေးနေ့ကို ဘယ်သူ့နဲ့မှမတူဘဲ တစ်မျိုးလေးဆန်းချင်တဲ့ဆန္ဒကို ဖြည့်ဆည်း‌‌ေပးခဲ့တဲ့မိဘနှစ်ပါး..ကလေးလေးမွေးနေ့ဆန္ဒကတော့ ပူဖောင်းနဲ့ကိတ်မုန့်ကိုသာ ကြည့်လိုက်ပါတော့

(၇)

25 နှစ်ကြာ အိမ်ခြေရာမဲ့ဖြစ်ခဲ့ပေမယ့် အလှပြင်ဆိုင်ပိုင်ရှင်က သတိထားမိခဲ့ပြီး သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်ပေးခဲ့ကာ အလုပ်ပါရှာပေးခဲ့ပါတယ်။ အိမ်ခြေရာမဲ့ အမျိုးသားအတွက်တော့ မမျှော်လင့်ထားပဲ အလွန်ပျော်ရွှင်ရတဲ့ ပြောင်းလဲမှုကိုကြုံတွေ့လိုက်ရတာပါပဲ

(၈)

မျက်စိမမြင်တဲ့ကောင်လေး ကြောင်ကို ပထမဆုံး ထိတွေ့ရတဲ့အချိန်

(၉)

မေမေ့ကိုမြင်လို့ ပျော်ရွှင်နေတဲ့ဘေဘီလေး

(၁၀)

ကိုယ်နဲ့လုံးဝမရင်းနှီးတဲ့ လူတစ်စုက သူတို့ရဲ့သူငယ်ချင်းအစား စပိန် ကို အလည်လိုက်ခဲ့ပေးဖို့ ဖိတ်ခေါ်ခံခဲ့ရတဲ့ ကံကောင်းလွန်သူတစ်ဦး…တကယ်တော့ ခရီးစဉ်ကိုမလိုက်ဖြစ်တဲ့ သူနဲ့ နာမည်ချင်းသွားတူနေတာက ကံကောင်းတယ်ပြောရပါမယ်။

(၁၀)

အရောင်အမှန်တွေကို မြင်နိုင်စွမ်းမရှိပေမယ့် ဒီအရွယ်ရောက်မှ ပထမဆုံး မြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

(၁၁)

မင်္ဂလာဓာတ်ပုံ ရိုက်ကူးနေစဉ်မှာ Tom Hanks ဖြတ်သွားခဲ့လို့ အတူတူဓာတ်ပုံတွဲရိုက်ခွင့် ရသွားခဲ့တဲ့စုံတွဲ

(၁၂)

မြင်ကွင်းအတုအယောင်မျက်မှန်ကိုတပ်ပြီး မျက်နှာကျက်မှာပေါ်နေတဲ့ နဂါးကြီးကိုကြည့်ကာ ပျော်ရွှင်နေတဲ့ 93 နှစ်အရွယ်အဖွား

(၁၃)

ဖေဖေမေမေနဲ့ဘေဘီလေးတို့ရဲ့ပထမဦးဆုံးဓာတ်ပုံ

(၁၄)

ဆယ်နှစ်ကြာပြီးမှ ဇနီးဖြစ်သူကိုပထမဦးဆုံး မြင်တွေ့ခဲ့ရတဲ့ မျက်မမြင် အဘိုး..

(၁၅)

ဂီတပွဲတော်က ကံကောင်းလွန်းတဲ့ ကောင်လေး

(၁၆)

ဂျက်ပေါ့ဆုကြီးပေါက်သွားတဲ့ ကလေးလေး‌..ဘယ်လောက်ပျော်နေလဲဆိုတာ သူ့မျက်နှာသာကြည့်ပါတော့

(၁၇)

မြောင် ဘယ်လောက်သာကံကောင်းလိုက်လဲ…ငါးပုံကြီးနဲ့အိပ်နေရတာ ဟီးဟီး

(၁၈)

ခြေဖ‌နှောင့် နှစ်ဖက်လုံးခွဲစိတ်မှုလုပ်ပြီး နှစ်လအကြာ …ကိုယ့်ခြေထောက်ပေါ်ပြန်ရပ်လို့ရတာ ဘယ်လောက်ပျော်ရွှင်စရာကောင်းလိုက်သလဲ

(၁၉)

ပင်ပန်းပေမယ့်လည်း ပျော်စရာကောင်းပါတယ်

(၂၀)

မုန်တိုင်းကျပြီးနောက် 16 ရက်အကြာမှာ သူမရဲ့‌ေကြာင်လေးကို အသက်ရှင်လျက် ပြန်တွေ့ခွင့်ရခဲ့တဲ့ အမျိုးသမီး

(၂၁)

မျက်နှာပေါ်က အသားအရေပြဿနာတွေအားလုံး ပြေလည်သွားတဲ့နေ့က ပြောပြလို့မရအောင်ကို ၀မ်းသာဖို့ကောင်းပါတယ်။

(၂၂)

သူငယ်ချင်းဖြစ်သူ ဆေးရုံကဆင်းလို့ အားရဝမ်းသာ လာကြိုကြတဲ့ သူငယ်ချင်းအုပ်စုလိုက်ကြီး

(၂၃)

ဆော့စရာ လက်ထဲရောက်လို့ကတော့ မြောက်တို့ မပျော်ဘဲရှိပါ့မလား

(၂၄)

အမွှာလေးနှစ်ယောက် မွေးပြီးတဲ့ခံစားချက်

(၂၅)

ကလေးမွေးစားခွင့်ကို နောက်ဆုံးတော့ တရားသူကြီးကခွင့်ပြုလိုက်ပါပြီ။

(၂၆)

အရပ် ၁၉၀ စင်တီမီတာတောင် ရှည်လျာပေးမယ့် ဒီနေ့လေယာဉ်ထိုင်ခုံက ကံကောင်းစွာနဲ့ပဲ ဒူးနဲ့တိုက်မိမနေခဲ့ပါဘူး။

(၂၇)

ကာလအတန်ကြာ ဖခင်နဲ့ကွဲကွာနေရပြီးနောက် ပြန်တွေ့ရတဲ့ ခံစားချက်

(၂၈)

နှစ်ပေါင်းများစွာ ကြာမှ ပြန်တွေ့ကြတဲ့ သူငယ်ချင်းတို့

ပရိသတ်တို့ရော ဘဝမှာမရနိုင်တဲ့ ပျော်ရွှင်စရာအကောင်းဆုံးအမှတ်တရတွေရှိကြလား။ ရှိခဲ့ရင် အပျော်လေးတွေမျှဝေနိုင်ဖို့ ပြောပြပေးခဲ့ကြပါဦး။

Credit-Shwenyanshin

  • Leave a Comment

Categories