ကလေး ၂ယောက်နှင့် အသက်၃၆နှစ်အရွယ် ရှိပြီဖြစ်သော်လည်း အရွယ်တင်ကာ နုပျိုလှပနေဆဲဖြစ်သော လေယာဉ်မှူးမလေး

ဗီယက်နမ်နိုင်ငံမှ Vo Hong Hanhအမည်ရှိသော အသက် ၃၆နှစ်အရွယ် အမျိုးသမီးသည် တွဲဖက်လေယာဥ်မှုးတစ်ယောက်ဖြစ်ပြီး ဆွဲဆောင်မှုပြင်းသော အလှတရားတို့ကြောင့် နိုင်ငံခြားသားများကြားတွင် အတော်လေးရေပန်းခဲ့သည်။

အမျိုးသမီးသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ကလေး၂ယောက်ရှိသော်လည်း အသက် ၂၀ကျော်မိန်းကလေးလေးတစ်ယောက်လို ငယ်ရွယ်နုပျိုကာ အမြဲလန်းဆန်းတက်ကြွလျက်ရှိသည်။

အမျိုးသမီးသည် ဖြူဝင်းသော အသားအရည်ရှိပြီး အရွယ်တင်နုပျိုလွန်းသည့်အတွက် အလှအပရေးရာနှင့်ပက်သက်ပြီး ထိန်းသိမ်းထားနိုင်သော အချက်ကို သိချင်နေကြသည်။

အမျိုးသမီးမှ နေ့စဥ် လတ်ဆတ်သော အသီးအနှံ နှင့် ပျားရည်တို့ကို ပုံမှန်စားသုံးပြီး ဝိတ်တက်စေမည့် အစားအသောက်ကို တစ်ရက်စားပြီးလျှင် နောက်နေ့တွေမှာ အဆီလျှော့ပေးသည့် အစားအစာကို ပြန်လည်စားသုံးခြင်းဖြင့် ထိန်းသိမ်းထားကြောင်း ဆိုခဲ့သည်။

Hlaing (Love Feeling)

Zawgyi






Hlaing (Love Feeling)

  • Leave a Comment

Categories